တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်နေဆဲဖြစ်
mmtimes.com
|
2020-08-29



သြဂုတ် ၂၉ တွင် ဆိုးလ်မြို့တစ်နေရာ၌ ပိုးသတ်ဆေးဖျန်းနေသူတစ်ဦး။ ဓာတ်ပုံ - အေပီ။

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်နေဆဲဖြစ်


ဆိုးလ် သြဂုတ် ၂၉ - တောင်ကိုရီးယားတွင် သြဂုတ် ၂၈ ၌ COVID-19 ကူးစက်သူသစ် ၃၂၃ ဦး ရှိပြီး ကူးစက်ခံရသူ ဆက်လက်မြင့်တက်နေသည့်အတွက် အာဏာပိုင်များအနေဖြင့် မြို့တော်တွင် ပိုမိုတင်းကျပ်သော ကူန်းသန်းသွားလာမှု ကန့်သတ်ချက်များကို ချမှတ် ရန် ပြင်ဆင်နေကြောင်း သိရသည်။

တောင်ကိုရီးယားတွင် ဂဏန်သုံးလုံးအနေအထားဖြင့် COVID-19 ကူးစက်နေခဲ့သည်မှာ ၁၆ ရက်ဆက်တိုက် ရှိပြီဖြစ်ကာ ကူးစက်သူ ၁၉၄၀၀ ဦးရှိပြီး သေ ဆုံးသူ ၃၂၁ ဦး ရှိသည်။ ကူးစက်သူသစ်များထဲမှ ၂၄၉ ဦးမှာ လူဦးရေထူထပ်သော ဆိုးလ်မြို့တော်၏ မြို့ ပြဧရိယာများမှ ဖြစ်သည်ဟု ကိုရီးယားရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်သည်။ ဆိုးလ်မြို့တော်တွင် နိုင်ငံ လူဦးရေ ၅၁ သန်း၏ ထက်ဝက်ခန့် နေထိုင်နေကြသည်။

ဘုရားကျောင်းများ၊ စားသောက်ဆိုင်များ၊ ကျောင်းများနှင့် လုပ်ငန်းခွင်များမှ အမျိုးမျိုးသော ကူးစက်မှုများအတွက် ကျန်းမာရေးဝန်ထမ်းများသည် ခြေရာခံနိုင်ရန် ရုန်းကန်ကြိုးစားနေရသည်။ တောင်ကိုရီးယားတွင် ပြီးခဲ့သည့် ၁၆ ရက်တွင် COVID-19 ကူးစက်ခံရသူ ၄၆၃၀ ဦး ရှိပြီး ဆေးရုံများတွင် လူနာများ ပြည့်နှက်နေပြီဖြစ်သည်။

တောင်ကိုရီးယား အမျိုးသားကျန်းမာရေးအင်စတီကျု၏ ဒါရိုက်တာဖြစ်သူ ကွမ်ဂျုံအွတ်ခ်ကလည်း လာမည့် သီတင်းပတ်များတွင် သေဆုံးသူဦးရေ တိုးမြင့်လာနိုင် ကြောင်း သတိပေးထားပြီး အသက် ၆၀ နှင့်အထက် ကူးစက်ခံရသူများသည် ကုသရန် အတွက် ခက်ခဲမှုများရှိနေကြောင်း ပြောဆိုသည်။တောင်ကိုရီးယားတွင် COVID-19 ကူးစက်ခံရသူများထဲမှ ၆၄ ဦးမှာ စိုးရိမ်ရသော အခြေအနေမျိုးရှိသည်ဟု ၎င်းက ပြောဆိုခဲ့သည်။ အေပီ




Some text some message..