အသည်းကွဲတဲ့အချိန်မှာ ဘဝအတွက် သင်ယူသင့်တဲ့ သင်ခန်းစာများ
myanmaplatform.com
|
2020-07-29

အသည်းကွဲတဲ့အချိန်မှာ ဘဝအတွက်အကောင်းဆုံးနေထိုင်နိုင်ဖို့အတွက် လေ့လာသင်ယူသင့်ပါတယ်။ ဒါမှ ကိုယ့်ဘဝအတွက် အကောင်းဆုံး သင်ခန်းစာတွေနဲ့ အကောင်းဆုံးဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ နေ့ရက်တိုင်းကိုတော့ ကျိုးပဲ့နေတဲ့နှလုံးသားနဲ့ မဖြတ်ကျော်သင့်ပါဘူး။ ဒါကြောင့် ကျိုးပဲ့နေတဲ့နှလုံးသားကို သက်သာသွားအောင် အချိန်ပေးသင့်ပါတယ်။ မေ့ပစ်ဖို့ခက်ခဲပေမယ့် အချိန်ပေးလိုက်မယ်ဆိုရင် အနာကျက်သလို နှလုံးသားကဒဏ်ရာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီလိုအချိန်ပေးနေရင်းကနေ ဘဝအတွက် ဘယ်လိုသင်ခန်းစာ တွေကိုသင်ယူသင့်သလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။




၁။ လိုချင်တာကို တစ်ချိန်လုံးမရနိုင်ပါဘူး။

ဘယ်လိုလူပဲဖြစ်နေပါစေ လိုချင်တဲ့အရာကိုတော့ တစ်ချိန်လုံးရနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အသည်းကွဲတဲ့အချိန်မှာဆိုရင် ပိုပြီးတော့တောင် နားလည်ဖို့လွယ်ကူပါတယ်။ ကိုယ်ချစ်ခဲ့တဲ့သူရဲ့ အချစ်ကိုတောင်ဆုံးရှုံးရသေးတာပဲ အခြားသောအရာတွေကလည်း ကိုယ်လိုချင်တိုင်းမရနိုင်ပါဘူး။ ဒါကြောင့် ဘဝသင်ခန်းစာတွေထဲမှာ ကိုယ်ကိုယ်တိုင် သေချာကြိုးစားမှသာလျှင် အဆင်ပြေပြေနဲ့ ကြိုးစာသလောက်ရမှာဖြစ်ပါတယ်။




၂။ ကိုယ့်စိတ်ကြိုက် မေးခွန်းထုတ်တာတွေ မလုပ်ပါနဲ့။

လူတွေမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိကြပါတယ်။ ဒါပေမယ့် ဘာကြောင့်အသည်းခွဲရတာလည်း၊ ဘာအဖြစ်ရှိလို့လဲဆိုပြီးတော့ စိတ်ကြိုက်မေးခွန်းထုတ်ပိုင်ခွင့်တော့မရှိပါဘူး။ သူတစ်ပါးရဲ့ စိတ်ခံစားချက်ကို လေးစားလိုက်နာသောအားဖြင့် အတင်းအကျပ်မေးတာ၊ အတင်းအကျပ်ပြောဆိုတာတွေ မလုပ်သင့်ပါဘူး။




၃။ ဝမ်းနည်းခြင်းကို ခွန်းအားအဖြစ် ပြောင်းလဲပါ။

လူတိုင်းက ဝမ်းနည်းတတ်ကြပါတယ်။ ဝမ်းနည်းခြင်းကြောင့် နောင်တွင် ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေအတွက်ခွန်အားအဖြစ်ပြောင်းလဲလိုက်ပါ။ ဒီလိုပြောင်းလဲလိုက်မယ်ဆိုရင် သင့်နှလုံးသားကိုလည်း ကုစားလိုက်ပြီးသားဖြစ်သလို သင့်အတွက်လည်း ခွန်အားဖြစ်လာနိုင်ပါတယ်။




၄။ အနာဂတ်ဆက်ဆံရေးကို တန်ဖိုးထားတတ်လာမည်။

တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါမှာ တစ်ခါတစ်ရံ ကိုယ့်ရဲ့အိမ်မက်တွေ၊ အနာဂတ်တွေပါ ဆုံးရှုံးလိုက်ရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုအပြစ်တင်တာ၊ အခြားတစ်ယောက်ကိုအပြစ်တင်တာမျိုးပဲ မလုပ်ပါနဲ့။ ဒီလိုကိုယ်ချစ်တဲ့သူတစ်ယောက်ကိုဆုံးရှုံးလိုက်ရခြင်းကြောင့် နောက်ထပ်ရှိလာမယ့် ချစ်သူ(သို့) ကိုယ့်မိသားစုဝင်တွေကို တန်ဖိုးထားတတ်လာကြပါတယ်။ ဒါကြောင့်အသည်းကွဲတဲ့အချိန်မှာ တစ်ခုခုကိုတော့ သင်ခန်းစာရအောင် ယူသင့်ပါတယ်။




၅။ စစ်မှန်တဲ့ခင်မင်မှုကို လေ့လာပါ

အသည်းမကွဲခင်က သူငယ်ချင်းတွေကိုအချိန်မပေးဘဲ ချစ်သူကိုပဲ အချိန်တွေအကုန်ပေးထားတတ်ကြပါတယ်။ ဒါပေမယ့် ချစ်သူရဲ့ လမ်းခွဲတာကို ခံလိုက်ရတဲ့အချိန်မှာ တစ်ယောက်တည်းခံစားနေရတာက စိတ်ထွက်ပေါက်မရှိဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲ့လိုမျိုးမဖြစ်အောင် သူငယ်ချင်းအပေါင်းအသင်းကိုလည်းအချိန်ပေးသင့်ပါတယ်။ ဒါမှ အသည်းကွဲတဲ့အချိန်မှာလည်း သူငယ်ချင်းရဲ့ ထိန်းမပေးမှုကြောင့် အကောင်းဆုံးဖြတ်ကျော်နိုင်သွားတတ်ကြပါတယ်။ ဒါကြောင့် ချစ်သူရှိချိန်ကော၊ ချစ်သူမရှိချိန်မှာပါ စစ်မှန်တဲ့ ခင်မင်မှုကို လေ့လာထားသင့်ပါတယ်။




Some text some message..