ယခုနောက်ပိုင်းဆိုရင် စမတ်ဖုန်းအများစုဟာ Dual ကင်မရာလမ်းကြောင်းပေါ် ပြောင်းလဲရောက်ရှိလာခဲ့တာကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ခရီးသွားရင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးလိုသူတွေနဲ့ ပုံမှန်မှတ်တမ်းဓာတ်ပုံရိုက်ကူးလိုသူတွေဟာ စမတ်ဖုန်းကင်မရာကိုသာအားပြုလာကြပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ ထူးခြားစွာပဲ Dual-Camera တွေကြားထဲမှာ Single-Camera နဲ့ Google ရဲ့စမတ်ဖုန်း သစ်ကဦးဆောင်သူဖြစ်လို့နေပါတယ်။ ကဲ့ ၂၀၁၇ခုနှစ်ရဲ့ ကင်မရာအကောင်းဆုံးစမတ်ဖုန်းတွေအကြောင်းကိုလေ့ လာကြည့်ရအောင် . . . . .
Google Pixel 2 XL/ Pixel 2
Google ရဲ့ ယခုနှစ်ထုတ် စမတ်ဖုန်းများဟာအကောင်းဆုံး ကင်မရာများ ပိုင်ဆိုင်ထားတယ်လို့ သတ်မှတ်လိုက်ပါတယ်။ သူ့မှာ ပိုမိုလျှင်မြန်စွာ Autofocus လုပ်နိုင်တဲ့ Dual Pixels များ ပါပါတယ်။ သူဟာအသေးစိတ်ကျတဲ့ ရုပ်ထွက်များကို ဖမ်းယူပေးဖို့ Phase Detection Agents ပေါင်း ၁၂ သန်းကိုအသုံးပြုထားတဲ့အတွက် ကင်မရာတစ်လုံးထဲနဲ့ Portrait Mode ကို ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် ဂူဂယ်လ်ရဲ့ ဆော့ဖ်ဝဲက မျက်နှာများ၊အရာဝတ္ထုများကို ခွဲခြားစိတ်ဖြာနိုင်ပါတယ်။ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ ပေါင်းစပ်မှုဟာအပြစ်အနာအဆာကင်းတဲ့ ဓါတ်ပုံများကို ရရှိစေပါတယ်။ ပြောရမယ်ဆိုရင် portrait mode ကိုကင်မရာတစ်လုံး တည်းအသုံးပြုပြီး ရိုက်ကူးနိုင်တဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ dual pixels ဆိုတာတခုတည်းမဟုတ်ပါဘူး။ သူ့မှာအခြားလုပ်ဆောင် ချက်ကောင်းတွေဖြစ်တဲ့ Google ရဲ့ photo library ဟာသန်းနဲ့ချီတဲ့ ဓာတ်ပုံတွေကိုသိမ်းဆည်းနိုင်တာကလည်း သူ့ရဲ့ကောင်း ကွက်လို့သတ်မှတ်နိုင်ပါတယ်။ ပုံတွေရိုက်ကူးတဲ့အခါမှာ နောက်ခံရှုှုခင်းကိုဝါးအောင် ပြုလုပ်ပေးနိုင်တဲ့လုပ်ဆောင်ချက်ကလည်း ကင်မရာတလုံးထဲတပ်ဆင်ထားတဲ့ စမတ်ဖုန်းဖြစ်ပြီး ကောင်းမွန်တဲ့ရုပ်ထွက်ကို ရရှိစေပါတယ်။ Portrait လုပ်ဆောင်ချက်နဲ့အတူ နေ့အလင်းရောင်၊အလင်းရောင်လျော့နည်းတဲ့အခြေအနေ၊အသေးစိတ်ကျမှု၊ဆူညံသံ တွေကိုအကောင်းဆုံးရှင်းထုတ် ဖယ်ရှားပြီး ရုပ်ထွက်ကောင်းတဲ့ပုံရိပ်တွေကို ပေးစွမ်းမှာဖြစ်ပါတယ်။ Pixel ဖုန်းတွေမှာ OIS နည်းပညာမပါဘဲ၊ EIS (Electronic Image Stabilization) ပဲ ပါဝင်ပါတယ်။ EIS နည်းပညာက ဓာတ်ပုံရိုက်ရင်အလုပ်မဖြစ်ဘဲ၊ ဗီဒီယိုတွေအတွက်ပဲအလုပ်ဖြစ်ပါတယ်။OIS မပါပေမယ့်၊ Pixel ဟာအလင်းနည်းတဲ့အနေအထားမှာလည်း ပုံကောင်းကောင်းထွက်အောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒီလိုကောင်းရတဲ့အကြောင်းရင်းကတော့ Pixel မှာ ကမ္ဘာ့အဆင့်မြင့် HDR+ ဆော့ဖ်ဝဲအယ်လ်ဂရစ်သမ် တစ်ခုကိုအသုံးပြုထားတာကြောင့်ဖြစ်ပြီး၊ ဒီဆော့ဖ်ဝဲဟာ OIS ဟာ့ဒ်ဝဲလုပ်ဆောင်ချက်ထက်တောင် ပိုမိုကောင်းမွန်ပါတယ်။
Samsung Galaxy Note 8/ Galaxy S8
Galaxy S8 မော်ဒယ်များဟာအဖက်ဖက်က ပြည့်စုံတဲ့ ကင်မရာကို ပိုင်ဆိုင်ထားပါတယ်။ တောက်ပတဲ့အလင်းဝင်ပေါက်၊ ကြီးမားတဲ့ ဆန်ဆာ၊ OIS နဲ့ Noise Reduction Algorithms များကအလင်းရောင်နည်းပါးတဲ့အခြေအနေများမှာတောင် ပြည့်စုံတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။ Note 8 ကလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။ သူဟာအနောက်ကင်မရာ နှစ်လုံးပါတဲ့ ဆမ်ဆောင်းရဲ့ ပထမဆုံး Note Phone ဖြစ်ပါတယ်။ သူ့မှာ S8 ရဲ့ မြင်ကွင်းကျယ် ကင်မရာကို Telephoto Camera နဲ့အားဖြည့်ထားတဲ့အတွက် Portrait Mode ( Samsung က Live Focus လို့ ခေါ်ပါတယ်။ )အပြင်အခြား ထူးခြားဆန်းသစ်တဲ့ ကင်မရာ လုပ်ဆောင်ချက်များကို ထောက်ပံ့ပါတယ်။ Note 8 ရဲ့အနောက်မှာ Optical Image Stabilization ပါတဲ့ 12MP Camera ၂ လုံး တပ်ဆင်ထားပါတယ်။ Samsung က OIS ကို ထောက်ပံ့တဲ့အနောက် ကင်မရာ ၂ လုံးပါတဲ့ ပထမဆုံး စမတ်ဖုန်းလို့ ပြောပါတယ်။ ဒါ့အပြင် ကင်မရာ ၂ လုံးမှာ Samsung Dual Pixel နည်းပညာနဲ့ Phase Detection Autofocus များ ပါပါတယ်။ Note 8 မှာ Bokeh Effect များ ထည့်သွင်းနိုင်တဲ့ Live Focus လုပ်ဆောင်ချက်ပါပါတယ်။ သူက ဓါတ်ပုံ မရိုက်ခင်နဲ့ ရိုက်အပြီးမှာ Background ရဲ့ Blur ကို ချိန်ညှိနိုင်ခြင်း ဖြစ်ပါတယ်။
LG V30/ G6
အရှေ့ဘက်ကင်မရာကောင်းမွန်တဲ့ V10 ကိုပွဲထုတ်ပြီး နောက်မှာတော့ LG က သာမာန် ကင်မရာတစ်လုံးကို မြင်ကွင်းကျယ် ကင်ရာတစ်လုံးနဲ့ ပူးတွဲတဲ့ ကင်မရာစနစ်ကိုအသုံးပြုလာပါတယ်။ V30 ဟာ မြင်ကွင်းကျယ် ကင်မရာပါပြီး Action Camera လို ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ V30 ရဲ့ ပိုမို စွမ်းရည်မြင့်မားတဲ့ Chipset နဲ့ OLED Display ကို မတတ်နိုင်ရင်တော့ ကင်မရာစွမ်းရည်တူညီပြီး ဈေးသက်သာတဲ့ G6 ကို ရွေးချယ်ပါ။ သူတို့ရဲ့ကင်မရာတိုးတက်လာမှုဟာ G5 ပေါ်မှာအခြေခံပြီး ဆင့်ကဲတိုးတက်လာတာဖြစ်ပါတယ်။ V30 ရဲ့အနောက်ဘက်မှာ စွမ်းရည်မြင့် ကင်မရာ ၂ လုံးတပ်ဆင်ထားကာ 16MP နဲ့ မြင်ကွင်းကျယ် 13MP Camera များဖြစ်ပြီးအလင်းရောင် နည်းပါးတဲ့ နေရာများမှာအရည်အသွေးမြင့်တဲ့ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယို မရိုက်ခင်မှာ Effects များထည့်သွင်းနိုင်ပါတယ်။V30 မှာ စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset ထည့်သွင်းထားပြီး G6 ရဲ့ 821 ထက် တိုးတက်လာပါတယ်။ V30 မှာ 4GB RAM, 64GB Storage or 128GB Storage များထည့်သွင်းထားပြီး microsD Card စိုက်နိုင်ပါတယ်။ 3300mAh Battery ကိုအသေတပ်ထားပြီး ကြိုးမဲ့အားသွင်းစနစ်နဲ့ လျှင်မြန်စွာအားသွင်းနိုင်တဲ့ USB-C Port ပါပါတယ်။ V30 ဟာ IP68 စံနှုန်းရှိပြီး ရေစိုခံနိုင်ပါတယ်။အသံအရည်အသွေး မြင့်မားတဲ့ QuadDAC ပါပါတယ်။
G6 ရဲ့ကင်မရာပိုင်းကိုအရင်ကထွက်ရှိခဲ့ထက် စမတ်ဖုန်းတွေထက်သာလွန်ကောင်းမွန်အောင်အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ စမတ်ဖုန်းနောက်ကျာဘက်မှာ ကင်မရာနှစ်ခုပါဝင်ပြီး 13 Megapixels ရှိပါတယ်။ ပုံရိပ်တွေကိုထိန်းညှိပေးနိုင်ပြီး F/1.8 Aperture နဲ့ F/2.4 Aperture ပါတာကြောင့် ထောင့်ကျယ်မြင်ကွင်းတွေကိုအပြည့်အ၀ ရအောင် ရိုက်ကူးနိုင်ပါတယ်။အရင်ဖုန်းတွေမျာ 8 Megapixels သာရှိခဲ့ပေမယ့် လက်ရှိကာလမှာ လူအများစုဟာ ဓာတ်ပုံရိုက်တဲ့အခါ နောက်ခံမြင်ကွင်းကျယ်ကိုပါ ထည့်သွင်းရိုက်ကူးတတ်တဲ့အတွက် 13 Megapixel Version ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
G6 မှာ Auto Focus မပါပေမယ့် Focal Point ပါတာကြောင့် ကြီးကြီးမားမားကွဲပြားတာမျိုးတော့မရှိပါဘူး။ ဗီဒီယို ရိုက်ကူးနိုင်တဲ့စွမ်းရည်ကတော့ 2160p နဲ့ 1080p ဆိုပြီး နှစ်မျိုးရှိပါတယ်။ 2160p ဆိုရင် တစ်စက္ကန့်ကို ဖရိန်၃၀ခန့်ရိုက်ကူးနိုင်ပြီး 1080p ဆိုရင်တော့ ဖရိန် ၃၀ ကနေ ၆၀ ကြားရိုက်ကူးနိုင်ပါတယ်။ Selfie ရိုက်ကူးနိုင်တဲ့ ကင်မရာကတော့ 5 Megapixels ရှိပြီး f/2.2 နဲ့ 1080p ရှိပါတယ်။ 4K Video တွေကို ရုပ်ထွက်ကောင်းအောင် ရိုက်ကူးနိုင်ပါတယ်။ Mode ထဲကိုဝင်ရောက်ပြီးတော့လည်း မိမိနှစ်သက်ရာ ပုံစံနဲ့ ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။
iPhone X/ iPhone 8 Plus
Apple က ယခုနှစ်ထုတ် iPhone X နဲ့ iPhone 8 Plus များမှာ ယခင်နှစ်ထုတ် ဖုန်းများရဲ့အနောက်ကင်မရာနှစ်လုံးကိုအဆင့်မြှင့် တပ်ဆင်ပေးထားပါတယ်။ Portrait Photos များဟာ ပိုမို ကောင်းမွန်လာပါတယ်။ iPhone 7 များထက်အရောင်အသွေးများ ပိုမို ကောင်းမွန်လာပါတယ်။ ၂၀၁၆ထက်စာရင်တော့ ယခုနှစ်ထုတ်ဖုန်းတွေက ထိပ်တန်းအဆင့်ထက်ပိုပါတယ်။ ပြောင်းလဲမှုအရှိဆုံးလို့ ဆိုနိုင်တာကတော့ ဆယ်နှစ်ပြည့် iPhone ပါ။ iPhone X မှာ Telephoto နဲ့ Wide Lens ၂ ခုစလုံးမှာ Optical Image Stabilization ထည့်သွင်းပေးထားပါတယ်။ iPhone X ရဲ့ Sensors များဟာ ပိုမိုကြီးမားပြီး မြန်ဆန်လာပြီး Deep Pixels များကို ဖမ်းယူပေးနိုင်ပါတယ်။အနောက်ကင်မရာ ၂ လုံးက တစ်စက္ကန့်လျှင် 60fpsဖြင့် 4K 2160p Video များကို ရိုက်ကူးနိုင်တဲ့ ပထမဆုံး မိုဘိုင်း ကင်မရာများ ဖြစ်လာပါတယ်။ Selfie Camera ကလည်း True Depth camera system ထောက်ပံ့တဲ့ FaceID စနစ်ရဲ့အသေးစိတ် သတင်းအချက်အလက်များကြောင့် Portrait Lightingအပါအဝင် Portrait Mode ကို ထောက်ပံ့လာပါတယ်။
မြင်ကွင်းကျယ် ကင်မရာရဲ့အလင်းဝင်ပေါက်ဟာ f/1.8 ဖြစ်ပြီး Telephoto ရဲ့အလင်းဝင်ပေါက်ဟာ f/2.4 ဖြစ်ပါတယ်။ Portrait Lighting လို့ခေါ်တဲ့ Portrait Modeအတွက် စွမ်းဆောင်ချက်အသစ်တစ်ခုပါလာပါတယ်။ သူက Portrait Photos များအတွက် Subject များကို သင့်တော်စွာအလင်းပေးနိုင်ပါတ ရိုက်ကူးနေစဉ်မှာ Lighting effect တွေ စိတ်ကြိုက်ရွေးချယ်ခွင့်ပြုမှာဖြစ်ပြီး Filter တွေမဟုတ်တဲ့ real time analysisအလင်းပြောင်းလဲမှုစနစ်ဟာ subject ရဲ့ face ပေါ်မူတည်ပြီးအလင်း effect တွေကို မရိုက်ခင်ထည့်သွင်းနိုင်မှာပါ။
Huawei Mate 10/ Mate 10 Pro
Huawei က Color + Monochrome Dual Camera စနစ်ကို ဖန်တီးထားပြီး ဒီဖုန်းများမှာလည်းအဲဒီ ကင်မရာအတွဲအစပ်ကိုသာ သုံးထားပါတယ်။ ဒီစနစ်ကအဖြူနဲ့အနက်ရောင်များကိုအလွန် တိကျစွာ ဖမ်းယူပေးနိုင်ပါတယ်။အလင်းရောင် နည်းပါးတဲ့ နေရာများမှာ ရိုက်ကူးတဲ့ ဓါတ်ပုံများကလည်း ကမ္ဘာ့ထိပ်တန်းအဆင့် ဖြစ်ပြီး ကင်မရာနှစ်လုံး ပေါင်းစပ်၍ Portrait Photos များကို ဖမ်းယူပေးပါတယ်။အကောင်းဆုံးလုပ်ဆောင်ချက်လို့ ဆိုနိုင်တဲ့ကင်မရာ ရိုက်ကူးမှုတွေကို ရရှိနိုင်ပါလိမ့်မယ်။ Huawei Mate 10 ရဲ့အနောက်ဘက်မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ကင်မရာများမှာ Phase Detection နဲ့ Laser Autofocus နည်းပညာများ ပါပြီး ၂ ဆ Zoom ဆွဲပေးနိုင်ပါတယ်။ Huawei Mate 10 ရဲ့ ကင်မရာကို နာမည်ကျော် ကင်မရာ ကုမ္ပဏီ Leica နဲ့ ပူးပေါင်းဖန်တီးထားခြင်း ဖြစ်ပါတယ်။ DxOMark က Huawei Mate 10 ရဲ့ လျှင်မြန်တဲ့ Focus ၊ ကောင်းမွန်တဲ့ Exposure နဲ့ Wide Dynamic Range တို့ ကောင်းမွန်မှုကိုလည်း ချီးကျူးထားပါတယ်။ DxOMark ရဲ့အင်ဂျင်နီယာများဟာ ဓါတ်ပုံပေါင်း ၁၅၀၀ ကျော်နဲ့ ၂ နာရီကြာ ဗီဒီယိုများ ရိုက်ကူး၍ စမ်းသပ်ခဲ့ပါတယ်။အိမ်တွင်းနဲ့အိမ်ပြင်ပမှာ စမ်းသပ်ခဲ့ကြပါတယ်။
kk(shweinnlay)