သင်ရွေးချယ်လိုက်တဲ့ ပန်းပွင့်လေးကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို လေ့လာရအောင်
lotaya.mpt.com.mm
|
2020-07-02

Shutterstock/ AN NGUYEN & Massimo Cavallo & Natalya Bidyukova & Quang Ho

ပန်းကလေးတွေဆိုတာ သဘာဝလောကကြီးကို အလှဆင်ပေးနေတဲ့ အရာလေးတွေဖြစ်ပါတယ်။ ပန်းကလေးတွေမှာလည်း ကိုယ်ပိုင်အရောင်အဆင်း၊ အနံ့ ၊ ပေါက်ဖွားတဲ့နေရာ၊ ကာလအပိုင်းအခြားတွေနဲ့ အဓိပ္ပာယ်တွေအများကြီးရှိလို့နေပါတယ်။ ဒီလိုပဲ လူတွေမှာလည်း ပုံပန်းသွင်ပြင်၊ စိတ်နေစိတ်ထားနဲ့ မွေးဖွားတဲ့ကာရန်ဒေသတွေလည်း မတူညီပါဘူး။ ဒီနေ့မှာတော့ ပန်းပွင့်ကလေးတွေကနေတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်အနှစ်သက်ဆုံး ပန်းလေးတစ်ပွင့်ကို ရွေးချယ်ပြီး သင့်အကြောင်းဘယ်လိုပြောထားလဲဆိုတာ ကြည့်လိုက်ရအောင်နော်….

(၁) ပန်းပွင့် ၁




Shutterstock/ AN NGUYEN

နံပါတ် ၁ ပန်းပွင့်လေးကတော့ ဒေစီပန်းလေးပါ။ ဒေစီပန်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ပေါင်းရသင်းရလွယ်ကူပြီး သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူမျိုးပါ။ သင့်ဘေးနားမှာရှိတဲ့လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးတတ်ပြီး စိတ်ဆိုးရင်လည်း အကြာကြီးစိတ်မဆိုးတတ်ပါဘူး။ သင်ဟာ လူတိုင်းရဲ့ယုံကြည်မှုကိုရရှိထားပြီး ရိုးသားကြိုးစားတဲ့သူဖြစ်တဲ့အတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ သင့်ရဲ့စိတ်ထဲမှာရှိတဲ့ခံစားချက်တွေကို သူတစ်ပါးကိုထုတ်ဖော်ပြသဖို့ ဘယ်တော့မှဝန်မလေးတတ်ပါဘူး။ ပြောရမယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောဆို နေထိုင်တတ်တာပေါ့။ တစ်ခါတစ်ရံမှာ သင်ဟာရိုးအလွန်းတဲ့အတွက် လူတွေရဲ့လိမ်လည်လှည့်ဖြားတာမျိုးကို ခံရတတ်ပါတယ်။ ဒါပေမယ့် သင့်ဘက်က မိတ်ဆွေသူငယ်ချင်းကို ဉာဏ်ရှိရှိရွေးချယ်မယ်ဆိုရင်တော့ ဒီလိုမျိုးတွေ ဖြစ်မလာနိုင်ပါဘူး။



(၂) ပန်းပွင့် ၂




Shutterstock/ AN NGUYEN

နံပါတ် ၂ ပန်းပွင့်လေးကတော့ မေမြို့ပန်းလေးပါ။ မေမြို့ပန်းလေကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ အမြဲတက်တက်ကြွကြွနေတတ်ပြီး ပျင်းရိနေတာမျိုးကိုမနှစ်သက်တဲ့လူမျိုးပါ။ ပြောရမယ်ဆိုရင် လုပ်စရာမရှိရင်တောင် ရှာကြံလုပ်နေတတ်တဲ့သူမျိုးပေါ့။ ဒါပေမယ့် သင်လုပ်တဲ့အလုပ်ကလည်း စိတ်ဝင်စားဖို့ကောင်းမှ လုပ်ချင်ပါတယ်။ သင်ဟာ ထပ်ခါထပ်ခါလုပ်နေရတဲ့အလုပ်မျိုးကို ငြီးငွေ့တတ်တဲ့အတွက် တစ်ခါတစ်ရံ အဲဒီအလုပ်ကိုလုပ်သာလုပ်နေရပေမယ့် စိတ်မဝင်စားတတ်ပါဘူး။ ဒါပေမယ့် သင်ဟာ ဘယ်အလုပ်ကိုမဆို စိတ်စိဖီးမှုတွေမရှိပဲ အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။

(၃) ပန်းပွင့် ၃




Shutterstock/ Quang Ho

နံပါတ် ၃ ပန်းပွင့်လေးကတော့ နှဲပန်းလေးပါ။ နှဲပန်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာအလုပ်တစ်ခုကို လက်လွှတ်စပယယ် အလျင်စလိုလုပ်ရတာမျိုးကို မနှစ်သက်တဲ့လူမျိုးပါ။ သင့်သူငယ်ချင်းတွေကတောင် သင့်ကို သွေးအေးတဲ့လူမျိုးလို့ သတ်မှတ်တတ်ကြပါတယ်။ သင်ဟာ ဖြစ်လာမယ့်အကျိုးဆက်တွေကို သိပ်ပြီးတွေးတောမနေပဲ ဘဝမှာကြုံလာသမျှအဖြစ်အပျက်တိုင်းဟာ သင်ခန်းစာတွေလို့ မှတ်ထားတဲ့အတွက် သင့်ဘဝမှာ အမြဲအောင်မြင်မူတွေရရှိတတ်ပါတယ်။ နောက်တစ်ခုက သင်ဟာခံစားချက်တွေကို ကောင်းစွာထိန်းချုပ်တတ်တဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေကနေ ကျော်လွှားနိုင်ပါတယ်။ သင့်အတွက် စိတ်အနှောက်အယှက်ဖြစ်စေမယ့် လူမျိုးတွေကို ဘဝကနေဖယ်ထုတ်ပြီး သူတို့နဲ့ပတ်သတ်ပြီး နောင်တလည်းမရတတ်ပါဘူး။



(၄) ပန်းပွင့် ၄




Shutterstock/ Spayder pauk_79

နံပါတ် ၃ ပန်းပွင့်လေးကတော့ Narcissus ပန်းလေးပါ။ Narcissus ပန်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ သူငယ်ချင်းတွေအတွက် တစ်ကယ့်ကိုကယ်တင်ရှင်လို့ သတ်မှတ်ခံထားရတဲ့လူစားမျိုးပါ။ သင်ဟာ သူတစ်ပါးရဲ့ခံစားချက်တွေကို သေချာနားထောင်တတ်ပြီး သူတို့အတွက် အသုံးဝင်စေမယ့်အကြံဉာဏ်တွေကိုလည်း ပေးတတ်ပါသေးတယ်။ သင့်မှာ အခက်အခဲတွေရှိလာရင်လည်း သင်ဟာသူတစ်ပါးရဲ့အကြံဉာဏ်ကို တောင်းစရာမလိုပဲ မိမိရဲ့ ကိုယ်ပိုင်အကြံဉာဏ်နဲ့ဆုံးဖြတ်ချက်တွေကို အားကိုးပြီးလုပ်တာကို သဘောကျပါတယ်။ သင်ဟာ စကားတွေအများကြီးပြောရတာမျိုးထက် နားထောင်ရတာမျိုးကို ပိုပြီးနှစ်သက်ပါတယ်။

(၅) ပန်းပွင့် ၅




Shutterstock/ Natalya Bidyukova

နံပါတ် ၅ ပန်းပွင့်လေးကတော့ ပန်စီပန်းရိုင်းလေးပါ။ ပန်စီပန်းရိုင်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တဲ့လူစားမျိုးပါ။ သင့်ဘဝမှာ သင်ရွေးချယ်လိုက်တဲ့အရာရဲ့ အကျိုးသက်ရောက်မှုကို သင်ပဲခံစားရမယ်ဆိုတာကို နားလည်ထားတဲ့အတွက် ဘယ်အရာကိုမဆို စဉ်းစားဉာဏ်ရှိရှိ ရွေးချယ်လုပ်ကိုင်တတ်ပါတယ်။ ဒါ့အပြင် သင့်ဘဝအတွက် အထောက်အကူဖြစ်မယ့် လူမျိုးတွေကိုပဲ သင့်ဘဝထဲဝင်လာခွင့်ပြုပါတယ်။ သင်ချစ်တဲ့သူတွေအတွက်ဆိုရင် သင်ဟာသူတို့ကို ကူညီပံ့ပိုးပေးတတ်ပါတယ်။



(၆) ပန်းပွင့် ၆




Shutterstock/ Quang Ho

နံပါတ် ၆ ပန်းပွင့်လေးကတော့ bettercup ပန်းပွင့်လေးပါ။ bettercup ပန်းပွင့်လေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ တိုးတက်ရေးကိုပဲ အမြဲရှေးရှုနေတဲ့လူစားမျိုးပါ။ သင့်ဘဝမှာလည်း အမြဲရည်မှန်းချက်တွေနဲ့ပြည့်ဝနေတတ်ပါတယ်။ သင်ဟာ ဘယ်အလုပ်ကိုမဆို ယုံကြည်ချက်အပြည့်နဲ့လုပ်ဆောင်တတ်ပေမယ့် သူများတွေက သင့်အပေါ်ဘယ်လိုတွေးမလဲ ဘယ်လိုမြင်မလဲဆိုတာကို ဂရုစိုက်နေတတ်တဲ့အကျင့်ရှိပါတယ်။ ဒါကြောင့် သင်ဟာဘယ်အရာကိုမဆို သူများတွေထက်ပိုကောင်းအောင် လုပ်ဆောင်တတ်ပါတယ်။

(၇) ပန်းပွင့် ၇




Shutterstock/ Quang Ho

နံပါတ် ၇ ပန်းပွင့်လေးကတော့ Anemone ပန်းပွင့်လေးပါ။ Anemone ပန်းပွင့်လေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတတ်ပြီး ခန့်မှန်းလို့မရတဲ့လူစားမျိုးပါ။ သင်ဟာ ကြောက်နေရင်တောင်မှ ကိုယ့်ရဲ့အကြောက်တရားကို ဘယ်တော့မှသူတစ်ပါးကိုပြသလေ့မရှိပဲ ဘယ်စိန်ခေါ်မှုမျိုးကိုမဆို ရဲရဲဝံ့ဝံ့ရင်ဆိုင်တတ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို အံ့သြအောင်အမြဲလုပ်တတ်တဲ့အတွက် သူတို့ကသင့်ကိုအရမ်းမြတ်နိုးသဘောကျတတ်ပါတယ်။ သတိပေးချင်တာကတော့ မိတ်ဆွေအပေါင်းအသင်းပေါင်းတဲ့နေရာမှာ အထူးသတိထားဖို့မှာချင်ပါတယ်။ တစ်ချို့တွေက သင့်အတွက် မိတ်ဆွေစစ်တွေဖြစ်နိုင်ပေမယ့် တစ်ချို့ကျတော့လည်း သင့်ဆီကအမြတ်ထုတ်ပြီး သင့်ကိုရယ်စရာလူအဖြစ် သဘောထားတတ်ကြလို့ပါပဲ။



(၈) ပန်းပွင့် ၈




Shutterstock/ Quang Ho

နံပါတ် ၈ ပန်းပွင့်လေးကတော့ Tulip ပန်းလေးပါ။ Tulip ပန်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ သင့်ဘဝက အရာအားလုံးကို မြတ်နိုးတန်ဖိုးထားတတ်တဲ့လူစားမျိုးပါ။ ခေါင်းမာပြီး သတ္တိရှိတဲ့အပြင် ပြဿနာတွေကို တာဝန်ယူရဲတဲ့စိတ်အပြည့်အဝရှိပါတယ်။ တစ်ခါတစ်လေမှာ တစ်ချို့လူတွေကို ဆတ်ဆတ်ထိမခံ ဆက်ဆံလို့မဖြစ်တဲ့အတွက် သင်ချစ်တဲ့သူတွေနဲ့စကားပြောဆိုတဲ့နေရာမှာ အထူးသတိထားပြီးပြောစေချင်ပါတယ်။ သူတို့ကို နားလည်နိုင်အောင်ကြိုးစားပြီး ပိုဂရုစိုက်ပေးသင့်ပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..