
ကြောင်ဂိမ်း Stray PS နှင့် PC ထွက်ရက်ကြေညာ

Stray က ကြောင်တစ်ကောင်ရဲ့ဘဝ၊ ကြောင်တွေအတွက်မဟုတ်တဲ့ ဘဝလောကထဲမှ ကြောင်ဂိမ်း ဖြစ်ပါတယ်။
PlayStation နှင့် PC တို့မှာ ၂၀၂၂ ဇူလိုင်လ ၁၉ ရက်မှာ ရောက်လာမယ်လို့ Sony ကထုတ်ပြန်ကြေညာထားပါတယ်။
Sony ရဲ့ PlayStation 5 ကို တရားဝင် ပြသတဲ့အခါ Stray ကုိလည်း ပြသခဲ့ပါတယ်။
PS ဂိမ်းစက်ဖြင့်သာမက PC နဲ့ပါ ကစားဖို့ ထုန်လုပ်လိုတာကြောင့် ၂၀၂၁ မှာ ထုတ်ဝေဖို့ အစီအစဉ်ကို နောက်ဆုတ်လိုက်တယ်။
French စတူဒီယို BlueTwelve ရဲ့ အဦးဆုံး ထုတ်လုပ်လိုက်တဲ့ ဂိမ်းလက်ရာမွန် ဖြစ်ပါတယ်။
Stray က ဇာတ်သိမ်းပိုင်းအထိရောက်အောင် စူးစမ်းလေ့လာရေးဂိမ်းတစ်ခုဖြစ်ပါတယ်။
ဂိမ်းကစားတဲ့သူက လူနေရာမှာ မကစားရဘူး။ တကယ့်ကြောင်အဖြစ်ဖြင့် ကစားရမှာ ဖြစ်ပါတယ်။
Stray ဇာတ်လမ်းတည်ထားတဲ့ နေရာက လူတွေမနေတော့တဲ့မြို့ဖြစ်ပြီး စက်ရုပ်လူတွေချည်း ရှိနေတယ်။
ကစားသူက ကြောင်အဖြစ် ကစားတော့ ပဟေဠိတွေ အဖြေညှိပြီး ရှေ့ဆက်ရမယ့် ဂိမ်းမျိုးလို့ ထင်မြင်စရာပါပဲ။ ၂၀၂၁ နမူနာမှာ ပြသထားတာအရ အိပဲ့အိပဲ့နှင့် ပဟေဠိဖြေလိုက် ရှေ့ဆက်လိုက်ဆိုတာမျိုး မဟုတ်ဘဲ အပြင်းအထန် အသည်းအသန် ကစားရမယ့် အကွက်တွေ ပါနေတယ်။ ကြောင်တစ်ကောင်လိုလျင်မြန်ဖြတ်ကျော်တာတွေအပြင် ကြောက်တစ်ကောင်လို တိုက်ခိုက်ရတာတွေလည်း ပါတယ်။
ဆိုဖာတစ်လုံးတွေ့ရင် လက်သည်းတွေနဲ့ ကုတ်လို့ရတယ်။
#MyanmarICTGuide