ပျိုမေတွေ ယောကျာ်းကောင်းတွေနဲ့ လွဲချော်သွားရတဲ့ ယေဘုယျ အမှား (၄) ခု
mystylemyanmar.com
|
2020-07-12

တချို့ မိန်းကလေးတွေက ပြောတတ်ပါတယ်။ ဒီကမ္ဘာပေါ်မှာ အကျင့်စာရိတ္တကောင်းပြီး တော်တဲ့ယောကျာ်းလေးက ရှားတယ်.. တချို့ကျတော့လည်း မရှိဘူး..စသဖြင့်ပေါ့။ ဒါပေမဲ့ တစ်ခါတလေ ကိုယ်တိုင်က လွဲမှားစွာ ပြုလုပ်နေမိတတ်တာကြောင့် ယောကျာ်းကောင်းတွေနဲ့ လွဲသွားတတ်ပါတယ်။ ဒီအမှားတွေကတော့ ယောကျာ်းကောင်းတွေနဲ့ လွဲချော်သွားရတဲ့ ယေဘုယျအမှားတွေဖြစ်ပါတယ်။

၁။ သင်က တစ်ခုဆို တစ်ခုပဲ သိတယ်


သင်က ယောကျာ်းလေးတွေနဲ့ ပတ်သက်ရင် စံနှုန်းသတ်မှတ်ထားပါတယ်။ ဂျီးများပါတယ်။ တစ်ခါတလေ ကိုယ်သတ်မှတ်ထားတဲ့ အချက်တွေနဲ့ လုံးစုံ မပြည့်စုံရင်တောင် အရေးကြီးတဲ့ သတ်မှတ်ချက်က လွဲရင် ပြောင်းလို့ ရတာဆိုရင် ကိုယ့်စံနှုန်းကို ပြောင်းကြည့်သင့်ပါတယ်။

၂။ သင်က Perfect Man ကို စောင့်မျှော်နေတတ်တယ်


မိန်းကလေးတိုင်းလိုလိုက ပြီးပြည့်စုံတဲ့ ယောကျာ်းလေးတွေ သူတို့ဘဝဆီ လှမ်းလာဖို့ မျှော်လင့်တတ်ပါတယ်။ ဒါပေမဲ့ အချိန်တွေသာ ကုန်လာတယ်။ ဘယ်တော့မှ မလာတတ်ပါဘူး။ သူ့ကို သဘောကျတဲ့အချိန်ဆိုရင် သူ့ရဲ့ အပြစ်သေးသေးလေးတွေက ချစ်ဖို့ကောင်းသွားတတ်ပါတယ်။

၃။ သင်က အခွင့်အရေးတွေကို ဝင်ခွင့်မပေးဘူး


ကိုယ့်အိမ်မှာ အိမ်တွင်းပုန်းနေရုံနဲ့ ယောကျာ်းလေးနဲ့ ဒိတ်လုပ်လို့မရပါဘူး။ ရေစက်ကလေးနဲ့ တွေ့ဆုံဖို့ အပြင်ထွက်သင့်ရင်လည်း ထွက်ရပါမယ်။

၄။ သင့်ဘက်က မစချင်ဘူး


ယောကျာ်းလေးဘက်က စဖွင့်ပြောရမယ်ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ သင်သာ လူတစ်ယောက်ကို သဘောကျရင် သင်သဘောကျကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။

သင့်နှလုံးသားတံခါးကို ပိတ်ထားသရွေ့တော့ ယောကျာ်းကောင်းတွေနဲ့ လွဲသွားနိုင်ပါတယ်။


Photo Source: Pinterest
By MyStyle Myanmar


The post

ပျိုမေတွေ ယောကျာ်းကောင်းတွေနဲ့ လွဲချော်သွားရတဲ့ ယေဘုယျ အမှား (၄) ခု appeared first on

MyStyle Myanmar .




Some text some message..