ပုံလေးတွေက ပြောပြပေးမယ့် သင့်အတွက် တစ်နေ့တာ ဗေဒင်ခန့်မှန်းချက်များ
lotaya.mpt.com.mm
|
2020-05-19



Shutterstock/ tatevrika & ptashka & Natalia Zelenina & Arizzona Design & Maksim M & Super Prin

ဒီနေ့မှာ ဘယ်လိုအရာတွေက သင့်အတွက် စောင့်ကြိုနေမလဲဆိုတာ သိချင်ပါသလား။ ဆောင်ရန်၊ရှောင်ရန်တွေ ကြိုသိတော့ သင့်အနေနဲ့ ကောင်းမွန်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရမှာ မလွဲမသွေပါပဲ။ ပုံလေးတစ်ပုံကို ရွေးချယ်ပြီး သင့်အတွက် ဒီနေ့ရဲ့ဗေဒင်ခန့်မှန်းချက်လေးကို ဖတ်ကြည့်လိုက်ရအောင်….

(၁) အသဲပုံ




Shutterstock/ tatevrika

ဒီနေ့မှာ သင်ဟာ နှလုံးသားရေးရာနဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်မှာပါ။ ကိုယ်ချစ်ရတဲ့သူကို အချိန်ပေးပြီး ပျော်ရွှင်စရာလေးတွေဖန်တီးပါ။ သင်ဟာ ဒီနေ့မှာ ဆန့်ကျင်ဘက်လိင်တွေကို အလွန်ကို ဆွဲဆောင်နေပါလိမ့်မယ်။

(၂) ပိုက်ဆံအိတ်




Shutterstock/ ptashka

ဒီနေ့မှာ ငွေကုန်ကြေးကျ အရမ်းများပါလိမ့်မယ်။ ဒါကြောင့် ပိုက်ဆံတွေကို ပိုက်ဆံအိတ်ထဲမှာ လိုအပ်တာထက်ပိုပြီး မထည့်သွားဖို့ အကြံပေးချင်ပါတယ်။ ဒါမှ သင့်အနေနဲ့ မလိုလားအပ်တဲ့နေရာတွေမှာ ပိုက်ဆံသုံးခြင်းကို ရှောင်ကြဉ်နိုင်မှာပါ။ ဒီနေ့မှာ ငွေကြေးနဲ့ပတ်သတ်ပြီး စာချုပ်စာတမ်းချုပ်ဆိုရမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ရလေအောင် စာရွက်စာတမ်းတွေကို သေချာသတိထားဖတ်ဖို့ သတိပေးချင်ပါတယ်။ ဒါ့အပြင် တစ်ခုခုဝယ်ယူတဲ့နေရာမှာလည်း နှစ်ခါပြန်စဉ်းစားဖို့ သတိပေးချင်ပါတယ်။

(၃) ခွေး




Shutterstock/ Natalia Zelenina

ဒီနေ့မှာ သင်ဟာ ယုံကြည်အားကိုးရတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်စီကနေ အကူအညီတွေနဲ့အကြံဉာဏ်တွေကို ရရှိပါလိမ့်မယ်။ သူ့ရဲ့အကူအညီနဲ့အကြံပေးချက်တွေကြောင့် သင်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိတ်ဆွေဟာ သင်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာတောင် သင့်ဘေးမှာ အမြဲရှိနေပေးပါလိမ့်မယ်။

(၄) မီး




Shutterstock/ Arizzona Design

ဒီနေ့မှာ သင်ဟာ စိတ်ခံစားချက်တွေ အရမ်းပြင်းထန်နေတဲ့အတွက် မိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့ စီးပွားရေးကိစ္စတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဖြစ်နိုင်ရင် စိတ်အေးအေးနဲ့စိတ်ရှည်ရှည်ထားဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်တွေကို လျော့ချနိုင်ဖို့အတွက် ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ့်ရဲ့စိတ်ကိုအနားပေးသင့်ပါတယ်။

(၅) လမင်း




Shutterstock/ Maksim M

ဒီနေ့မှာ လျှို့ဝှက်ချက်တွေဟာ အနှေးနဲ့အမြန် ပေါ်ပေါက်လာမှာပါ။ တစ်နည်းအားဖြင့် သင်မတရားခံနေရတဲ့ ကိစ္စတွေရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေ ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေ့မှာ သင်ဟာ သင့်ကိုစွပ်စွဲပြောဆိုနေတဲ့ကိစ္စတွေနဲ့ အတင်းအဖျင်းကိစ္စတွေကနေ လွတ်မြောက်မှာဖြစ်ပြီး သင့်ကိုမနာလိုနေတဲ့လူတွေကိုလည်း အောင်မြင်စွာ အနိုင်ယူနိုင်ပါလိမ့်မယ်။



(၆) ငှက်




Shutterstock/ Super Prin

ဒီနေ့မှာ သင်ဟာ ပျော်ရွှင်စရာကိစ္စရပ်တွေနဲ့ အံ့သြစရာကောင်းတဲ့အဖြစ်အပျက်တွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အချိန်အတော်ကြာ အဆက်ပြတ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပြန်လည်ဆုံစည်းရမှာပါ။ ဒီနေ့မှာ သင့်ကိုအကြံပေးချင်တာက အသေးအဖွဲကိစ္စရပ်လေးတွေကအစ လျစ်လျူမရှူပဲ အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်။ ဒီကိစ္စရပ်လေးတွေက အနာဂတ်မှာ သင့်ကို အဆုံးအဖြတ်ပေးနိုင်မယ့် ကိစ္စရပ်တွေ ဖြစ်လာနိုင်တာမို့လို့ပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..