အိမ်တွင်းရေးရာ အေးချမ်းစေဖို့
lotaya.mpt.com.mm
|
2020-05-27

တချို့ မိသားစုတွေ ရှိတယ်၊ အိမ်ထောင်ဦးစီးက အလုပ်အကိုင် အဆင်မပြေ၊ ဇနီးမယားက ချူချာ၊ သားသမီးတွေက ဆိုဆုံးမ မရနဲ့ အပူသောကတွေ ဝေနေတဲ့ အိမ်မျိုး။ တချို့မိသားစုတွေကျတော့ စီးပွားရေးရော ကျန်းမာရေးပါ မပူရပေမယ့် မိသားစုချင်း မသင့်မမြတ်နဲ့ လှည့်ပတ် ရန်ဖြစ်တယ်။

ဒီလို အိမ်တွင်းရေး အပူတွေ များနေပြီ ဆိုရင်တော့ အောက်ဖော်ပြပါ အစီအရင်တွေကို လက်တွေ့ အသုံးချကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၁) အဟောင်းအမြင်းတွေ အကုန် စွန့်ပါ

အိမ်မှာ မလိုအပ်ဘဲ သိမ်းထားမိတဲ့ နာရီအစုတ်တွေ၊ ထီးအပျက်တွေ၊ ပေါက်ပြဲမီးသင့် အဝတ်အစားနဲ့ သုံးမရတော့တဲ့ ဦးထုပ်တွေ စသဖြင့် အဟောင်းအမြင်းတွေ အားလုံးကို စွန့်ပစ်ပါ။ ဒါဟာ အခိုက်ဓာတ် အညံ့ဓာတ်တွေကို စွန့်ထုတ်ခြင်း ဖြစ်ပါတယ်။




(၂) အိမ်စောင့်နတ်နဲ့ မိတ်ဖက် ပြုပါ

မနက် နေထွက်ချိန်နဲ့ ညနေ နေဝင်ချိန်တိုင်းမှာ ရတနာ (၃) ပါးကို ရည်ရွယ်ပြီး အမွှေးတိုင် (၃) တိုင်ကို ပုလင်းလေး တစ်လုံးထဲ ထည့်၊ အိမ်ပေါက်ဝ (သို့မဟုတ်) ခြံတံခါးဝမှာ ထွန်းပါ။ “အိမ်တွင်း၊ခြံတွင်းမှာ မှီတင်း စောင့်ရှောက်နေထိုင်ကြတဲ့ နတ်မြတ်နတ်ကောင်း နတ်အပေါင်းနဲ့ မြင်အပ်၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို ဤအမွှေးတိုင်များနှင့် လှူဒါန်းပူဇော်ပါတယ်၊ ဤအိမ်၊ ဤခြံမှာ မှီတင်းနေထိုင်ကြတဲ့ မိမိတို့ မိသားစုကိုလည်း ကြည့်ရှုစောင့်ရှောက်ကြပါ။ ဖေးမကူညီကြပါ” လို့ ပြောဆို ဆုတောင်းပါ။

(၃) နံသင့်ပန်းများ လှူဒါန်းပါ

ဥပမာ - ကိုယ့်မိသားစုမှာ တနင်္လာ၊ ကြာသပတေး ၊ စနေ ဆိုပြီး (၃) ဦး ရှိတယ်ဆိုရင် နံသင့်ပန်းတွေ ဖြစ်တဲ့ (ကံကော်၊ မေမြို့ ၊ ထန်းညွှန့်) စတဲ့ ပန်းအညွှန့်ကို အရေအတွက် အတိအကျ မလိုဘဲ လှလှပပ ထိုးပြီး အိမ်ကဘုရားမှာ အိမ်ထောင်ဦးစီး မွေးနေ့မနက်တိုင်း ကပ်လှူပါ။ မိသားစု ချစ်ကြည်စည်းလုံးပြီး သင့်မြတ်အဆင်ပြေစေပါလိမ့်မယ်။ နေ့နံတူနှစ်ဦးရှိရင် နံသင့်ပန်းအညွှန့်ကို များများ ပိုထည့်ပါ။

အထက်ပါ အဆင့် (၃) ဆင့်ကို စနစ်တကျ ကျင့်သုံး ဆောင်ရွက်သွားမယ်ဆိုရင် အပူသောက များပြီး မသင့်မမြတ် ဖြစ်နေတဲ့ မိသားစုလေး အေးချမ်းသာယာမှုတွေ ပြန်ရလာမှာ အသေချာပါပဲ။ အိမ်အပူ မိသားစုသောက အပူအပင်တွေ ကင်းဝေးချမ်းသာရကြပါစေ။

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..