တစ်ကြိမ်ပဲတွေ့ရသေးတဲ့မိန်းကလေးဆီစာပို့မယ်ဆိုရင် ဘယ်လိုစာမျိုးပို့သင့်လဲ
shwemom.com
|
2019-06-18

ကိုယ်နဲ့အပြင်မှာ တစ်ခါပဲ တွေ့ဖူး၊ ဆုံဖူး၊ စကားပြောဖူးတဲ့ မိန်းကလေးတစ်ယောက် ဆိုပါတော့။ စကားပြောပြီးတဲ့နောက် ကိုယ့်ဆီမှာ သူ့ရဲ့ဖုန်းနံပတ်လည်းရလာခဲ့ပြီ။ ကိုယ့်အနေနဲ့လည်း သူနဲ့ ထပ်ဆုံချင်တာမျိုး၊ ထပ်ပြီးဆက်သွယ်ချင်တာမျိုး လုပ်ချင်သေးတယ်။ ဒီလိုဆိုရင် သူ့ဆီကို ဖုန်းဆက်တာမျိုး၊ စာပို့တာမျိုးက မဖြစ်မနေ လုပ်ရတော့မယ်လေ။

သူ့ဆီကို ဖုန်းဆက်ဖို့ဆိုရင်လည်း သူ့အကြောင်းကို သေချာမသိသေးတော့အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်ရတယ်။ ဒီတော့ စာပို့တာအကောင်းဆုံးပေါ့။

စာပို့တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်ပို့နိုင်ဦးမှ။ ကိုယ်က ပထမဆုံးတစ်ကြိမ်ပဲ တွေ့ဖူးသေးတာဆိုတော့ လိုတာထက်ပိုပြီး စိတ်ခံစားမှုပါတဲ့ စာမျိုးဆိုရင် သူက ကိုယ်နဲ့နောက်တစ်ကြိမ်တွေ့ဖို့ စဉ်းစားတော့မှာ။ ဒီတော့ ဘယ်လိုစာမျိုးပို့သင့်လဲ။ တစ်ချက် ဖတ်ကြည့်လိုက်ပါဦး။

(၁)။အချိန်ယူပါ
အခုပဲ နှစ်ယောက်တွေ့ပြီး ပြန်သွားတယ်။ သူ့ဆီကို ချက်ချင်းကြီး စာပို့တာမျိုးမလုပ်ပါနဲ့။အနည်းဆုံးတော့အချိန် (၈) နာရီလောက် ယူပါဦး။ သူ့အနေနဲ့အားမယ်လို့ထင်တဲ့အချိန်မျိုး၊ ညအိပ်ယာဝင်ခါနီးအချိန်မျိုးလောက်မှာမှ မက်ဆေ့ချ်ပို့တာအကောင်းဆုံးပါ။ ကိုယ့်ဖက်က မရိုးသားဘူးလို့ သူခံစားရရင် သူ့ဖက်ကလည်း ဘာဆက်လုပ်ရမလဲ စဉ်းစားတော့မှာပါ။

(၂)။ တတ်နိုင်သမျှ လို တို ရှင်း
သင့်ရဲ့ပထမဆုံး မက်ဆေ့ချ်ကို တတ်နိုင်သမျှ လို တို ရှင်း ဖြစ်ပါစေ။ သင်ပြောချင်တဲ့အကြောင်းအရာကိုပဲ စကားလုံးအနည်းငယ်နဲ့ ထိထိမိမိဖြစ်အောင် ပို့သင့်ပြီး သူ့အနေနဲ့ နားလည်လွယ်တာမျိုးလည်း ဖြစ်သင့်ပါတယ်။ သင်က သူနဲ့ထပ်တွေ့ချင်သေးတယ်ဆိုရင် “အားတဲ့နေ့ကော်ဖီသောက်ရအောင်” ဆိုတာမျိုးကအလွယ်ဆုံးနဲ့အထိရောက်ဆုံးဖြစ်မှာပါ။


Andy Sekov/ShutterStock

(၃)။ စာလုံးပေါင်းတွေ သတ်ပုံတွေမှန်ပါစေ
သင့်ရဲ့ပထမဆုံးမက်ဆေ့ချ်မှာတင် စိတ်ပျက်စရာဖြစ်မသွားစေဖို့အတွက် စာလုံးပေါင်းမှန်ဖို့တော့ လိုပါလိမ့်မယ်။အင်္ဂလိပ်လို ပို့တယ်ဆိုရင်လည်း စာကြောင်းအထားအသိုမှန်မှန်ဖြစ်ဖို့ လိုပါတယ်။ ကိုယ်က သူအထင်ကြီးအောင်လို့အင်္ဂလိပ်လိုကြီး ပို့လိုက်ပြီးတော့မှ စာလုံးပေါင်းတွေလည်းမမှန်၊ စာကြောင်းအထားအသိုတွေလည်း လွဲနေတယ်ဆိုရင်အစကတည်းက ကိုယ့်ကို သူအထင်ကြီးမှာ မဟုတ်တော့ပါဘူး။

(၄)။ Emoji ရွေးချယ်မှု မှန်ကန်ပါစေ

တကယ်လို့ ကိုယ်က မက်ဆေ့ချ်တွေမှာ Emoji လေးတွေ ထည့်ပို့ရတာ ဝါသနာပါတဲ့သူဆိုရင် ကိုယ်ပို့လိုက်တဲ့ Emoji လေးတွေက နေရာတကျ ဖြစ်ဖို့ လိုပါလိမ့်မယ်။ “နောက်တစ်ခေါက်တွေ့ရအောင်” ဆိုတဲ့ မက်ဆေ့ချ်အနောက်မှာ ပြောင်ပြနေတဲ့ Emoji မျိုး ထည့်မိလို့ရှိရင် ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ချ်က သူ့ကိုလှောင်နေသလိုမျိုး ဖြစ်သွားမှာမို့အခြေအနေမကောင်းနိုင်ပါဘူးနော်။


PxielStudio/ShutterStock

(၅)။ လိင်ကိစ္စဆန်တဲ့အသုံးအနှုန်းတွေမထည့်မိပါစေနဲ့

ကိုယ့်ရဲ့ပထမဆုံးမက်ဆေ့ချ်မှာ လိင်ကိစ္စဆန်တဲ့ စကားလုံးတွေ မထည့်မိဖို့က လုံးဝကိုအရေးအကြီးဆုံးပါ။ ဒါက ကိုယ်ပထမဆုံးပို့မယ့် မက်ဆေ့ချ်မို့ ဒီမက်ဆေ့ချ်ကို ဖတ်လိုက်တာနဲ့ ကိုယ်က ဘယ်လိုလူလဲလို့ သူဆုံးဖြတ်တော့မှာပါ။ “ကိုယ်မနေ့ကတွေ့ခဲ့တဲ့ မင်းနှုတ်ခမ်းလေးကို ဒီနေ့အထိသတိရနေတယ်” ဘာညာ သွားလုပ်ရင်တော့ ဟိုက ကိုယ့်ကို မက်ဆေ့ချ်ပြန်ပို့ဖို့ နေနေသာသာ ဝေးဝေးကနေပဲ ရှောင်တော့မှာမို့အသုံးအနှုန်းလေးတွေ သတိထားကြဖို့လိုပါတယ်။

Linn

Source : Wikihow




Some text some message..