ကမ္ဘာမြေဆွဲအား သက်ရောက်ခြင်းမရှိတဲ့ နေရာဒေသများ
lifestylemyanmar.com
|
2020-02-25



ကမ္ဘာမြေကြီးဟာ တကယ့်ကိုထူးဆန်းအံ့ဩဖွယ်ရာပါဘဲ။ အခုချိန်ထိကို လူတွေရှာမတွေ့သေးတဲ့ အကြောင်းအရာတွေအများကြီးရှိနေသေးသလို တွေ့ရှိထားသမျှတွေထဲကလည်း သိပ္ပံပညာရှင်တွေ အဖြေရှာမတွေ့တဲ့ ကိစ္စတွေအများကြီးရှိနေပါသေးတယ်။ ရှာဖွေလေတွေ့ရှိလေဆိုတဲ့ စကားရှိပေမယ့် တွေ့ရှိသမျှကို နားလည်ဖို့ မဖြစ်နိုင်သေးတာကတော့ ကမ္ဘာမြေရဲ့ အံ့ဩဆန်းကြယ်မှုလို့ပြောရမလား လူတွေရဲ့ အသိဉာဏ်နဲ့လိုက်လို့မမှီတာလို့ သတ်မှတ်ရမလားပါဘဲ။

အင်္ဂလန်နိုင်ငံမှာ တည်ရှိတဲ့ အထက်ကိုပြန်တက်သွားတဲ့ ရေတံခွန် ( The “reverse” waterfall )




ဒီရေတံခွန်ဟာ ဟေးလ်ဖီးလ်ဒေသနဲ့ မနီးမဝေးမှာတည်ရှိပြီး ရေတံခွန်က စီးကျလာတဲ့ ရေများဟာ အထက်ကိုပြန်တက်သွားပါတယ်။ ဒီ ၇၈ပေ အမြင့်ရှိတဲ့ ပြောင်းပြန်ရေတံခွန်ရဲ့ လျှို့ဝှက်ချက်ကတော့ အလွန်ပြင်းထန်တဲ့ လေအားကြောင့်မို့လို့ စီးကျလာတဲ့ရေတွေဟာ အထက်ကိုပြန်တက်သွားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထူးဆန်းတာက အဲ့ဒီလေတွေ ဘယ်ကတိုက်ခတ်တာလဲဆိုတာကို အဖြေရှာမတွေ့နိုင်တာဘဲဖြစ်ပါတယ်။

အမေရိကန် အော်ရီဂွန်ပြည်နယ်က ထူးဆန်းနက်နဲမှုတွေ ပြည့်နှက်နေတဲ့အိမ် (A house of mysteries in Oregon, US )




ဒေသခံအမေရိကန်လူမျိုးတွေကတော့ တားမြစ်ထားတဲ့ မြေနေရာဆိုပြီး ရှောင်ရှားကြပါတယ်။ အဲ့ဒီနေရာကို ရောက်တာနဲ့ ပင်လယ်ထဲမျောနေသလို ခံစားရပါလိမ့်မယ်။ တံမြက်စည်းတစ်ချောင်းကိုထောင်ထားကြည့်တဲ့အခါမှာ လဲကျမသွားဘဲ ထောင်လျက်အတိုင်းသာရှိနေတာကိုတွေ့ရပါတယ်။ အိမ်ကြမ်းပြင်မြင့်တဲ့နေရာကနေ ဘောလုံး သို့မဟုတ် ပုလင်းတစ်လုံးကို လိမ့်ချကြည့်တဲ့အခါမှာလည်း လျောစောက်အတိုင်း လိမ့်မသွားဘဲ အမြင့်နေရာကို ပြန်တက်လာတာကို တွေ့ရပါတယ်။ အဲ့ဒီအိမ်ဟာ သိသိသာသာကို တစ်ဖက်ကိုစောင်းနေပေမယ့် ရေပြင်ညီတိုင်းကိရိယာတွေနဲ့ တိုင်းကြည့်တဲ့အခါမှာလည်း တညီထဲရှိနေတာကိုတွေ့ရပါတယ်။

အာရာဂတ်တောင်ခြေရင်းမှာရှိတဲ့ လမ်း ( The road at the foot of Mount Aragats in Armenia )



တူရကီနဲ့အာမေးနီးယားနယ်စပ်မှာရှိတဲ့ လူတွေကို စိတ်အာရုံမှောက်မှားစေတဲ့ အရာဂတ်တောင်ကို နှစ်စဉ်လူထောင်ချီပြီး လာရောက်လည်ပတ်လေ့ရှိပါတယ်။ တောင်ခြေရင်းမှာ အင်ဂျင်စက်သတ်ထားတဲ့ သူတို့ရဲ့ကားတွေ
တောင်ပေါ်ကို အလိုအလျောက်တက်သွားတာကိုကြည့်ပြီး လာရောက်လည်ပတ်သူတွေဟာ ဆန့်ကျင်ဘက်ဆွဲအားကို လေ့လာလေ့ရှိကြပါတယ်။ အနီးအနားမှာရှိတဲ့မြစ်တစ်စင်းဟာလည်း ကုန်းထလာသလို တွေ့ရပါလိမ့်မယ်။ လာရောက်လည်ပတ်တဲ့လူအများစုက တောင်ပေါ်တက်ရတာဟာ တောင်အောက်ဆင်းတာထက် ပိုလွယ်ကူတယ်လို့ဆိုကြပါတယ်။

အမေရိကန် နီဗားဒါးမှာရှိတဲ့ ဟူးဗားဆည်




၇၂၆.၄ ပေမြင့်တဲ့ ဒီရေကာတာမှာ ရိုးရှင်းတဲ့ စမ်းသပ်မှုကို လုပ်နိုင်ပါတယ်။ ရေကာတာပေါ်ကနေ ပုလင်းထဲက ရေအနည်းငယ်လောက်ကို လောင်းချကြည့်တဲ့အခါ အပေါ်ကိုပျံတက်လာတာတွေ့ရပါမယ်။ အခြားမတူညီတဲ့နေရာတစ်ခုမှာ တူညီတဲ့ အမြင့်တစ်နေရာကနေ အဲဒီလို ထပ်ပြီးစမ်းသပ်ကြည့်လိုက်တဲ့အခါမှာ ရေတွေဟာ လေစီးကြောင်းအတိုင်းမျောပါသွားတာကို တွေ့ရပါလိမ့်မယ်။

The golden boulder in Myanmar ( ကျိုက်ထီးရိုးဘုရား )




၄၉ ပေမြင့်ပြီး ရွှေအတိနဲ့ ဖုံးအုပ်ထားတဲ့ ဒီကျောက်တုံးကြီးဟာ မည်သည့်စက္ကန့်တွင်မဆို အောက်ကိုပြုတ်ကျသွားနိုင်ပေမယ့် သူဟာ အဲ့ဒီ့နေရာမှာ တည်ရှိနေခဲ့တာ နှစ်ပေါင်း ၂၅၀၀ ရှိခဲ့ပါပြီ။ ဗုဒ္ဓရဲ့ ဆံတော်ကို ကိုးကွယ်ပူဇော်ထားတာလို့ ဆိုကြပါတယ်။ တောင်စောင်းမှာ ပုံစံတကျ တည်ရှိမနေတဲ့ ကျောက်တုံးကြီးကို မည်သူမဆိုပြုတ်ကျသွားအောင် စွမ်းဆောင်နိုင်တယ်လို့ ထင်ရပေမယ့် သဘာဝတရားကြီးကတောင်မစွမ်းဆောင်နိုင်ပါဘူး။ ဒါဟာ တကယ့်ကိုထူးဆန်းအံ့ဩဖွယ်ရာပါဘဲ။

မူရင်းဝက်ဘ်ဆိုဒ်မှာရေးသားထားတဲ့အတိုင်း ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒီထဲမှာပါတဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေကို ယူကျူ့မှာ ရိုက်ရှာကြည့်လို့ရနိုင်ပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref- Brightside




Some text some message..