
အခုခေတ်မှာ အင်တာနက်မရှိရင် လူတွေရဲ့နေ့စဥ်လုပ်ငန်းတွေအကုန်လုံးကမောက်ကမဖြစ်သွားနိုင်တဲ့အထိ အင်တာနက်ဟာအရေးပါလာပါပြီ။ နေရာတစ်ကာမှာ အင်တာနက်ရဲ့အရေးပါမှုဟာ ပိုပိုကျယ်ပြန့်လာပါတယ်။ ဒီလိုအသုံးတွင်လာတဲ့ အင်တာနက်ကိုတီထွင်ခဲ့သူကိုအတော်များများကမသိကြပါဘူး။

အမှန်တော့ အင်တာနက်ကိုတီထွင်သူဆိုပြီး တစ်စုံတစ်ယောက်ကိုညွှန်းဖို့ကမလွယ်ကူလှပါဘူး။ ဘာကြောင့်ဆို အင်တာနက်ရဲ့ဖြစ်ပေါ်လာပုံဟာ လူတစ်ဦးထဲကြောင့်မဟုတ်လို့ပါပဲ။ ၁၉၀၀ ပြည့်နှစ်အစောပိုင်းတုန်းက Nikola Telsa ဆိုတဲ့သူဟာ တစ်ကမ္ဘာလုံးအချင်းချင်းဆက်သွယ်နိုင်မဲ့ ကြိုးမဲ့စနစ်ကိုတီထွင်ဖို့စိတ်ကူးခဲ့မိပါတယ်။

နောက်ပိုင်း ၁၉၆၀ မှာ Joseph Carl Robnett Lickider ဆိုတဲ့သူက ကွန်ပျူတာတွေမှာစနစ်တစ်ခုထည့်သွင်းပြီး တစ်ကမ္ဘာလုံးကြိုးမဲ့ဆက်သွယ်နိုင်မဲ့ စနစ်ကိုစတင်ဖို့ တွေးခဲ့မိပါတယ်။ အဲ့ဒီ့အချိန်တုန်းက ကွန်ပျူတာတွေကို တွက်ချက်မှုတွေလုပ်ဖို့ပဲသုံးခဲ့ကြတာပါ။ ဒီအတွေးရဲ့နောက်ဆက်တွဲအဖြစ် အင်တာနက်နှင့်ဆင်တူတဲ့ Packet Switching ဆိုတဲ့စနစ်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ Advanced Research Projects Agency Network လို့ခေါ်တဲ့အမေရိကန်အခြေစိုက်နည်းပညာကုမ္မဏီကနေပြီးတော့ ကွန်ယက်အသေးစားတစ်ခုမှာ အချင်းချင်းကြိုးမဲ့ဆက်သွယ်နိုင်တဲ့ စနစ်ကိုဖန်တီးလိုက်ပါတယ်။ပထမဆုံးစမ်းသပ်မှုမှာတော့ ကယ်လီဖိုးနီးယားကနေစတန်းဖို့ဒ်က ကွန်ပျူတာကို LOGIN ဆိုတဲ့စကားလုံးကိုပေးပို့ခဲ့တာပါ။

ဒါပေမဲ့ ရှေ့စာလုံးနှစ်လုံးပဲရောက်နိုင်ခဲ့တဲ့အပြင် ဒီစနစ်ကိုသုံးနိုင်တဲ့ကွန်ပျူတာတွေဟာ အိမ်အသေးတစ်လုံးစာလောက်ကြီးမားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ကိုဆင့်ကဲလုပ်ဆောင်ရင်းတနှင့်ပဲ ၁၉၈၃ မှာတော့ လက်ရှိအသုံးပြုနေတဲ့ တစ်ကမ္ဘာလုံးသုံးနိုင်တဲ့ အင်တာနက်စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။