ကားအမည်ပေါက်ပြောင်းဖို့ ကားအမျိုးအစား မော်ဒယ်အလိုက် ရာဖြတ်နှုန်းထားများ
automobiledirectory.com.mm
|
2020-08-14

ကားသက်တမ်းတိုးရင် မိမိအမည်ပေါက် ပြောင်းရတဲ့အခါမှာ -

ကားတန်ဖိုးရဲ့ ၃ % ဝင်ငွေခွန် ဆောင်ရမည်။

အမည်ပေါက်မဟုက်သူများ ကားသက်တမ်း တိုး ဖို့ ကိုယ့်ကားတန်ဖိုးကို ရာဖြတ်ဈေး (၂၀၁၉-၂၀၂၀) မည်ရွေ့မည်မျှ ကျသင့်မလဲဆိုတာ လေ့လာနိုင်ရန် စာရင်း ဖော်ပြထားပါတယ်။

မော်တော်ယာဉ်အမည်နှင့် အမျိုးအစား ထောင်လိုက်ကော်လံတွင် ကားအမည်နဲ့ အမျိုးအစားများကို အင်္ဂလိပ်အက္ခရာစဉ်ဖြင့် ဖော်ပြပေးထားပါတယ်။ မော်ဒယ်နှစ်အရ ကျသင့်တဲ့ ကျပ်ငွေ သိန်းပေါင်းကို ၂၀၁၉-၂၀၂၀ စံနှုန်း ထောင်လိုက်ကော်လံတွင် ကြည့်ရှု နိုင်ပါ။တယ်

ဥပမာ Audi A3 ၁၉၉၆-၁၉၉၉ မော်ဒယ်အတွက်ဆိုရင် ကျပ် သိန်း ၉၀ ကျသင့်ပါတယ်။

Audi A3 ၂၀၀၀-၂၀၀၂ မော်ဒယ်အတွက်ဆိုရင် တော့ ကျပ်သိန်း ၁၁၀ အခွန်ဆောင်ရမယ်လို့ ရာဖြတ်ထားပါတယ်။

ကားအရောင် နှင့် Grade ကိုလိုက်ပြီး ရာဖြတ်က ဈေးနည်းတာ ဈေးပိုတာ ရှိပါတယ်။



ဒီစာရင်းထဲမပါသောကားများ သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှာ မေးမြန်းစုံစမ်းပါ။


By Myanmar Automobile Guide




Some text some message..