DC ရဲ့နာမည်ကြီး ရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ Aquaman ထဲမှာ မာယာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးအမ်ဘာဟတ်ခ်ဟာ ထောင်ကျမယ့်အရေး နဲ့ရင်ဆိုင်နေရပါတယ် ။ ၂၀၁၈ခုနှစ် တုန်းက ဂျွန်နီဒပ် က သူရဲ့ဇနီးသည်ဖြစ်သူ အမ်ဘာဟတ်ခ် ကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်ထိခိုက်စေမှုနဲ့ အမ်ဘာဟတ်ခ်ကတရားစွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျွန်နီဒပ်ဟာ အမ်ဘာဟတ်ခ်ရဲ့တရားစွဲဆိုမှုကိုငြင်းဆန်ပြီး သူမကိုအသရေဖျက်မှုနဲ့ပြန်တရားစွဲခဲ့ပါတယ် ။ လက်ရှိအချိန်မှာ အ်ဘာဟတ်ခ်ရဲ့Stylist ဖြစ်သူ ပြောဆိုခဲ့တဲ့စကားတွေကြောင့် ထောင်ဒဏ် ချမှတ်ဖွယ်ခံရနိုင်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ် ။
အမ်ဘာဟတ်ခ် Personal Stylistဖြစ်သူ မက္ကာသီ မီလန်က "အမ်ဘာဟတ်ခ်ဟာ ဂျွန်နီဒတ် သူမကို နှိပ်စက်ခဲ့တယ်လို့ ပြောခဲ့တဲ့ရက် တုန်းက အမ်ဘာဟတ်ခ် ရဲ့မျက်နှာနဲ့ကိုယ်ပေါ်မှာ ဂျွန်နီဒပ် ကအနိုင်ကျင့်နှိပ်စက်လို့ဖြစ်လာတဲ့ ဒဏ်ရာဒဏ်ချက်တွေဘာမှထူးထူးခြားခြားမတွေ့ခဲ့ပါဘူး"လို့ပြောပါတယ် ။ ဒါကြောင့် အမှုစစ်ဆေးတဲ့အခါမှာအပြစ်ရှိကြောင်းထင်ရှားခဲ့ရင် အမ်ဘာဟတ်ခ် ဟာသက်သေလိမ်လည်မှုနဲ့အတူ ထောင်ဒဏ်အများဆုံး ၃ နှစ်အထိကျခံရနိုင်တယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ် မှ ဂျွန်နီဒပ် နဲ့ အမ်ဘာဟတ်ခ်တို့ဟာ လက်ထပ်ခဲ့ကြပြီး ၂ နှစ်အကြာ မှာ ပြတ်ဆဲခဲ့ကာ အခုလိုတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တရားစွဲဆိုနေကြတာဖြစ်ပါတယ် ။