အဲကွန်းအတွက် ဘာတွေသိထားသင့်သလဲ
automobiledirectory.com.mm
|
2020-03-05

အဲကွန်းအတွက် ဘာတွေသိထားသင့်သလဲ

ပူတဲ့ ရာသီ ရောက်လာပြီးမို့ အဲယာကွန်း အကြံပေးချက် ကို
အစအဆုံး ပြန်တင်ပေးလိုက်ပါတယ်။
အပိုင်း (၁) နဲ့ (၂) ကို ပေါင်းထားတာပါ။
ဖတ်ရလွယ်အောင် ပေါင်းပြီး တင်ပေးလိုက်ပါတယ်။
မဖတ်ဖြစ်သေးရင်လည်း အရင် ရှယ်ထားပြီး အားမှ ပြန်ဖတ်နိုင်ပါတယ်။

အပိုင်း (၁)

နွေအခါမှာ အပူသက်သာဖို့ထက် မိုးအခါမှာ ရှေ့ကလေကာမှန် ရေခိုးရိုက်တာ တားဆီးဖို့အတွက် ကားမှာ လေအေးပေးစက်က လိုအပ်ပါတယ်။ လေအေးပေးစက်က အငွေ့ပျံခြင်းနဲ့ ငွေ့ရည်ဖွဲ့ခြင်းဆိုတဲ့ နိယာမကို အခြေခံပြီး လေကို အေးအောင် လုပ်တာ ဖြစ်ပါတယ်။
ငွေ့ရည်ဖွဲ့စေဖို့အတွက် ထောက်ပံပေးတဲ့ Gas ကို သုံးရပါတယ်။ Gas ကို ဖိသိပ်စက် ကွန်ပရက်ဆာနဲ့ ဖိသိပ်ပြီး ထို ကွန်ပရက်ဆာ အလုပ်လုပ်ဖို့အတွက် အင်ဂျင် လည်ပတ်မှု ကို သုံးရပါတယ်။ ဒါကြောင့်မို့လည်း ပန်ကာကြိုးကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ဗီပုံသဏ္ဍာန်ရှိတဲ့ ပန်ကာကြိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲကွန်းကို ဖွင့်လိုက်မှ ပူလီမှာပါတဲ့ ကလပ်က ကပ်ငြိပြီး လည်ပတ်တဲ့ အလုပ်ကို စပြီး လုပ်ပါတယ်။

Gas က အဖိခံရတဲ့အတွက် ပူတက်လာကာ ပြင်ပ အပူချိန်ထက်ပိုပူလာပါတယ်။ ထို Gas အပူက သူကို ငွေ့ရည်ဖွဲ့ပေးတဲ့ ကွန်ဒင့်ဆာဆီကို ရောက်တော့ ငွေ့ရည်ဖွဲ့ပြီး အရည်ဘဝကို ရောက်ပါတယ်။ ပါလာတဲ့အပူတွေကို လွတ်ပစ်ထုတ်လိုက်ပြီး အဲအပူက ပန်ကာနဲ့ မှုတ်ထုတ်ပစ်တဲ့ လေစီးကြောင်းထဲရောက်သွားပါတယ်။ ကွန်ပရက်ဆာနဲ့ ဖိသိပ်ထားပြီး ပူနေတဲ့ Gas ကို ဖိသိပ်တဲ့ အခြေအနေမှ လွတ်မြောက်ပြီး နေရာပေးလိုက်ရင် အပူကို လွတ်ထုတ်ပစ်တတ်တဲ့ သတ္တိရှိတဲ့ သဘာဝကို သုံးထားတာ ဖြစ်ပါတယ်။ ဒီလို သုံးလိုက်တဲ့အတွက် Gas က အေးစက်တဲ့ အရည်ဘဝကို ရောက်ရှိသွားပါတယ်။

Gas အနေနဲ့ ကွန်ဒင့်ဆာကနေ အငွေ့ပျံအခန်း တစ်နည်း အီဗာပိုရေတာဆီကို ဆက်သွားပါတယ်။ ဒီလို အေးစက်တဲ့ အရည်အခြေအနေနဲ့ ရောက်ရှိလာချိန်မှာ ကားထဲမှာ ရှိတဲ့ လေတွေကို ပန်ကာနဲ့ စုပ်ယူပြီးgas အရည်ပြေးနေတဲ့ ပိုက်လိုင်းပေါ်ကို ဖြတ်စေပါတယ်။ တစ်နည်းအားဖြင့် ပြောရင် ကားထဲမှာ ရှိတဲ့ အပူတွေကို Gas က ယူလိုက်ရတာ ဖြစ်ပြီး ထို အပူတွေကို စွန့်လွတ်ဖယ်ထုတ်ပစ်လိုက်တဲ့အတွက် အေးမြသွားတာ ဖြစ်ပါတယ်။

လကအေးသွားတဲ့အခါ ပူနေချိန်တုန်းကလို ရေခိုးတွေကို သယ်မထားနိုင်တော့ပါဘူး။ ဒီအတွက်ကြောင့် ရေခိုးရေငွေ့တွေဟာ Gas ပိုက်တွေပေါ်မှာ ချွေးသီးပြီး ကျန်ရစ်ခဲ့ရပါတယ်။ ဒီကျန်ရစ်တဲ့ ရေတွေကိုအပြင်ကို ထုတ်ပစ်ဖို့ကိုလည်း အဲကွန်းစနစ်တွေမှာ ထည့်စဉ်းစားပြီး စီမံပေးထားပါတယ်။
Gas က အရည်အဖြစ်မှာ အပူတွေရလိုက်လို့ ငွေ့ရည်အဖြစ် ပြန်ရောက်ကာ ကွန်ပရက်ဆာဆီကို ရောက်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း ကွန်ပရက်ဆာကနေ ကွန်ဒင်ဆာ ကွန်ဒင်ဆာကနေ အီဗာပိုရေတာကို သံသရာလည်နေပါတယ်။

ကားကို မှန်အလုံပိတ်ပြီး အဲယာကွန်းဖွင့်မောင်းရင် အပူဒဏ်က ကင်းဝေးပြီး လူသက်သာပေမဲ့ အင်ဂျင်ကတော့ မသက်သာပါဘူး။ ဓာတ်ဆီက အရည်အသွေးမပြည့်၊ အင်ဂျင်ကလည်း ကျနေတယ်ဆိုရင် ကားက မပြေးတော့ပါဘူး။ မီးသံတညံညံဖြစ်နေပါလိမ့်မယ်။ ဒီအချက်ကလွဲရင် ကားမောင်းရမှာ အဲယာကွန်းဖွင့်မောင်းတာက အဆင်ပြေပါတယ်။

အဲယာကွန်း အကြံပေးချက် - အပိုင်း (၂)

အဲယာကွန်း ဖွင့်ထားချိန်မှာ အဲကွန်းက အင်ဂျင်ပါဝါကို ယူသုံးထားလို့ ကားက အဲယာကွန်း ပိတ်ထားချိန်လို မသွက်တော့ပါဘူး။

- နေပူထဲမှ ကားရပ်ထားလို့ ကားထဲမှာ ပူနေတုန်း စက်နိူးပြီး ကားထွက်မယ်။ အဲယာကွန်းလည်း သုံးမယ်ဆိုရင် ကားမထွက်ခင် ခဏတစ်ဖြုတ် အဲကွန်းကို အမြင့်ဆုံးမှာ ထားပြီး မှုတ်ပေးသင့်ပါတယ်။
လေပူတွေ အပြင်ထွက်နိုင်ဖို့ မှန်ချထားပေးရပါမယ်။

- လေအေး အမှုတ်မှာ လူပေါ်တည့်တည့်မကျေရောက်အောင် လွဲပေးထားရပါမယ်။ အအေးဆုံးမှုတ်နေချိန်မှာ အဲယာကွန်းကောင်းရင် မှုတ်နေတဲ့ လေရဲ့ အပူချိန်က ၂ ဒီဂရီ စဲယ်စီးယပ်ပဲ ရှိပါတယ်။
အရေးပြားကို ဒုက္ခပေးတတ်ပြီး အထူးသဖြင့် မျက်နှာလို နေရာလို နုနယ်တဲ့နေရာကို အအေးတိုက်ရိုက် မကျရောက်သင့်ပါဘူး။ .

- ယာဉ်အထဲဖက်ကို အေးအောင် ပြုထားတာကလည်း ပုံမှန်အချိန်ဆိုရပါပြီး ပြင်ပအပူချိန်နဲ့ တစ်အားကွာနေရင် ကားပေါ်က ဆင်းတဲ့အခါ ပြန်တက်တဲ့အခါ အပူချိန်အပြောင်းအလဲ ကြီးမားတဲ့အပြင် ရုတ်ချင်းပြောင်းလဲတာကို ကိုယ်ခန္ဓာက ခံနိုင်ရည် မရှိတာကြောင့် ကိုယ်အတွင်းက ဆဲလ်တွေ ပျက်စီးစေပါတယ်။

- အဲကွန်းအတွက် လေကို ရယူတာမှာ ယာဉ်အတွင်းက ရယူတာရယ်။ ယာဉ်အပြင်မှ ရယူတာရယ် နှစ်မျိုးရှိပါတယ်။ ပြင်ပလေကိုသာ သုံးသင့်ပါတယ်။ အပြင်ကလေက အနံအသက်မကောင်းလို့ လေထုညစ်ညမ်းနေလို့ ဆိုရင် အထဲကလေကိုပဲ သုံးပါ။ အပြင်က လေကို သုံးသင့်တဲ့ဆိုတာမှာ ကားရဲ့ လေထုက သေးတော့ အသက်ရူထားတဲ့ လေတွေ ချည်းများသွားတတ်ပါတယ်။ ရူလိုက်တဲ့ လေထဲမှာအောက်စီဂျင်ပါဝင်မှု နည်းပါးနေရင် ယာဉ်မောင်းရဲ့ ဦးနှောက်အလုပ်လုပ်တာ ပုံမှန်မဖြစ်နိုင်တော့တဲ့အတွက် အဆုံးအဖြတ်တွေ မှားပြီး အန္တရာယ်ကို ဖိတ်ခေါ်ရာ ဖြစ်တတ်ပါတယ်။

- အဲကွန်းကို မသုံးဘူးဆိုရင်တောင် တစ်ပတ်တစ်ခါတော့ ဖွင့်သုံးပေးသင့်ပါတယ်။ Gas နဲ့စက်ကရိယာ အစိတ်အပိုင်းတွေက အလုပ်မလုပ်တာ ကြာပြီးဆိုရင် ကျပ်သွားတတ်ပါတယ်။ တစ်ပတ်ကို တစ်ခါ၊ တစ်ခါကို ၅ မိနစ် ဆက်တိုက်တော့ အနည်းဆုံး သုံးပေးရပါတယ်။

- အဲကွန်းလေထဲမှာ Gas ပါလာတယ်လို့ သံသယရှိရင် ဆက်ဖွင့်မထားပါနဲ့။ ကားအဲယာကွန်းပြင်ဆိုင်မှာ သွားပြပြီး စစ်ဆေးမှု ခံယူပါ။

-ဖုန်မှုန့်တွေ စစ်ပေးတဲ့ လေစစ် စကာပါရင် မှန်မှန် သန့်ရှင်းရေး လုပ်ပေးပါ။

-ေလေအးစက်အတွက် သုံးစွဲတဲ့ Gas က ဖရီယွန် ( Freon) ဖြစ်ပါတယ်။ အရင်က သုံးစွဲတဲ့ ဖရီယွန်အမျိုးအစားက မော်လီကျူး အရွယ်အစားကြီးမားတော့ အပူပြောင်းပေးတာ လွယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လေထုရဲ့ အိုဇွန်းလွှာကို ထိခိုက်စေတဲ့အတွက် တားမြစ်ထားတာကြောင့် နောက်ထပ် ဖရီယွန်တစ်မျိုးကို ပြောင်းလဲသုံးစွဲ ခဲ့ကြပါတယ်။ အဲဒီအမျိုးအစားက မော်လီကျူး အရွယ်အစားသေးတော့ အပူပြောင်းပေးတာ ခက်တယ်။ အဲဒီအတွက် ကွန်ဒက်ဆာမှာ စီးဆင်းပေးတဲ့ လမ်းကြောင်းကို သေးပေးလိုက်ရပြီး ဆီနဲ့ gas တို့ကို တွဲလွတ်ထားရပါတယ်။ ယိုစိမ့်တဲ့နေရာရှိရင် ဆီပါယိုစိမ့်တာကြောင့်Gas က လေထုထဲ လွတ်သွားပေမဲ့ ဆီကတော့ ယိုစိမ့်တဲ့ နေရာ တစ်ဝိုက်မှာ ကွက်ပြီး ကျန်ခဲ့ပါတယ်။
ဒါကြောင့် ဆီကွက်တွေ့ရင် ယိုစိမ့်မှု ရှိတဲ့ လက္ခဏာ ဖြစ်ပါတယ်။

တစ်ခြား ယိုစိမ့်မှုရှိတဲ့ နေရာတွေကတော့ ပိုက်ဆက်နေရာတွေ၊ ဘားတွေ ၊ ဆီးလ်တွေ ဖြစ်ပါတယ်။ကားအဲယာကွန်းမှာ အသုံးပြုထားတဲ့ ကလပ်က လျှပ်စစ် သံလိုက် ကလပ် အမျိုး အစားဖြစ်ပါတယ်။

အဲကွန်းဖွင့်တဲ့ ခလုပ်နှိပ်လိုက်တဲ့ အခါ လျှပ်စစ်သံလိုက်စက်ကွင်း ဖြစ်ပေါ်ပြီး ကလပ်က တွယ်ငြိပေးလိုက်တာ ဖြစ်ပါတယ်။ အဲကွန်း ကွန်ပရက်ဆာကို ခဏနားဖို့ လိုရင် အဲကွန်းမှာ ပါတဲ့ သာမိုစတငက်ကနေ ရပ်ခိုင်းတဲ့အခါ ရပ်နေရာက ပြန်လည်ခိုင်းတဲ့ အခါတွေမှာ သံလိုက်စက်ကွင်းနဲ့ တွယ်ငြိခိုင်း၊ ခွာခိုင်းပါတယ်။ အဲကွန်းခလုတ်ကို နှိပ်ပြီး ပိတ်လိုက်ချိန်မှာလည်း အလားတူပဲ ကလပ်ကို ပြန်ခွာပေးပါတယ်။ အဲဒီလို တွဲတဲ့အခါ တွဲ၊ ခွာတဲ့အချိန်ခွာတာကြောင့် အင်ဂျင် အတက်အကျရှိနေတတ်ပါတယ်။ကားက သွက်လိုက်နှေးလိုက်ဖြစ်တာမို့ အဲယာကွန်းဖွင့်ထားရင် ကားကို သတိထားမောင်းဖို့ လိုအပ်ပါတယ်။

Zawgyi

အဲကွန်းအတွက် ဘာတွေသိထားသင့်သလဲ
ပူတဲ့ ရာသီ ရောက်လာပြီးမို့ အဲယာကွန်း အကြံပေးချက် ကို
အစအဆုံး ပြန်တင်ပေးလိုက်ပါတယ်။
အပိုင်း (၁) နဲ့ (၂) ကို ပေါင်းထားတာပါ။
ဖတ်ရလွယ်အောင် ပေါင်းပြီး တင်ပေးလိုက်ပါတယ်။
မဖတ်ဖြစ်သေးရင်လည်း အရင် ရှယ်ထားပြီး အားမှ ပြန်ဖတ်နိုင်ပါတယ်။ ...

အပိုင်း (၁)

နွေအခါမှာ အပူသက်သာဖို့ထက် မိုးအခါမှာ ရှေ့ကလေကာမှန် ရေခိုးရိုက်တာ တားဆီးဖို့အတွက် ကားမှာ လေအေးပေးစက်က လိုအပ်ပါတယ်။ လေအေးပေးစက်က အငွေ့ပျံခြင်းနဲ့ ငွေ့ရည်ဖွဲ့ခြင်းဆိုတဲ့ နိယာမကို အခြေခံပြီး လေကို အေးအောင် လုပ်တာ ဖြစ်ပါတယ်။ငွေ့ရည်ဖွဲ့စေဖို့အတွက် ထောက်ပံပေးတဲ့ Gas ကို သုံးရပါတယ်။ Gas ကို ဖိသိပ်စက် ကွန်ပရက်ဆာနဲ့ ဖိသိပ်ပြီး ထို ကွန်ပရက်ဆာ အလုပ်လုပ်ဖို့အတွက် အင်ဂျင် လည်ပတ်မှု ကို သုံးရပါတယ်။ ဒါကြောင့်မို့လည်း ပန်ကာကြိုးကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ဗီပုံသဏ္ဍာန်ရှိတဲ့ ပန်ကာကြိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲကွန်းကို ဖွင့်လိုက်မှ ပူလီမှာပါတဲ့ ကလပ်က ကပ်ငြိပြီး လည်ပတ်တဲ့ အလုပ်ကို စပြီး လုပ်ပါတယ်။

Gas က အဖိခံရတဲ့အတွက် ပူတက်လာကာ ပြင်ပ အပူချိန်ထက်ပိုပူလာပါတယ်။ ထို Gas အပူက သူကို ငွေ့ရည်ဖွဲ့ပေးတဲ့ ကွန်ဒင့်ဆာဆီကို ရောက်တော့ ငွေ့ရည်ဖွဲ့ပြီး အရည်ဘဝကို ရောက်ပါတယ်။ ပါလာတဲ့အပူတွေကို လွတ်ပစ်ထုတ်လိုက်ပြီး အဲအပူက ပန်ကာနဲ့ မှုတ်ထုတ်ပစ်တဲ့ လေစီးကြောင်းထဲရောက်သွားပါတယ်။ ကွန်ပရက်ဆာနဲ့ ဖိသိပ်ထားပြီး ပူနေတဲ့ Gas ကို ဖိသိပ်တဲ့ အခြေအနေမှ လွတ်မြောက်ပြီး နေရာပေးလိုက်ရင် အပူကို လွတ်ထုတ်ပစ်တတ်တဲ့ သတ္တိရှိတဲ့ သဘာဝကို သုံးထားတာ ဖြစ်ပါတယ်။ ဒီလို သုံးလိုက်တဲ့အတွက် Gas က အေးစက်တဲ့ အရည်ဘဝကို ရောက်ရှိသွားပါတယ်။ .

Gas အနေနဲ့ ကွန်ဒင့်ဆာကနေ အငွေ့ပျံအခန်း တစ်နည်း အီဗာပိုရေတာဆီကို ဆက်သွားပါတယ်။ ဒီလို အေးစက်တဲ့ အရည်အခြေအနေနဲ့ ရောက်ရှိလာချိန်မှာ ကားထဲမှာ ရှိတဲ့ လေတွေကို ပန်ကာနဲ့ စုပ်ယူပြီးgas အရည်ပြေးနေတဲ့ ပိုက်လိုင်းပေါ်ကို ဖြတ်စေပါတယ်။ တစ်နည်းအားဖြင့် ပြောရင် ကားထဲမှာ ရှိတဲ့ အပူတွေကို Gas က ယူလိုက်ရတာ ဖြစ်ပြီး ထို အပူတွေကို စွန့်လွတ်ဖယ်ထုတ်ပစ်လိုက်တဲ့အတွက် အေးမြသွားတာ ဖြစ်ပါတယ်။

လကအေးသွားတဲ့အခါ ပူနေချိန်တုန်းကလို ရေခိုးတွေကို သယ်မထားနိုင်တော့ပါဘူး။ ဒီအတွက်ကြောင့် ရေခိုးရေငွေ့တွေဟာ Gas ပိုက်တွေပေါ်မှာ ချွေးသီးပြီး ကျန်ရစ်ခဲ့ရပါတယ်။ ဒီကျန်ရစ်တဲ့ ရေတွေကိုအပြင်ကို ထုတ်ပစ်ဖို့ကိုလည်း အဲကွန်းစနစ်တွေမှာ ထည့်စဉ်းစားပြီး စီမံပေးထားပါတယ်။
Gas က အရည်အဖြစ်မှာ အပူတွေရလိုက်လို့ ငွေ့ရည်အဖြစ် ပြန်ရောက်ကာ ကွန်ပရက်ဆာဆီကို ရောက်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း ကွန်ပရက်ဆာကနေ ကွန်ဒင်ဆာ ကွန်ဒင်ဆာကနေ အီဗာပိုရေတာကို သံသရာလည်နေပါတယ်။ကားကို မှန်အလုံပိတ်ပြီး အဲယာကွန်းဖွင့်မောင်းရင် အပူဒဏ်က ကင်းဝေးပြီး လူသက်သာပေမဲ့ အင်ဂျင်ကတော့ မသက်သာပါဘူး။ ဓာတ်ဆီက အရည်အသွေးမပြည့်၊ အင်ဂျင်ကလည်း ကျနေတယ်ဆိုရင် ကားက မပြေးတော့ပါဘူး။ မီးသံတညံညံဖြစ်နေပါလိမ့်မယ်။ ဒီအချက်ကလွဲရင် ကားမောင်းရမှာ အဲယာကွန်းဖွင့်မောင်းတာက အဆင်ပြေပါတယ်။

အဲယာကွန်း အကြံပေးချက် - အပိုင်း (၂)

အဲယာကွန်း ဖွင့်ထားချိန်မှာ အဲကွန်းက အင်ဂျင်ပါဝါကို ယူသုံးထားလို့ ကားက အဲယာကွန်း ပိတ်ထားချိန်လို မသွက်တော့ပါဘူး။

- နေပူထဲမှ ကားရပ်ထားလို့ ကားထဲမှာ ပူနေတုန်း စက်နိုးပြီး ကားထွက်မယ်။ အဲယာကွန်းလည်း သုံးမယ်ဆိုရင် ကားမထွက်ခင် ခဏတစ်ဖြုတ် အဲကွန်းကို အမြင့်ဆုံးမှာ ထားပြီး မှုတ်ပေးသင့်ပါတယ်။လေပူတွေ အပြင်ထွက်နိုင်ဖို့ မှန်ချထားပေးရပါမယ်။

- လေအေး အမှုတ်မှာ လူပေါ်တည့်တည့်မကျေရောက်အောင် လွဲပေးထားရပါမယ်။ အအေးဆုံးမှုတ်နေချိန်မှာ အဲယာကွန်းကောင်းရင် မှုတ်နေတဲ့ လေရဲ့ အပူချိန်က ၂ ဒီဂရီ စဲယ်စီးယပ်ပဲ ရှိပါတယ်။အရေးပြားကို ဒုက္ခပေးတတ်ပြီး အထူးသဖြင့် မျက်နှာလို နေရာလို နုနယ်တဲ့နေရာကို အအေးတိုက်ရိုက် မကျရောက်သင့်ပါဘူး။ .

- ယာဉ်အထဲဖက်ကို အေးအောင် ပြုထားတာကလည်း ပုံမှန်အချိန်ဆိုရပါပြီး ပြင်ပအပူချိန်နဲ့ တစ်အားကွာနေရင် ကားပေါ်က ဆင်းတဲ့အခါ ပြန်တက်တဲ့အခါ အပူချိန်အပြောင်းအလဲ ကြီးမားတဲ့အပြင် ရုတ်ချင်းပြောင်းလဲတာကို ကိုယ်ခန္ဓာက ခံနိုင်ရည် မရှိတာကြောင့် ကိုယ်အတွင်းက ဆဲလ်တွေ ပျက်စီးစေပါတယ်။

- အဲကွန်းအတွက် လေကို ရယူတာမှာ ယာဉ်အတွင်းက ရယူတာရယ်။ ယာဉ်အပြင်မှ ရယူတာရယ် နှစ်မျိုးရှိပါတယ်။ ပြင်ပလေကိုသာ သုံးသင့်ပါတယ်။ အပြင်ကလေက အနံအသက်မကောင်းလို့ လေထုညစ်ညမ်းနေလို့ ဆိုရင် အထဲကလေကိုပဲ သုံးပါ။ အပြင်က လေကို သုံးသင့်တဲ့ဆိုတာမှာ ကားရဲ့ လေထုက သေးတော့ အသက်ရူထားတဲ့ လေတွေ ချည်းများသွားတတ်ပါတယ်။ ရူလိုက်တဲ့ လေထဲမှာအောက်စီဂျင်ပါဝင်မှု နည်းပါးနေရင် ယာဉ်မောင်းရဲ့ ဦးနှောက်အလုပ်လုပ်တာ ပုံမှန်မဖြစ်နိုင်တော့တဲ့အတွက် အဆုံးအဖြတ်တွေ မှားပြီး အန္တရာယ်ကို ဖိတ်ခေါ်ရာ ဖြစ်တတ်ပါတယ်။

- အဲကွန်းကို မသုံးဘူးဆိုရင်တောင် တစ်ပတ်တစ်ခါတော့ ဖွင့်သုံးပေးသင့်ပါတယ်။ Gas နဲ့စက်ကရိယာ အစိတ်အပိုင်းတွေက အလုပ်မလုပ်တာ ကြာပြီးဆိုရင် ကျပ်သွားတတ်ပါတယ်။ တစ်ပတ်ကို တစ်ခါ၊ တစ်ခါကို ၅ မိနစ် ဆက်တိုက်တော့ အနည်းဆုံး သုံးပေးရပါတယ်။

- အဲကွန်းလေထဲမှာ Gas ပါလာတယ်လို့ သံသယရှိရင် ဆက်ဖွင့်မထားပါနဲ့။ ကားအဲယာကွန်းပြင်ဆိုင်မှာ သွားပြပြီး စစ်ဆေးမှု ခံယူပါ။

-ဖုန်မှုန့်တွေ စစ်ပေးတဲ့ လေစစ် စကာပါရင် မှန်မှန် သန့်ရှင်းရေး လုပ်ပေးပါ။

-လေအးစက်အတွက် သုံးစွဲတဲ့ Gas က ဖရီယွန် ( Freon) ဖြစ်ပါတယ်။ အရင်က သုံးစွဲတဲ့ ဖရီယွန်အမျိုးအစားက မော်လီကျူး အရွယ်အစားကြီးမားတော့ အပူပြောင်းပေးတာ လွယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လေထုရဲ့ အိုဇွန်းလွှာကို ထိခိုက်စေတဲ့အတွက် တားမြစ်ထားတာကြောင့် နောက်ထပ် ဖရီယွန်တစ်မျိုးကို ပြောင်းလဲသုံးစွဲ ခဲ့ကြပါတယ်။ အဲဒီအမျိုးအစားက မော်လီကျူး အရွယ်အစားသေးတော့ အပူပြောင်းပေးတာ ခက်တယ်။ အဲဒီအတွက် ကွန်ဒက်ဆာမှာ စီးဆင်းပေးတဲ့ လမ်းကြောင်းကို သေးပေးလိုက်ရပြီး ဆီနဲ့ gas တို့ကို တွဲလွတ်ထားရပါတယ်။ ယိုစိမ့်တဲ့နေရာရှိရင် ဆီပါယိုစိမ့်တာကြောင့်Gas က လေထုထဲ လွတ်သွားပေမဲ့ ဆီကတော့ ယိုစိမ့်တဲ့ နေရာ တစ်ဝိုက်မှာ ကွက်ပြီး ကျန်ခဲ့ပါတယ်။

ဒါကြောင့် ဆီကွက်တွေ့ရင် ယိုစိမ့်မှု ရှိတဲ့ လက္ခဏာ ဖြစ်ပါတယ်။တစ်ခြား ယိုစိမ့်မှုရှိတဲ့ နေရာတွေကတော့ ပိုက်ဆက်နေရာတွေ၊ ဘားတွေ ၊ ဆီးလ်တွေ ဖြစ်ပါတယ်။ကားအဲယာကွန်းမှာ အသုံးပြုထားတဲ့ ကလပ်က လျှပ်စစ် သံလိုက် ကလပ် အမျိုး အစားဖြစ်ပါတယ်။

အဲကွန်းဖွင့်တဲ့ ခလုပ်နှိပ်လိုက်တဲ့ အခါ လျှပ်စစ်သံလိုက်စက်ကွင်း ဖြစ်ပေါ်ပြီး ကလပ်က တွယ်ငြိပေးလိုက်တာ ဖြစ်ပါတယ်။ အဲကွန်း ကွန်ပရက်ဆာကို ခဏနားဖို့ လိုရင် အဲကွန်းမှာ ပါတဲ့ သာမိုစတငက်ကနေ ရပ်ခိုင်းတဲ့အခါ ရပ်နေရာက ပြန်လည်ခိုင်းတဲ့ အခါတွေမှာ သံလိုက်စက်ကွင်းနဲ့ တွယ်ငြိခိုင်း၊ ခွာခိုင်းပါတယ်။ အဲကွန်းခလုတ်ကို နှိပ်ပြီး ပိတ်လိုက်ချိန်မှာလည်း အလားတူပဲ ကလပ်ကို ပြန်ခွာပေးပါတယ်။ အဲဒီလို တွဲတဲ့အခါ တွဲ၊ ခွာတဲ့အချိန်ခွာတာကြောင့် အင်ဂျင် အတက်အကျရှိနေတတ်ပါတယ်။

ကားက သွက်လိုက်နှေးလိုက်ဖြစ်တာမို့ အဲယာကွန်းဖွင့်ထားရင် ကားကို သတိထားမောင်းဖို့ လိုအပ်ပါတယ်။

DECORATING MATERIALS အတွက် လုပ်ငန်း ၃၆၃ ခုကို ရှာဖွေရန် ဤနေရာကိုနှိပ်ပါ။

Credit: CG GPS Myanmar

Some text some message..