
ဖေဖော်ဝါရီလ ၁၈ ရက်မှာ စတင်ရောင်းချမယ့် Xiaomi Redmi K50 Gaming မိတ်ဆက်
Xiaomi က တရုတ်ပြည်တွင်းဈေးကွက်အတွက် Redmi K50 Gaming ကို ၂၀၂၂ ဖေဖော်ဝါရီလ ၂၆ ရက်မှာ မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။
ယခင်နောက်ဆုံး ထုတ်လုပ်ခဲ့တဲ့ K40 Gaming ရဲ့ မျိုးဆက်သစ် K50 series ရဲ့ ပထမဆုံး ဂိမ်းစမတ်ဖုန်း ဖြစ်ပါတယ်။
Qualcomm ရဲ့ နောက်ဆုံးထုတ် flagship ဖြစ်တဲ့ Snapdragon 8 Gen 1 chipset သုံးထားပါတယ်။ အားသွင်းဖို့ 120W အမြန်အားသွင်း သုံးထားပါတယ်။
Xiaomi နှင့် Mercedes AMG Petronas Formula One Team တို့ရဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်ပြီး Mercedes AMG ပြိုင်ကားအဖွဲ့ရဲ့ တံဆိပ်နှင့် အရောင်ဖြင့် ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
ယမန်နှစ်က ထုတ်လုပ်ခဲ့တဲ့ K40 Gaming ဖုန်းနည်းတူ ဂိမ်းခလုတ်ကို ယာဘက်မှာ နေရာချထားပါတယ်။
အပူဖြေဖျောက်ပေးဖို့ Xiaomi ကဖွံ့ဖြိုးထုတ်လုပ်တဲ့ dual vapor chamber (VC) cooling system ထည့်ပေးထားပါတယ်။
Redmi K50 Gaming မှာ display က 6.67-လက်မ AMOLED သုံးထားပါတယ်။ refresh rate က 120Hz ဖြစ်ပြီး resolution က FHD+ ဖြစ်ပါတယ်။
ရှေ့ကင်မရာက 20MP Sony IMX 596 ဖြစ်ပြီး ကျောဘက်ကင်မရာတွေမှာ ပင်မကင်မရာက
64MP Sony IMX 686 ဖြစ်ပြီး 8MP ultrawide snapper နှင့် 2MP telemacro cam တို့နှင့် တွဲထားပါတယ်။
4,700mAh ဘက်ထရီ ထည့်ပေးထားပြီး 120W အမြန်အားသွင်း သုံးထားပါတယ်။ Xiaomi က ၁၇ မိနစ်ဖြင့် အားအပြည့် သွင်းတယ်လို့ ဆိုပါတယ်။ MOBA ဂိမ်းကစားနေစဉ် အားသွင်းတာ ၃၇ မိနစ်သာ ကြာပါတယ်။
Android 12 မှာ skin ကို MIUI 13 ဖြင့် လွှမ်းခြုံပေးထားပါတယ်။
WiFi 6E နှင့် NFC ပါဝင်ပါတယ်။

Xiaomi Redmi K50 Gaming အရောင်တွေက Dream color blue, silver နှင့် black တို့ ဖြစ်ပါတယ်။ Limited edition အဖြစ် Mercedes AMG F1 edition ကို ရနိုင်ပါတယ်။

ဈေးနှုန်းတွေက
8GB LPDDR5 RAM , 128GB UFS 3.1 storage က ယွမ် 3,299 ($520) ဖြစ်ပါတယ်။
12/128 GB version က ယွမ် 3,599($567) ဖြစ်ပြီး 12/256GB version က ယွမ် 3,899 ($615)ဖြစ်ပါတယ်။
limited-edition Mercedes AMG F1 က RAM 12GB, storage 256GB ဖြစ်ပြီး ယွမ် 4,199($662) ဖြစ်ပါတယ်။
တရုတ်ပြည်တွင်းမှာ ဖေဖော်ဝါရီလ ၁၈ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာအတွက် ဈေးနှုန်းများနှင့် ရောင်းချမယ့်ရက် မကြေညာသေးပါဘူး။