မည့်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်နေ့မွေးဖွားသူများသည် ၉ ဂဏန်းသမားများ ဖြစ်ကြသသည်။
၉ ဂဏန်းသမားတွေရဲ့ စိတ်နေစိတ်ထား၊ ထူးခြားချက်အစုံအလင်ကို သိရှိနိုင်ဖို့
၉ ဂဏန်းသမားများအကြောင်း တစေ့တစောင်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ကဲ…ဆန်းစစ်ကြည့်လိုက်ပါဦး။
၁။ အင်္ဂါဂြိုဟ် စိုးမိုးသူများ ပီပီ (9) ဂဏန်းသမားတွေဟာ “တုန်းဆိုတိုက်၊ ကျားဆိုကိုက်” သမားတွေ ဖြစ်တယ်။ စိတ်လောကြီးပြီး အရင်လို တတ်ကြသူများ ဖြစ်ကြတယ်။ စိတ်ရှည်သည်းခံနိုင်စွမ်း နည်းတယ်။ ရုပ်ဝါဒီ သမားတွေ များတယ်။ အပြိုင်အဆိုင်စိတ် ရှိတယ်။ အတိုက်အခံ ပြုလိုစိတ် ရှိတယ်။ ဘာသာရေးဖက်မှာ အားနည်း တတ်ကြတယ်။ ဒါပေမယ့် ဘာသာရေးဖက်ကို လုပ်မိပြီဆိုရင်လည်း အလွန်အကျွံ လုပ်တတ် ကြပြန်တယ်။ ပြင်းပြင်းထန်ထန် လုပ်တတ်ကြတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရဟန်းသံဃာတော်တွေထဲမှာ (9)ဂဏန်းသမား အတော်များတယ်။
၂။ (9)ဂဏန်းသမားများဟာ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူများ ဖြစ်တာကြောင့် အငြင်းအခုန်သန်သူများ၊ ခိုက်ရန်ဖြစ်ပွား လွယ်သူများ၊ လူချစ်လူခင်မများသူများ အဖြစ် အများဆုံး တွေ့ရတတ်တယ်။ သူတို့ဟာ သူများအကြံပေးချက်၊ တိုက်တွန်းချက် များကို ထည့်သွင်းစဉ်းစားလေ့ မရှိဘဲ ကိုယ့် ဆုံးဖြတ်ချက်ကိုသာ ကိုယ်ယုံကြည်ကြသူများ ဖြစ်ကြတယ်။ ကိုယ့် ဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အမှားတွေ့ကြရင်လည်း နောင်တရလေ့ မရှိကြပါဘူး။ နောင်တ ရရင်လည်း ကိုယ့်စိတ် ထဲမှာဘဲ ကိုယ်ထားပြီး သူများကို ဖွင့်ဟ မပြောတတ်ကြပါဘူး။ သူတို့ဟာ သူတို့ အမှားကို ဝန်ခံလေ့ မရှိတတ်ကြ တဲ့ လူစားမျိုးတွေဖြစ်တယ်။ “ကျွန်တော်/ကျွန်မ သိပ်မှားသွားပါတယ်” ဆိုတဲ့ စကားမျိုးကို (9)ဂဏန်းသမားတွေ ဆီက ကြားရခဲပါတယ်။
၃။ (9)ဂဏန်း သမားတွေထဲမှာ အစွန်းရောက်သူတွေ သိပ်များတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်ကျိုးလုံးဝဆို လုံးဝမကြည့်ဘဲ အများအကျိုး သက်သက်သာ ဆောင်ရွက်နေသူတွေဖြစ်ပြီး၊ တစ်ချို့ကျပြန်တော့လည်း “ဘယ်သူသေသေ၊ ငတေမာပြီးရော” သမားတွေ ဖြစ်တတ်တယ်။ ဥပမာနှိုင်းယှဉ်ပြရရင် သူ့ဘဝတစ်ခုလုံးကို လူမှုရေး အကျိုးသက်သက် အတွက်နဲ့ ရှင်သန်သွားတဲ့ မဟာဂရုဏာရှင် “မာသာထရီဇာ” ဟာ (27)ရက်နေ့မှာ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဖြစ်ပြီး ၊ ပြည်သူ သန်းပေါင်းများစွာကို လျှို့ဝှက်စွာ သတ်ဖြတ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ဟောင်း “စတာလင်” ဟာလည်း (18)ရက်နေ့ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် (18) ဂဏန်း နဲ့ (27)ဂဏန်းဟာ (9)ခြင်း တူပေမယ့် ကွာခြားချက်တွေ အများကြီး ရှိပါတယ်။
၄။ (9)ဂဏန်းသမားတွေဟာ ဘဝကို သက်သက်သာသာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းရသူတွေ မဟုတ်ကြပါ။ အမြဲတမ်း ပြဿနာ၊ ဒုက္ခ၊ အခက်အခဲ၊ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်။ လူ လူချင်း ပြိုင်ဆိုင် တိုက်ခိုက်ခံရတဲ့ ပြဿနာတွေ ရှိသလို ရန်သူမျိုး(၅)ပါးဘေး၊ သဘာ၀ ဘေးဥပဒ် ဘေးများနဲ့လည်း မကြာခဏ ကြုံရတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံနိုင်ရည် မြင့်မားသူတွေဖြစ်ပြီး အဆိုးဆုံး အခြေအနေထဲမှာ တောင်မှ အကောင်းဆုံးဖြစ်လာမှာကို မျှော်လင့်ချက် အပြည့် ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ လွယ်လွယ် နဲ့ နောက်ဆုတ်တတတ်ကြသူများ မဟုတ်ဘူး။
၅။ သူတို့ဘဝဟာ ကိုယ့်ကို အတိုက်အခံပြုသူ ၊ အပြိုင်အဆိုင် ပြုသူတွေ အမြဲရှိတတ်တယ်။ ရန်သူ များတတ်တယ်။ နောက်ပြီး သူတို့ ကိုယ်တိုင်ကလည်း ပြိုင်ဘက်တွေကို အတိုက်အခံ ၊ အပြိုင်အဆိုင် ပြုလိုစိတ် ပြင်းထန်သူတွေဖြစ်တယ်။ ဘေးကျကျ ပြောတတ်ကြသူများဖြစ်လို့ သူတို့ အကြောင်း မသိရင် အတော်ပေါင်းရ ခက်ပါတယ်။ တစ်ချို့ စကားပြော ယဉ်ကျေးတဲ့ (9)သမားတွေလည်း ရှိပါတယ်။ ဒါပေမယ့် စကားပြောသာ မရိုင်း ပေမယ့် “အကြောကတော့ အတော်မာတယ်” လို့ ပြောရပါမယ်။ သူတို့ကို အကြံပေးလို့ မရပါဘူး။ သူတို့ လုပ်ချင်ရာ လုပ်တတ်တဲ့ လူစားမျိုးတွေ ဖြစ်ပါတယ်။
၆။ အချစ်ရေး၊ အိမ်ထောင်ရေး ဘဝမှာတော့ (9)ဂဏန်းသမားတွေဟာ ယောင်္ကျားတွေ နဲ့ မိန်းမတွေဟာ ပြောင်းပြန် အကျိုးပေးတတ်ကြပါတယ်။ ယောင်္ကျားလေး (9)သမားတွေဟာ ယေဘူယျ အိမ်ထောင်ရေး ကောင်းမွန်ပြီး၊ မိန်းကလေး (9)သမားတွေ ကျတော့ ယေဘူယျ အိမ်ထောင်ရေး ညံ့တတ် ကြပါတယ်။ သင်္ချာဗေဒမှာ (4)ဂဏန်း အခြင်းခြင်း အိမ်ထောင်မပြုသင့်သလို (9)ဂဏန်း အချင်းချင်းလည်း အိမ်ထောင်မပြုသင့်ပါဘူး။ အတွေ့ရများတာ ကတော့ (9)ဂဏန်း သမားခြင်း အိမ်ထောင်ပြုရင် စီးပွားရေး ညံ့တတ်ပါတယ်။ လူချင်းကတော့ သင့်မြတ် အဆင်ပြေကြတာ များပါတယ်။
ကမ္ဘာကျော် (9)ဂဏန်းသမားတွေကတော့ –
ကဗျာဆရာကြီး လောင်းဖဲလိုး က (27)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ဖိလစ်ပိုင် အတိုက်အခံ ခေါင်းဆောင် ဘင်နီနို အကွီနို က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ရစ်ချတ်နစ်ဆင် က (9)ရက်ဖွား၊ နိုဘယ်ဆုရှင် နယ်လဆင်မန်ဒဲလား က (18)ရက်ဖွား၊ သြစတြီးယား အိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် က (18)ရက်ဖွား၊ နိုဘယ်ဆုရှင် ဂျွန်စတိန်းဘတ် က (27)ရက်ဖွား၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားက (27)ရက်ဖွား၊ မော့စ် ကြေးနန်းစနစ်ကို တီထွင်ခဲ့သူ ဆင်မြူရယ် မော့စ် က (27)ရက်ဖွား၊ အာကာသထဲကို ပထမဆုံး ရောက်ခဲ့သူ ယူရီဂါဂါရင် က (9)ရက်ဖွား၊ ဆွံအ နားမကြား၊ မျက်မမြင်ဘဝနဲ့ ပါရဂူဘွဲ့ တွေယူနိုင်ခဲ့တဲ့ ဟယ်လင်ကယ်လား က (27)ရက်ဖွား၊ ဂျာမန် နက္ခတ်ပညာရှင် ကတ်ပလာ က (27)ရက်ဖွား၊ အက်ရှင်မင်းသား ဂျင်းကလောက် ဗန်ဒိန်း က (18)ရက်ဖွား၊ ဟောလီးဝုဒ် မင်းသားတွေဖြစ်တဲ့ ကီဗင် ကော့စနာ ၊ ဂျွန်ထရာ ဗိုလ်တာ နဲ့ ဘရက်ပစ် တို့က (18)ရက်ဖွားတွေ၊ အောင်မြင်ကျော်ကြားနေချိန်မှာ ရုတ်တရက် ကွယ်လွန်သွားရ ရှာတဲ့ ဟောင်ကောင် ကွန်ဖူးမင်းသား ဘရုစ်လီ က (27) ရက်ဖွား၊ နောက်လက်ရှိ အောင်မြင်ကျော်ကြားနေတဲ့ ဟောင်ကောင် အက်ရှင်မင်းသား ချောင်ယွန်ဖတ် က (18)ရက်ဖွား၊ အဆိုကျော် ခရစ္စတီးနား အဂွီလီးယား က (18)ရက်ဖွား၊ သဘာ၀ မင်းသား တွမ်ဟန့်ခ် က (9)ရက်ဖွား၊ ကလီယိုပက်ထရာ ဇာတ်ကားနဲ့ နာမည်ကြီးခဲ့ပြီး အိမ်ထောင် (၇)ဆက်ပြုခဲ့တဲ့ မင်းသမီးကြီး အဲလီဇဘက်တေလာ က (27)ရက်ဖွား၊ ကမ္ဘာကျော် ဂီတပညာရှင် မိုးဇက် က (27)ရက်ဖွား၊ ဘီတယ် အဆိုကျော် ဂျွန်လီနွန်က (9)ရက်ဖွား၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ က (18) ရက်ဖွား၊ ဆိုဗီယက် အာဏာရှင် ဂျိုးဇက် စတာလင် (18)ရက်ဖွား၊ အမေရိကန် သန်းကြွယ်သူဌေးကြီး ဟင်နရီ ဂျေ ကိုင်ဇာ က (9)ရက်ဖွား၊ မဟာဂရုဏာရှင် မာသာထရီဇာ က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း သီအိုဒို ရု့စ်ဘဲ က (27)ရက်ဖွား၊ ကဗျာစာဆိုကြီး အိုမာခေရမ် က (18)ရက်ဖွား အသီးသီး ဖြစ်ကြပါတယ်။
[ Unicode ]

Ref; numerology