
TikTok မှ သတင်းမှားများကို အရေးယူ ထိန်းသိမ်းရန် ကြိုးပမ်းလုပ်ဆောင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
TikTok မှ ၂၀၂၂ အော်တိုဘာလ ၅ ရက်တွင် ထုတ်ဝေလိုက်သော ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လအတွက် လူမှုအသိုင်းအဝိုင်း မူဝါဒများ ကြီးကြပ်မှု အစီရင်ခံစာသည် သတင်းမှားများကို အရေးယူ ဆောင်ရွက်ရာ၌ မြင်တွေ့ရသော တိုးတက်မှုများကို ပြသထားပြီး ၎င်းတိုးတက်မှုများကို ဆောင်ကျဥ်းပေးသည့် သတင်းအချက်အလက်များကို မျှဝေပေးထားသည်။ TikTok သည် အသုံးပြုသူများအတွက် ပျော်ရွှင်မှုများ ယူဆောင်လာပြီး ဖျော်ဖြေမှုများ ဖန်တီးပေးသည့်အပြင် ၎င်းတို့ လူမှုအသိုင်းအဝိုင်းတွင် ဆန်းသစ်တီထွင် ဖန်တီးနိုင်မှု၊ အသိပညာ ဗဟုသုတနှင့် စိတ်အားထက်သန်မှုတို့ကို အခြားသူများထံ မျှဝေနိုင်ရန် အခွင့်အလမ်းများလည်း ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။ ထို့ပြင် လူတိုင်းအတွက် စစ်မှန်ပြီး နွေးထွေးကြိုဆိုသည့် Platform တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ရန်အတွက် TikTok ၏ မူဝါဒများကို ချိုးဖောက်သည့် မည်သည့် အကြောင်းအရာကိုမဆို အရေးယူ ဖယ်ရှားလျက်ရှိသည်။ အကြောင်းအရာဖန်တီးသူ များ (Creators) ဖယ်ရှားခြင်းနှင့် ဆက်လျဉ်း၍ TikTok ၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များ ကျင့်သုံးမှုဆိုင်ရာ ကြီးကြပ်မှု အစီရင်ခံစာများမှ တစ်ဆင့် အဆိုပါ အကြောင်းအရာဖယ်ရှားမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ်သည်။
.
TikTok ၏ Head of Trust and Safety ဖြစ်သူ Cormac Keenan က "သတင်းမှားပျံ့နှံ့မှုဟာ ပြဿနာအသစ်အဆန်း မဟုတ်ပေမဲ့ အင်တာနက်ပေါ်မှာ ဒါဟာ အသစ်အဆန်း ပြန်ဖြစ်လာခဲ့ပါပြီ။ သတင်းအမှားတွေဟာ ပြည်သူ့ကျန်းမာရေး၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ၊ အချက်အလက်တွေနဲ့ သိပ္ပံပညာအပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်တဲ့အထိ အကျိုး သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီပြဿနာကို အဖြေရှာတဲ့နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်မယ်လို့လည်း ကတိပေးပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သတင်းမှားတွေကို အလေးအနက်ထား ကိုင်တွယ်လျက်ရှိပါတယ်။ ဒီပြဿနာကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ဖို့ တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို ပိုမိုအားပေးမြှင့်တင်လျက်ရှိပြီး Digital Literacy ပညာရေးမှာ ရင်းနှီးမြုပ်နှံရင်း သတင်းမှားပျံ့နှံ့မှုကို ရပ်တန့်နိုင်ဖို့ ဘက်စုံသုံးချဉ်းကပ် လုပ်ဆောင်နေပါတယ်" ဟု ပြောကြားခဲ့သည်။
TikTok ၏ မူဝါဒများ
TikTok ၏ ဘက်မလိုက်သော မူဝါဒများသည် ယုံကြည်စိတ်ချရသော၊ စစ်မှန်သော အတွေ့အကြုံရရှိမှုကို မြှင့်တင်ရန် အတွက်သာ ရည်ရွယ်သည်။ အရပ်ဘက်လုပ်ငန်းစဉ်များ၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးဆိုင်ရာနှင့် ပတ်သက်၍ လူမှုအသိုင်းအဝိုင်းကို လမ်းလွှဲ သွေဖယ်သွားစေမည့် အကြောင်းအရာများကို TikTok ၏ လုံခြုံစိတ်ချမှု မရှိသည့် သတင်းမှားဆိုင်ရာ မူဝါဒများမှ တားမြစ်ထားသည်။ ဥပမာ TikTok အနေဖြင့် ကာကွယ်ဆေးများ သို့မဟုတ် COVID-19 နှင့်ပတ်သက်သော ဆေးဘက်ဆိုင်ရာသတင်းမှားများကို တားမြစ်ထားသည်။ ဤမူဝါဒများကို အကြောင်းအရာ အမျိုးအစားများစွာအပေါ် ကျယ်ပြန့်စွာ ချမှတ် အသုံးပြုနိုင်သည်။ (အကြောင်းအရာများသည် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့်အရာများအပေါ် အခြေခံ၍ မကြာခဏ ပြောင်းလဲနေသည့်အတွက်ကြောင့် ဖြစ်သည်။)
.
မှားယွင်းမှန်ကန်ခြင်း မရှိသော အကြောင်းအရာများကို ဖယ်ရှားပြီး TikTok ၏ အသုံးပြုသူများ သို့မဟုတ် လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေသည့်အကြာင်းအရာများအပြင် လူအများ၏ ရှိရင်းစွဲ သဘောထားအမြင်ကို လှည့်ဖြားရန် အသုံးပြုသည့် TikTok အကောင့်များကိုလည်း ဖယ်ရှားလျက်ရှိသည်။ ဤလုပ်ဆောင်ချက်များသည် ရိုးသားစစ်မှန်မှု မရှိသော အကောင့် သို့မဟုတ် အကောင့်တုပြုလုပ်ခြင်းမှသည် အများပြည်သူယုံကြည်မှုကို အလွဲသုံးစား ပျက်ပြားစေရန် ကြိုးပမ်းမှုများအထိ ပါဝင်သည်။ ၎င်းအကောင့်တုများသည် ၎င်းတို့၏ နည်းပရိယာယ်များကို အမြဲတစေ ပြောင်းလဲ အသုံးပြုလျက်ရှိပြီး အကြောင်းအရာနှင့် အလေ့အထအသစ်များကို ရှာဖွေတွေ့ရှိသည်နှင့်အမျှ TikTok ၏ မူဝါဒများကိုလည်း ပိုမိုခိုင်မာလာစေရန် အဆက်မပြတ် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။
.
TikTok ၏ မူဝါဒများကို အားပေးမြှင့်တင်ခြင်း
TikTok တွင် လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို မြှင့်တင်ပေးရန်အတွက် နည်းပညာနှင့် ထောင်ပေါင်းများစွာသော ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် လက်တွဲကာ တည်ဆောက်ထားသည်။ ၎င်းကို အတိုင်းအတာတစ်ခုအထိ ထိရောက်မှု ရှိစေရန် နည်းပညာကို အခြေခံပြီး တိုင်ကြားခြင်းအပြင် ထိန်းချုပ် စိစစ်ခြင်းများ ဆောင်ရွက်ပေးသည်။ တစ်စုံ တစ်ဦးမှ အန္တရာယ်ရှိသည့် အကြောင်းအရာများ ရိုက်ကူးကြောင်း သေချာမှုရှိသောအခါ မူဝါဒများကို ချိုးဖောက်မှုများကို ထိရောက်စွာ အမြန်ဖယ်ရှားနိုင်စေရန် System များက အလိုအလျောက် စိစစ်ထိန်းချုပ်မှု ဆောင်ရွက်ထားသည်။
သို့သော်လည်း သတင်းမှားသည် အခြားအကြောင်းအရာဆိုင်ရာ ပြဿနာများနှင့် ကွဲပြားသည်။ TikTok ၏ သတင်းမှား ဆိုင်ရာ မူဝါဒများကို လမ်းမလွဲဘဲ တိကျစွာ လိုက်နာနိုင်ရန် အကြောင်းအရာနှင့် အချက်အလက်စစ်ဆေးခြင်းတို့သည် အရေးကြီးသည်။ ထို့ကြောင့် TikTok အနေဖြင့် ဖြစ်နိုင်ခြေရှိသော သတင်းမှားများကို ရှာဖွေဖော်ထုတ်ရာတွင် အကူအညီပေးရန်အတွက် Machine Learning Model များကို အသုံးပြုနေပြီး ချဉ်းကပ်မှုတစ်ခုအနေဖြင့် စိစစ်ရေးအဖွဲ့ကို အကဲဖြတ်ခြင်း၊ အတည်ပြုခြင်းနှင့် သတင်းမှားချိုးဖောက်မှုများကို ဖယ်ရှားခြင်းများ လုပ်ဆောင်စေလျက်ရှိသည်။ TikTok တွင် သတင်းမှားများကို ထိရောက်စွာ အရေးယူရန်အတွက် အထူးလေ့ကျင့်မှု၊ ကျွမ်းကျင်မှုနှင့် အချက်အလက်စစ်ဆေးသည့် Tool များ ပိုင်နိုင်စွာ အသုံးပြုကြသည့် သတင်းမှား စိစစ်ရေးဝန်ထမ်းများ ထားရှိထားသည်။ ၎င်းတွင် အကြောင်းအရာများ၏ တိကျမှုကို စိစစ်ပေးသော အချက်အလက်စစ်ဆေးသည့် လုပ်ငန်းလက်တွဲဖော်များသို့ တိုက်ရိုက် ဝင်ရောက် စစ်ဆေးခွင့်လည်းပါဝင်သည်။
.
TikTok တွင် ကမ္ဘာတစ်ဝန်း၌ ဘာသာစကား ၃၀ ကျော်ဖြင့် အကြောင်းအရာ စိစစ်အကဲဖြတ်ပေးသည့် အချက်အလက် စစ်ဆေးသည့် လုပ်ဖော်ကိုင်ဖက်များစွာဖြင့် လက်တွဲလုပ်ဆောင်လျက်ရှိသည်။ TikTok ၏ အချက်အလက် စစ်ဆေးရေး လုပ်ဖော်ကိုင်ဖက်အားလုံးသည် International Fact-Checking Network မှ International Fact-Checking Network's code of principles အတည်ပြုလက်မှတ် ရရှိထားသူများ ဖြစ်သည်။ အကြောင်းအရာများစွာကို အချက်အလက် စစ်ဆေးနေချိန် သို့မဟုတ် အချက်အလက် စစ်ဆေးခြင်းမှ တစ်ဆင့် အကြောင်းအရာကို အန္တရာယ် ရှိ မရှိ သက်သေမပြနိုင် သောအခါတွင် ၎င်းသည် For You feeds အတွက် သတ်မှတ်စံနှုန်းမပြည့်မီသည့် စာရင်းထဲတွင် ပါဝင်မည်ဖြစ်သည်။ အချက်အလက် စစ်ဆေးသူများသည် အကြောင်းအရာ မှားယွင်းမှု၊ အန္တရာယ်ရှိကြောင်း အတည်ပြုပါက တစ်ပြိုင်နက် ထိုဗီဒီယိုကို TikTok ၏ Platform မှ ဖယ်ရှားခြင်း သို့မဟုတ် For You feeds တွင် အကြံပြုချက်အတွက် စံနှုန်းမပြည့်မီသည့် ဗီဒီယိုအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။
.
သတင်းမှားများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်း လုပ်ဆောင်ချက်တို့ကို အစဥ်တိုးတက်စေရန်အတွက် TikTok သည် ယခုနှစ်အတွင်း အောက်ပါအချက်များတွင် အဓိက ရင်းနှီးမြှုပ်နှံမှုအချို့ ပြုလုပ်ခဲ့သည်။
.
သတင်းမှားများ၏ အရှိန်အဟုန်ဖြင့် လျင်မြန်စွာပြောင်းလဲနေသော သဘောသဘာဝကြောင့် Machine Learning Model များတွင် ဆက်လက်ရင်းနှီးမြုပ်နှံခဲ့ပြီး လုပ်ဆောင်နိုင်စွမ်းကို တိုးမြင့်ခဲ့သည်။
လမ်းလွဲစေသော Content များ ပျံ့နှံ့မှုကို လျှော့ချရန် လူသိများသည့် အထင်မှားစေသော အသံနှင့် ရုပ်ပုံများကို ထောက်လှမ်းရာ၌ ပိုမို တိုးတက်လာခဲ့သည်။
သတင်းမှားစိစစ်ပေးသူများသည် လျင်မြန်တိကျသော ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူဖြစ်စေရန် ယခင်က အချက်အလက်စစ်ဆေးထားသော အတည်ပြုသတ်မှတ်ချက်ဆိုင်ရာ Database တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။
အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော အတည်ပြုမှတ်ချက်အသစ်များနှင့် ပြောင်းလဲနေသော အတည်ပြု မှတ်ချက်များကို တိုင်ကြားပေးသည့် TikTok ၏ အချက်အလက်စစ်ဆေးသူများနှင့်အတူ လျင်မြန်စွာ ထောက်လှမ်း နိုင်သော ပရိုဂရမ် တစ်ခုကို စတင်ခဲ့သည်။ ၎င်းသည် TikTok ၏ Platform ပေါ်ရှိ အတည်ပြုမှတ်ချက်များကို ရှာဖွေစေနိုင်ပြီး စည်းမျဥ်းချိုးဖောက်ပါက ဖယ်ရှားစေနိုင်သည်။ လွန်ခဲ့သော သုံးလပတ်မှ ဤပရိုဂရမ်ကို စတင်ပြီး ကတည်းက သတင်းမှား အတည်ပြုမှတ်ချက်အသစ် ၃၃ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ရလဒ်အနေဖြင့် ဗီဒီယိုပေါင်း ၅၈,၀၀၀ ကို Platform ပေါ်မှ ဖယ်ရှားခဲ့သည်။
.
TikTok ၏ ဘက်မလိုက်သော စစ်မှန်သည့် မူဝါဒများကို ချိုးဖောက်မှုများသည် ဗီဒီယို ဖယ်ရှားခြင်းအားလုံး၏ ၁ ရာခိုင်နှုန်း အောက်တွင်သာ ပါဝင်ပြီး ဤရင်းနှီးမြှုပ်နှံမှုများ အားလုံးမှ တစ်ဆင့် သတင်းမှားများကို ရှာဖွေခြင်းနှင့် မူဝါဒများ မြှင့်တင်ခြင်းတို့တွင် အကျိုးရလဒ်များ မြင်တွေ့ခဲ့ရသည်။ ထိုဖယ်ရှားလိုက်သော ဗီဒီယိုများမှ ၂၈ ရာခိုင်နှုန်းခန့်သည် TikTok ၏ လုံခြုံစိတ်ချမှု မရှိသည့် သတင်းမှားဆိုင်ရာ မူဝါဒများကို ချိုးဖောက်ခဲ့သည်။
.
.
အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
.
TikTok အနေဖြင့် ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဤစိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အဓိက သော့ချက်ဖြစ်သည်ဟု အခိုင်အမာယုံကြည်သည်။ TikTok သည် Content/Safety Advisory Council၊ သုတေသီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာကျွမ်းကျင် ပညာရှင်များနှင့် ပုံမှန်ဆက်သွယ် ဆွေးနွေးလျက်ရှိသည်။ ဤပူးပေါင်း ဆောင်ရွက်မှုသည် TikTok ၏ မူဝါဒများ၊ ခေတ်ရေစီးကြောင်းများနှင့် ခေတ်ပေါ်ပြဿနာများကို ခြုံငုံသည့် ဗဟုသုတများကို အားကောင်းလာစေရုံသာမက TikTok ၏ App တွင် တာဝန်ရှိသူများ၏ သဘောထားကို မြှင့်တင်မျှဝေပေးလာစေနိုင်သည်။ ဥပမာအားဖြင့် TikTok ၏ App တွင် Digital Literacy Hub ကို ဖန်တီးထားပြီး အသုံးပြုသူများအနေဖြင့် မိမိတို့ ကြည့်ရှုသည့် ဗီဒီယိုအကြောင်းအရာများကို အကဲဖြတ်စိစစ်ရာ၌ ကျွမ်းကျင်လာစေရန် ရည်ရွယ်၍ MediaWise နှင့် National Association of Media Literacy Education တို့မှ ကျွမ်းကျင်သူများ၏ ဗီဒီယိုအကြောင်းအရာများ ပါဝင် ထည့်သွင်းထားသည်။ ဘက်မလိုက်သည့် စစ်မှန်သော ရွေးကောက်ပွဲဖြစ်လာရန်အတွက် မဲပေးခြင်းနှင့် ဒေသန္တရ ရွေးကောက်ပွဲများ [National Association of Secretaries of State နှင့် Ballotpedia ကဲ့သို့သော အဖွဲ့အစည်းများမှ] မဲပေးခြင်းနှင့် ပတ်သက်သော တရားဝင်အချက်အလက်များကို ရယူနိုင်ရန် Election Center များကို ဖန်တီးပေးထားသည်။ အသုံးပြုသူများအနေဖြင့် ပြည်သူ့ကျန်းမာရေးကို ကူညီပံ့ပိုးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ COVID-19 နှင့် မျောက်ကျောက်ရောဂါအကြောင်း အချက်အလက်များကို Hashtag PSA များနှင့် ဗီဒီယိုများရှိ Label များမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်သည်။
.
TikTok သည် ဤစိန်ခေါ်မှုကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆက်လက်အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်ပြီး TikTok ၏ တာဝန်ဝတ္တရားသည် မည်သည့်အခါမှ ပြီးဆုံးမည်မဟုတ်ကြောင်း သိရှိထားသည်။ TikTok ၏ Platform ကို ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများအကြောင်း ပိုမိုလေ့လာသိရှိလိုပါက Transparency Center သို့ ဝင်ရောက် ကြည့်ရှုနိုင်သည်။
..
Newsroom link:
https://newsroom.tiktok.com/my-mm/anupdateonourcommunityguidelinesenforcementinmyanmar