
မြန်မာနိုင်ငံမှာတော့အင်တာနက်အသုံးပြုမှုအတော်လေး တိုးတက်လာခဲ့ပေမဲ့အများစုက ဖေစ်ဘုတ်ကိုပဲအရာအားလုံးအတွက်အားကိုနေတာကြတာဖြစ်လို့ dating app တွေကတော့အခုအချိန်အထိ ပေါ်ပြူလာဖြစ်မလာသေးပါဘူး။ မြန်မာနိုင်ငံက ၉၀% လောက်က ဖေစ်ဘုတ်ကနေပဲ စကားပြောပြီး ဒိတ်လုပ်ကြတာ များပါတယ်။ ဒါပေမဲ့ လူငယ်တွေတဖြည်းဖြည်းပိုများလာနိုင်တဲ့ မြန်မာနိုင်ငံမှာ ပိုပြီးတော့အမြင်ကျယ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဖေစ်ဘုတ်ပေါ်မှာ ဈေးဗန်းမခင်းတော့ပဲ dating app တွေ့ကနေတစ်ဆင့် ကိုယ်ရဲ့ တွဲဖက်ကို ရှာနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာအသုံးပြုနိုင်တဲ့ dating app ကောင်းကောင်းလေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။
1.Tinder

Tinder ကတော့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး dating app တစ်ခုဖြစ်ပါတယ်။ Tinderကတော့ မြန်မာနိုင်ငံမှာလည်း လူသုံးအများဆုံး dating app တစ်ခုဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒီ app ကတော့ ကိုယ့်ရဲ့အသက်၊အလုပ်အကိုင် တွေအပေါ်မူတည်ပြီး Tinderအသုံးပြုသူတွေထဲကကိုယ့်နဲ့အလိုက်ဖက်ဆုံးသူကို ရှာပေးမှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့တစ်ယောက်ကို ရွေးချယ်ရမှာပါ။နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး စကားစပြောဖြစ်သွားရင်တော့အဆင်ပြေနေပါပြီ။ မြန်မာနိုင်ငံမှာတော့အခုလို ဒိတ်တဲ့သူရှားပေမဲ့ ပွင့်လင်းမြင်သာမှုတော့ရှိလာပြီဖြစ်ပါတယ်။ dating app ကနေတစ်ဆင့် ဒိတ်လုပ်ဖို့သာမက သူငယ်ချင်းအသစ်တွေလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။
2.OkCupid

www.okcupid.com
ဒီ dating appကတော့ Tinder နဲ့တော်တော်လေး ကွာပါတယ်။ ဒီdating appကို စတင်အသုံးပြုပြီဆိုရင်တော့အသုံးပြုသူရဲ့အကြိုက်၊ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကိုအရင်ဆုံးမေးခွန်းမေးပါတယ်။အဲဒီအရာတွေအပေါ်မူတည်ပြီး ကိုယ်နဲ့အကြိုက်တူ၊ဝါသနာတူတဲ့လူတွေကို ပြသပေးထားမှာဖြစ်ပါတယ်။ ဒီဟာကတော့အာရှနိုင်ငံတွေမှာအသုံးများပါတယ်။ ဒီ app ကတော့ ကြော်ငြာတော့ နည်းနည်းများပါတယ်။ website ကနေအသုံးပြုရတာ ပိုပြီးတော့ လွယ်ကူပါတယ်။
3.Badoo

badoo.com
ဒီ app ကတော့ တခြားသော dating app တွေနဲ့ တော်တော်လေးကွာပါတယ်။ ကိုယ့်ဒိတ်ချင်တဲ့ မြို့၊နိုင်ငံက သူကို ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ်လည်းအနီးအနားကလူကို ဒိတ်ချင်လည်း ရပါတယ်။ Badoo ကိုတော့ ရုရှားနိုင်ငံသား စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်က တည်ထောင်ထားတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကသူတွေအသုံးပြုနေကြတဲ့ နာမည်ကြီး dating app ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိမှာအသုံးပြုသူ တော်တော်လေး နည်းသေးလို့ သိပ်ပြီးတော့ လူသိမများသေးပါဘူး။ Badoo ကိုတော့ appကို downloadတာထက် website ကနေအသုံးပြုရတာ လိုလွယ်ပါတယ်။
Source: Techiemm