
ဘက်ထရီ ကြာကြာခံတဲ့ ၂၀၂၂ စမတ်ဖုန်းမော်ဒယ်များ
၂၀၂၂ မှာ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းမော်ဒယ်အမျိုးမျိုးမှာ ဘက်ထရီ ကြာကြာခံတဲ့ စမတ်ဖုန်းမော်ဒယ်စာရင်းကို Tom's Guide က တင်ပြထားပါတယ်။
စာရင်းမှာပါဖို့ စမတ်ဖုန်း ဘက်ထရီက အနည်းဆုံး ၁၁ နာရီ ၃၀ မိနစ် ကြာကြာခံဖို့ လိုအပ်ပါတယ်။
ဘက်ထရီ ကြာကြာခံတာက ဖုန်းဈေးနှုန်းနှင့် တိုက်ရိုက် မပတ်သက်ပါဘူး။ $999 ပေးရတဲ့ စမတ်ဖုန်း စာရင်းထဲပါနေပြီး $199 ~$300 အလယ်အလတ်ဈေးနှုန်း အတန်းအစားလည်း စာရင်းမှာ ပါဝင်ပါတယ်။
.
ဘက်ထရီကြာကြာခံဖို့က ဖုန်းေရာင်းအား ကောင်းဖို့အတွက် အတော်အရေးကြီးတာကြောင့် ဖုန်းထုတ်လုပ်သာတွေက ပိုကြီးမားတဲ့ ဘက်ထရီ ထည့်ပေးကြပါတယ်။ 5,000 mAh ဘက်ထရီ ထည့်ပေးထားတဲ့ ဖုန်းတွေအတော်များလာပါတယ်။ ဒါပေမဲ့ ဘက်ထရီကြီးတိုင်းလည်း ကြာကြာခံမယ်လို့ တထစ်ချ ယူဆလို့ မရဘူး။ ပါဝါစီမံခန့်ခွဲပေးတဲ့ချစ်ပ် စွမ်းရည်မြင့်မားဖို့ လိုအပ်ပါတယ်။
.
ဖုန်းဘက်ထရီ ကြာကြာခံတာကို စမ်းသပ်တဲ့အခါ web မှာ လျှောက်ကြည့် လျှောက်သွား ဆက်တိုက်လိုက်တာ ဘက်ထရီကုန်တဲ့အထိ ဖြစ်ပါတယ်။ စခရင်လင်းအားကို 150 nits မှာ ထားပါတယ်။
ဖုန်းအများစုက ၁၀ ဝန်းကျင် ဘက်ထရီ ကြာကြာခံပါတယ်။
စာရင်းမှာ ဖော်ပြထားတဲ့ စမတ်ဖုန်းတွေက ၁၁ နာရီခွဲကျော်သည်အထိ ဘက်ထရီ ကြာကြာခံပါတယ်။
အဆင့် ဖုန်းအမည် ကြာချိန် နာရီ မိနစ်
1. Asus ROG Phone 6 Pro: 15:30
2. iPhone 14 Pro Max: 13:39
3. Nubia RedMagic 6: 13:20
4. Moto G Power (2022): 13:15
5. Asus Zenfone 9: 13:13 (tie)
6. Nubia RedMagic 6S Pro: 13:13
7. Moto G Stylus (2022): 12:30
8. iPhone 13 Pro Max: 12:16
9. Cat S62 Pro: 12:16
10. OnePlus 10 Pro: 11:52
11. Moto G Pure: 11:52
12. TCL 30 V 5G: 11:46
13. iPhone 13 Pro: 11:42
14. Moto G 5G: 11:37
Source Tom’s Guide
#MyanmarICTGuide
Telegram Channel
https://t.me/Guid4U