ပထမဆုံး iPhone မှာ copy paste မပါတဲ့အကြောင်းရင်း
myanmaritdirectory.com
|
2022-06-28

ပထမဆုံး iPhone မှာ copy paste မပါတဲ့အကြောင်းရင်း 


လွန်ခဲ့တဲ့ ၁၅ နှစ်မှာ Apple က iphone  ပထမဆုံးမျိုးဆက်ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ ပထမဆုံး iphone ရဲ့ ထူးခြားချက်က copy နှင့် paste လုပ်ဆောင်ချက်များ မပါတာ ဖြစ်ပါတယ်။ 

iphone စတင်ထုတ်လုပ်ဖို့ လုပ်ကိုင်ကြတာမှာ အခရာကျတဲ့ နေရာမှာ ပါဝင်ခဲ့သူ အင်ဂျင်နီယာ Ken Kocienda က ဘာလို့ ပထမဆုံး iphone မှာ copy နှင့် paste လုပ်ဆောင်ချက်များ မပါရတာလဲဆိုတာကို ရှင်းပြပါတယ်။

Kocienda က Apple မှာ၂၀၂၁ ခုနှစ်မှာ အလုပ်စဝင်ခဲ့ပါတယ်။ iphone မလုပ်ခင်တုန်းက Kocienda က Safari browser အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ 

ပထမဆုံး iphone မှာ copy နှင့် paste လုပ်ဆောင်ချက်များ ဘာလို့မပါရသလဲဆိုတော့ copy နှင့် paste ကို အကောင်အထည်ဖော်ဖို့ အချိန်မရတာကြောင့် ဖြစ်ပါတယ်လို့ Kocienda က ပြောကြားပါတယ်။ 

ကီးပက်မသုံးဘဲ စခရင်မှာ ပေါ်နေတဲ့ ကီးဘုတ်ကို သုံးစွဲနိုင်ဖို့အတွက် သူတို့တစ်ဖွဲ့လုံး လုံးပန်းနေကြရတယ်။

စာရိုက်ရင် စာလုံးပေါင်းအမှားကို မှန်သွားအောင် အလိုအလျောက် စာပြင်ပေးတဲ့စနစ်ကိုလည်း လုပ်ကိုင်ကြရတယ်။ 

ပထမဆုံးအိုင်ဖုန်းကို ထုတ်လုပ်ရောင်းချနေချိန်ကျမှ Kocienda တို့အဖွဲ့က copy နှင့် paste ကိစ္စကို လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဘယ်ကစလို့ ဘာကို လုပ်ရမလဲဆိုတာ သူတို့ အကြံထုတ်ကြရတာ အတော်ကြာတယ်။

စခရင်ကို လက်ဖျားနှင့် တို့ထိပြီး ကော်ပီလုပ်ချင်တဲ စာသားတွေကို လက်ဖျားထိပ်ဖြင့် ဖိဆွဲပြီး ရွေးချယ်ပေးလိုက်ပြီး လက်ချောင်းကို စခရင်မှ ပြန်မ လိုက်သည်အထိ လိုက်လံသိရှိပြီး ယာယီမှတ်သားပေးထားဖို့အတွက် “touch history” ကို ဖန်တီးခဲ့ကြတယ်။ စခရင်ပေါ်မှ လက်ချောင်းထိပ် လွတ်သွားတာနဲ့ စနစ်က မီလီစက္ကန့်အတွင်း သိရှိမှတ်သားပေးထားလိုက်ပြီး ရွေးချယ်ထားတဲ့ စာလုံးတွေကို အရောင်ခြယ်ပြထားလိုက်တယ်။ ကော်ပီကူ;ချင်တာလား၊  မေးမြန်းပြီး သုံးစွဲသူက ကူးခိုင်းရင် ကော်ပီကူးပေးထားလိုက်တယ်။ နောက်ထပ်

စခရင်ကို တို့ထိလိုက်တဲ့အခါ paste လုပ်တော့မှာလား မေးပြီး paste လုပ်ခိုင်းရင် ယာယီမှတ်သားထားတဲ့ စာတွေကို paste ပေးလိုက်တယ်။ 


ဖုန်းစခရင်ကို လက်ဖျားထိပ်နဲ့ ထိတဲ့အခါ လက်ချောင်းက အကွေးအခုံး ရှိနေတော့ အမြင် perception အရ စခရင်မှာ ထိတဲ့နေရာနဲ့ လက်ချောင်းက တကယ် actual ထိတဲ့နေရာ တစ်ထပ်တည်းမကျတာကို စမတ်ဖုန်းက အလိုက်တသိဖြင့် သိပေးနိုင်အောင်လည်း သူတို့ လုပ်ပေးရပါတယ်။ 

copy နှင့် paste လုပ်ဆောင်ချက်ကို ၂၀၀၉ ခုနှစ်မှာ လုပ်ဆောင်ချက် အသစ်တစ်မျိုးအဖြစ် iPhone OS 3.0 မှာ ထည့်ပေးခဲ့ပါတယ်။  iPhone 3GS မှာ ဖုန်းဝယ်စဉ်ကတည်းက ပါပြီးသားဖြစ်အောင် ထည့်ပေးတယ်။ 

iPhone မှာ copy နှင့် paste လုပ်ဆောင်ချက် လုပ်လို့ရပါပြီ ဆိုတာကို Apple က တီဗီမှာ ကြော်ငြာခဲ့ပါတယ်။  တကယ့်ကို မယုံနိုင်စရာ အခြင်းအရာတစ်မျိုး incredible thing ကို iPhone မှ သုံးလို့ ရနေပါပြီ ဆိုပြီး ကြော်ငြာခဲ့ပါတယ်။


Ken Kocienda  ရေးသားတဲ့ Creative Selection: Inside Apple's Design Process During the Golden Age of Steve Jobs စာအုပ်မှာ အကျယ်တဝင့် လေ့လာနိုင်ကြောင်း စာညွှန်းအပ်ပါတယ်။ 

#MyanmarICTGuide

 Telegram Channel

https://t.me/Guid4U/352 https://t.me/Guid4U https://t.me/Guid4U/352 https://t.me/Guid4U



Some text some message..