မိုဘိုင်းဖုန်းတွေကြောင့် မကောင်းတဲ့အတွေးအခေါ်တွေ ပျံ့နှံ့နေကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းစာက သတိပေး
myanmaplatform.com
|
2018-12-19



ဒီဇင်ဘာ ၁၉

မြောက်ကိုရီးယားနိုင်ငံပိုင်အဓိက သတင်းစာက ကမ္ဘာ့တစ်ဝှမ်းမှာအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကနေ မကောင်းတဲ့အတွေးအခေါ်တွေ ပျံ့နှံ့သက်ရောက်နေကြောင်း ဒီဇင်ဘာ ၁၈ ရက်အင်္ဂါနေ့က သတိပေးထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ တခြားနိုင်ငံတွေနဲ့အဆက်အဆံမရှိတဲ့ မြောက်ကိုရီးယားမှာတော့ ဆက်သွယ်ရေးပစ္စည်းတွေ တရားဝင်ရော၊ တရားမဝင်ပါ တိုးတက်များလားလာနေတာကြောင့် စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။

ရိုဒေါင်းဆန်းမန်းသတင်းစာက မနေ့ကထုတ်ပြန်တဲ့ ဆောင်းပါးထဲမှာတော့ ပြင်သစ်မှာ စာသင်ကျောင်းတွေမှာ ဖုန်းတွေ ပိတ်ပင်ထားမှုနဲ့အိန္ဒိယမှာ နည်းပညာအသုံးပြုပြီး လိမ်လည်မှုတွေကို ကိုးကားဖော်ပြသွားပြီး ဖုန်းတွေကတဆင့် မကောင်းတဲ့ ဖောက်ပြန်တဲ့အယူဝါဒတွေ ပျံ့နှံနေတယ်လို့ စောဒကတက်ခဲ့ကြပါတယ်။

ပြင်းထန်တဲ့ သတိပေးချက်တွေ၊ မုသားစာသားတွေ၊ ဗီဒီယိုတွေဟာအကြမ်းဖက်သဏ္ဍာန်ဆန်ဆန်ဂိမ်းတွေလို ဖုန်းတွေကဆင့် ကန့်သတ်ထားခြင်းမရှိဘဲ ပျံ့နှံံ့နေပါတယ်။ ဒါဟာ မိုဘိုင်းဖုန်းတွေကြောင့်အရွယ်မရောက်သေးတဲ့သူတွေအတွက် မကောင်းတဲ့အတွေးအခေါ်တွေ သွတ်သွင်းပေးနေတာဖြစ်တယ် လို့အဆိုပါသတင်းစာက ဖော်ပြသွားပါတယ်။

မြောက်ကိုရီးယားအာဏာရှင်အစိုးရဟာ ပြင်ပကမ္ဘာကို ဖုန်းတွေနဲ့အင်တာနက်တွေကဆင့် ချိတ်ဆက်ဖို့ သာမန်ပြည်သူတွေကို ခွင့်ပြုပေးထားပေမယ့် ဆက်သွယ်ရေးတွေအပေါ်မှာတော့ တင်းတင်းကျပ်ကျပ် ချုပ်ကိုင် ထိန်းသိမ်းထားပါတယ်။

၂၀၀၈ ခုနှစ်ကစလို့အစိုးရဟာ ခန့်မှန်းခြေ သုံးစွဲသူ ၃ သန်းခန့်နဲ့အတူ နိုင်ငံတွင်းက ဆယ်သွယ်ရေး ကွန်ယက်တွေကို တင်းကျပ်စွာချုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။

တောင်ကိုရီးယားအရာရှိတွေက ခန့်မှန်းချက်အရ လူဦးရေ ၂၅ သန်းရှိတဲ့ မြောက်ကိုရီးယားမှာ မိုဘိုင်းဖုန်း သုံးစွဲသူ ၆ သန်းရှိကြောင်း သိရပြီး သုံးသပ်သူတွေကအစိုးရဟာ ဆက်သွယ်ရေးကုမ္ပဏီတွေကို ခွင့်ပြုပေးထားသော်လည်းအင်တာနက်လိုင်းတွေနဲ့ ဝက်ဘ်ဆိုဒ်တွေကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

_ref:Reuters




Some text some message..