(Zawgyi Version)
တချို့ကောင်မလေးတွေက ဓာတ်ပုံရိုက်ရတာတော့ ဝါသနာပါတယ်၊ ဒါပေမယ့် ပို့စ်တော့ ကောင်းကောင်းမပေးတတ်ကြဘူး။ ဓာတ်ပုံရိုက်တော့မယ်ဆို ဘယ်လိုနေရမလဲ၊ ဘယ်လိုပို့စ်ပေးရမလဲဆိုတာကို စဉ်းစားရတာလည်း အလုပ်တစ်လုပ်ပါပဲ။ ဒါကြောင့် ဓာတ်ပုံရိုက်ဖို့ ပို့စ်မပေးတတ်တဲ့သူတွေအတွက် လွယ်ကူတဲ့ပို့စ်ပေးနည်းတွေနဲ့ ဘယ်လိုလှအောင်ရိုက်လို့ရမလဲဆိုတာကို ပြောပြပေးလိုက်တယ်နော်။
ပို့စ်မပေးတတ်တဲ့သူတွေနဲ့ လူကောင်သေးတဲ့ကောင်မလေးတွေအတွက် အကောင်းဆုံးကတော့ Portrait ရိုက်တာပါပဲ။ ဒီတိုင်းလေး တခြားကိုငေးနေတဲ့ပုံစံ ပို့စ်ပေးရတာက အလွယ်ကူဆုံးနဲ့ သဘာဝဆန်ဆန်လေးဖြစ်လို့ Portrait နဲ့ ရိုက်ရင် ပိုတောင်လှပါတယ်။
မျက်နှာအနေအထားကို နည်းနည်းမော့ပြီး ရယ်နေတဲ့ပုံလေးကို Portrait ရိုက်ရင် အရမ်းလှပါတယ်။ ပို့စ်မပေးတတ်တဲ့သူတွေအတွက်တော့ အရမ်းလွယ်တဲ့ ပို့စ်ပေးနည်းပါပဲနော်။
ဘောင်းဘီဝတ်တဲ့အခါမျိုးမှာဆိုရင် အိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်ပြီး သူမလို တခြားဘက်ကိုကြည့်နေတဲ့ပုံလေး ပို့စ်ပေးရိုက်ကြည့်ပါ။
အခြားနေရာကို ဓာတ်ပုံရိုက်နေတဲ့ပုံစံလေး ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ သဘာဝဆန်ပြီး ကြည့်လို့အရမ်းလှပါတယ်။ အထူးသဖြင့် ခရီးသွားတဲ့အခါမျိုးမှာဆို ဒီလိုလေးရိုက်ကြည့်ပါ။
ခြေထောက်ကိုနည်းနည်းကားပြီး လက်တစ်ဖက်ကိုရှေ့မှာထားပါ။ ပြီးရင် မျက်နှာကို နည်းနည်းမော့ပြီး ကင်မရာကိုကြည့်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ဒီလိုပို့စ်ပေးနည်းလေးနဲ့ဆိုရင် ရိုးရိုးရိုက်လည်းလှသလို Portrait နဲ့ရိုက်လည်း လှပါတယ်။
ထိုင်ပြီးရိုက်လို့ ဘယ်လိုနေရမလဲမသိရင် ဘေးတစ်နေရာကို လက်လေးထောက်ပြီး ရယ်နေတဲ့ပုံလေးရိုက်ကြည့်ပါ။ ပို့စ်မပေးတတ်လည်း ကောင်းကောင်းရယ်တတ်ရင်၊ ပြုံးတတ်ရင် ဓာတ်ပုံလှလှလေးရပါတယ်နော်။
ပို့စ်မပေးတတ်တဲ့သူတွေအတွက် နောက်ထပ်လွယ်ကူတဲ့ပို့စ်ကတော့ လက်တစ်ဖက်ကိုရှေ့ထားပြီး နောက်လက်တစ်ဖက်က ဆံပင်သပ်နေတာမျိုးလေးရိုက်ကြည့်ပါ။ မျက်နှာအနေအထားကတော့ ပြုံးရင်လည်းလှသလို ရယ်နေရင်လည်းလှနေမှာပါ။
ဘေးတစ်စောင်းလေးနေပြီး ခြေထောက်တစ်ဖက်ကို ရှေ့ထုတ်ကာ လက်တစ်ဖက်ကိုလည်း ပုံထဲကအတိုင်းလေးထားပြီး ရိုက်ကြည့်ပါ။ မျက်နှာအနေအထားကတော့ ဘယ်လိုနေနေလှပါတယ်။ ဒီပို့စ်ပေးနည်းက လုပ်ရတာလွယ်သလို ပုံကောင်းလည်းထွက်စေပါတယ်။
Photo Source: www.pinterest.com
(Unicode Version)

The post
ဓာတ်ပုံရိုက်ဖို့ပို့စ်မပေးတတ်တဲ့သူတွေအတွက် လွယ်ကူတဲ့ပို့စ်ပေးနည်းများ
appeared first on
MyStyle Myanmar
.