
စမတ်ဖုန်းတွေဟာ (၉၀) ခုနှစ်အစောပိုင်းလောက်ကစပြီး လူတွေရဲ့ ဘဝထဲကို ဝင်လာခဲ့ပါတယ်။ စမတ်ဖုန်းတွေပေါ်လာပြီးနောက်မှာ လူတွေအတွက် ဆိုးကျိုးတွေ ရှိသလို ကောင်းကျိုးတွေလည်း ရှိနေပါတယ်။အခုအခါမှာတော့ စမတ်ဖုန်းတွေမပေါ်မီက လူတွေကြုံတွေ့ခံစားရတဲ့အခက်အခဲတွေကို insider ကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။
ဆက်သွယ်ရေး
စမတ်ဖုန်းတွေ မပေါ်ခင်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်လို့ ရပါတယ်။အိမ်သားတစ်ယောက်က ရပ်ဝေးမြေခြားရောက်နေတဲ့အခါ ကျန်ရစ်ခဲ့တဲ့အိမ်သူအိမ်သားတွေအဖို့မှာ ဖုန်းကိုသာအားကိုးပြီးအဆက်အသွယ်ပြုရပါတယ်။ ယနေ့ခေတ်လို FaceTime ၊ Skype နဲ့ ဗီဒီယိုကော ပြောလို့ရနိုင်တဲ့ app တွေ မပေါ်သေးတာကြောင့် ဆက်သွယ်ရေးမှာအခက်အခဲတွေ တွေ့ခဲ့ရပါတယ်။

Pexels/Pixabay
အစားအသောက်မှာယူခြင်း
အရင်တုန်းကတော့အစားအသောက်မှာယူတဲ့အခါ တစ်စုံတစ်ယောက်ကို ဖုန်းဆက်မှာယူပြီး စာရေးသားမှတ်ရတာနဲ့ ငွေပေးချေရတာနဲ့အဆင့်ဆင့်ပါပဲ။အခုအခါမှာတော့ ဖုန်းလေးတစ်လုံးရှိရုံနဲ့တောင် ကိုယ်ကြိုက်တာကို ကိုယ်မှာယူနိုင်ကာ ခရစ်ဒစ်ကတ်နဲ့ ငွေပေးချေရုံနဲ့အိမ်တို်င်ရာရောက် လာပို့တဲ့ စနစ်တွေ ရှိနေပြီဖြစ်ပါတယ်။
ဖျော်ဖြေရေးဆိုင်ရာ
သီချင်းချစ်သူတွေအတွက်ဆိုရင်လည်း စမတ်ဖုန်းတွေဟာ တော်တော်လေးအသုံးကျပါတယ်။ စမတ်ဖုန်းထဲမှာ သီချင်းပေါင်းမြောက်မြားစွာကို ထည့်သွင်းပြီးအချိန်မရွေး နေရာမရွေးနားထောင်နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တီဗီရှိုးအစီအစဉ်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ဒေါင်းလုဒ်ယူထားပြီးတဲ့အခါ Wifi မလို data connection မလိုပဲ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ကြည့်နိုင်လာပြီပဲ ဖြစ်ပါတယ်။

Shutterstock/Kaspars Grinvalds
ငွေကြေးဆိုင်ရာ
အရင်တုန်းကတော့အပြင်ထွက်တဲ့အခါအိမ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့ပြီဆိုရင် ဘာမှ ဝယ်ခြမ်းလို့ မရတော့ပါဘူး။အခုအခါမှာတော့ ApplePay လို မိုဘိုင်းငွေချေစနစ်ကို သုံးလာနိုင်ပါပြီ။ ၎င်းစနစ်ဟာ ဖုန်းနဲ့ ခရစ်ဒစ်ကတ်ကို ချိတ်ထားတာ ဖြစ်တဲ့အတွက် ဖုန်းရှိရုံနဲ့ ကိုယ်ဝယ်ခြမ်းချင်တဲ့ ပစ္စည်းမှန်သမျှကို ငွေပေးချေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေဟာ တွက်ချက်ရေးမှာလည်းအသုံးဝင်ပါတယ်။ ဂဏန်းပေါင်းစက် ဆောင်စရာမလိုပဲ စမတ်ဖုန်းထဲကအသင့်ပါ ဂဏန်းပေါင်းစက်က ငွေကြေးစီမံတွက်ချက်ရာမှာအတော်လေးအသုံးကျပါတယ်။
ဗဟုသုတရေးရာ
အရင်တုန်းကတော့ သတင်းတွေသိချင်တဲ့အခါ သတင်းစာ၊ တယ်လီဗေးရှင်းနဲ့ ရေဒီယိုတွေကိုပဲအားကိုးရပါတယ်။အခုအခါမှာတော့အွန်လိုင်းသတင်း app တွေနဲ့ ဝက်ဒ်ဆိုက်တွေအများကြီး ပေါ်ပေါက်လာတာကြောင့် သတင်းတွေကိုအချိန်နဲ့ တပြေးညီ သိရှိနို်င်နေပြီပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် ကိုယ်သိချင်တဲ့အကြောင်းအရာမျိုးစုံကိုလည်း Google ခေါက်ကာ ရှာဖွေလေ့လာနိုင်သလို လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးတွေကိုလည်း စမတ်ဖုန်းတွေကနေတဆင့်အလွယ်တကူ ဖတ်ရှုနိုင်နေပြီပဲ ဖြစ်ပါတယ်။
လင်းလင်း (ShweMom)