Endgame မှာ gay ဇာတ်ကောင်တစ်ဦးထက်မက ပါဝင်ကြောင်း Marvel ပြောကြား
popolay.com
|
2019-05-17

ကမ္ဘာကျော် Avengers ရုပ်ရှင်စီးရီး ဟာဆိုရင် လူကြိုက်များအောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး လတ်တလော End game ရဲ့ ဂယက်ထမှုတွေ လူမှုကွန်ယက်တွေမှာ ပွထနေဆဲပဲဖြစ်ပါတယ်။ Endgame ရဲ့ ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ Joe နဲ့ Anthony Russo တို့ဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၈ မှာ EW Morning Live ကို သွားခဲ့ပြီးအင်တာဗျူး မေးခွန်းများကိုဖြေကြားခဲ့ပါတယ်။ Avengers ဇာတ်ကောင်တွေနဲ့ ပတ်သတ်ပြီး သူတို့ဘာတွေဖြေသွားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<







Avengers:Endgame ရဲ့ ဒါရိုက်တာနှစ်ယောက်ဖြစ်တဲ့ Joe နဲ့ Anthony Russo တို့ဟာအသစ်ထွက်ရှိမယ့် Avengers ရုပ်ရှင်ကားမှာ ဇာတ်ကောင်ထဲက တစ်ဦးဟာ ဂေးတစ်ယောက်အနေနဲ့ ပါဝင်သွားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။ ဂေးအဖြစ်ပါဝင်မယ့် ကာရိုက်တာက ပရိတ်သတ်သိပြီးသား ကာရိုက်တာ ဖြစ်ပြီး ဇာတ်ကောင်အသစ်မဟုတ်ကြောင်း ပြောထားပါတယ်။







“ဒါက Infinity War ရုံတင်ပြသအပြီး ကမ္ဘာအနှံ့အပြားက ပရိတ်သတ်တွေ တုန့်ပြန်မှုကို ကြည့်ပြီးကျွန်တော်တို့ ဒီဇာတ်ကောင်ကို ဂေးအဖြစ် ရွေးချယ်ဖို့ သင့်တော်တယ်လို့ ဆုံးဖြတ်လိုက်တာပါ” လို့ Joe ကပြောခဲ့ပါတယ်။







တစ်ဖန် MC က ‘အခုသတ်မှတ်ထားတာအပြင် တခြား ဂေး ဇာတ်ကောင်မျိုးရှိဦးမလား’ ဟုမေးမြန်းတဲ့အခါ Joe က ‘ရှိကောင်းရှိနိုင်တယ် မကြာခင်သိခွင့်ရမှာပါ’ ဆိုပြီးပြောသွားပါတယ်။ “အကယ်၍ ဂေးလို ကာရိုက်တာမျိုး ထပ်ထည့်မယ်ဆိုရင် Marvel ပရိုဂျူဆာ Kevin ကအတိအလင်း ကြေညာပေးပါလိမ့်မယ်” ဟု Joe က ထပ်ဆောင်းပြောကြားသွားပါသေးတယ်။







အဆိုပါအင်တာဗျူးအပြီး သိပ်မကြာတဲ့အချိန်အပိုင်းအခြား ၂၀၁၈ နှစ်ကုန်ခါနီးလောက်မှာ Marvel films မှ လာမယ့် Avengers ဇာတ်ကားတွေမှာ ဂေး ကာရိုက်တာ နှစ်ယောက်ပါရှိမယ်လို့ ပြောကြားသွားခဲ့ပြီး ဘယ်ဇာတ်ကောင်က ဂေးဆိုတာကိုတော့အတိအလင်း ထုတ်ပြန်ခြင်းမျိုးမရှိခဲ့ပါဘူး။ ဒါကလဲ Marvel ပရိတ်သတ်ကို ခန့်မှန်းကြည့်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ထုတ်မပြောခဲ့ပုံပါပဲ။ လက်ရှိမှာ Endgame လဲ ရုံတင်ပြသပြီးသွားပြီမို့ ဘယ်သူက ဂေး ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့သလဲဆိုတာ ပရိတ်သတ်ကြီးခန့်မှန်းရမှာပါ။ ဘယ်သူဖြစ်မယ်လို့ထင်လဲ ပရိတ်သတ်ကြီးရေ။







(ပိုပိုလေး)




Some text some message..