ကမ္ဘာပေါ်က လူကြိုက်အများဆုံးအရောင် (၅) မျိုး
lifestylemyanmar.com
|
2020-09-16



လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း အရောင်တွေနဲ့ပတ်သက်လာရင် အနီရောင်ကိုပိုကြိုက်တယ်၊ အဖြူရောင်က ရိုးရိုးရှင်းရှင်းနဲ့လှတယ်၊ အပြာရောင်ကဘယ်လို၊ ပန်းရောင်ကဘယ်လိုဆိုပြီး အမျိုးမျိုးအငြင်းပွားစရာတွေရှိပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ကမ္ဘာပေါ်က လူကြိုက်အများဆုံးအရောင် (၅) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။




၁။ အပြာရောင်

အပြာရောင်က ကောင်းကင်နဲ့ပင်လယ်ကိုကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး အဆုံးအစမဲ့တဲ့ ပျော်ရွှင်မှုကိုရည်ညွှန်းတဲ့အရောင်အဖြစ်ဆိုကြပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ပိုင်းလှုံ့ဆော်ပေးနိုင်တဲ့၊ ရိုးသားမှုကို ဖော်ပြတဲ့အရောင်လို့လည်း အမွှန်းတင်ကြပြီး အေးဆေးတည်ငြိမ်တဲ့အရောင်လည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကလေးငယ်တွေအတွက် သင့်တော်တဲ့အရောင်တစ်မျိုးလည်းဖြစ်ပါတယ်။




၂။ အနီရောင်

လူအများစုက အနီရောင်ကို ငရဲ ဒါမှမဟုတ် သေခြင်းတရားအရောင်အဖြစ် ယူဆထားကြပေမယ့် အချို့ကလည်း အနီရောင်က ကျန်းမာရေးနဲ့ချစ်ခြင်းတရားဆိုတဲ့အဓိပ္ပာယ်ကို ဖော်ကျူးတယ်လို့ဆိုကြပါတယ်။ အနီရောင်က လွယ်လွယ်ကူကူနဲ့မြင်နိုင်တဲ့အရောင်ဖြစ်ပြီး အနွေးထွေးဆုံးအရောင်လည်းဖြစ်ပါတယ်။ Extrovert လေးတွေနဲ့ အမျိုးသားထုကြီးရဲ့ အကြိုက်နှစ်သက်ဆုံးအရောင်တစ်မျိုးလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ အနီရောင်က သာယာဝပြောမှုကို ဖော်ညွှန်းတဲ့အရောင်ပါ။




၃။ အစိမ်းရောင်

အစိမ်းရောင်ကတော့ သဘာဝတရားကို ဖော်ညွှန်းတဲ့အရောင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လေးစားမှုနဲ့ အများအကျိုးကို ရည်စူးတဲ့အရောင်ဖြစ်ပါတယ်။ တစ်ခါတလေမှာ ပိုက်ဆံရဲ့သင်္ကေတအရောင်အဖြစ် အသုံးပြုတဲ့ ဒီအစိမ်းရောင်ကို သင်ယူခြင်း၊ ကြီးထွားခြင်း၊ သြဇာအာဏာကြီးမားခြင်းအဖြစ်လည်း အသုံးချပါတယ်။ ဒါ့အပြင် သဘာဝတရားနဲ့ဆက်စပ်နေတဲ့ အစိမ်းရောင်က ကိုယ့်ရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး နုပျိုစေသလို အမြင်အာရုံကိုလည်း တိုးတက်စေနိုင်ပါတယ်။




၄။ ခရမ်းရောင်

ခရမ်းရောင်က စိတ်ကူးယဉ်လို့ အကောင်းဆုံးနဲ့ အလှပဆုံးအရောင်ဖြစ်ပြီး မူပိုင်ခွင့်နဲ့သစ္စာရှိမှုကို ရည်စူးတဲ့အရောင်လည်းဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်မှာလည်း ခရမ်းရောင်ကိုကြည့်လိုက်ရင် စိတ်ထဲအေးချမ်းသွားစေပြီး ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ကို ကိုယ်စားပြုတဲ့အရောင်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်းရောင်ကိုလျှို့ဝှက်ဆန်းကြယ်တဲ့အရောင်အဖြစ်လည်း သတ်မှတ်ကြပြီး တရားအားထုတ်ဖို့ကောင်းမွန်တဲ့အရောင်အဖြစ်လည်းဆိုကြပါတယ်။ ဒါ့အပြင် ကလေးအများစုကလည်း ခရမ်းရောင်ကိုနှစ်သက်ကြတယ်လို့ သိကြပါတယ်။




၅။ အမဲရောင်

အမဲရောင်က ညဘက်ကောင်းကင်ရဲ့အရောင်ဖြစ်ပြီး အချို့သောအယူအဆတွေမှာ မာရ်နတ်နဲ့သေခြင်းတရားကို ကိုယ်စားပြုပေမယ့် အချို့နေရာတွေမှာတော့ အမဲရောင်ကို ရိုးရှင်းတဲ့သင်္ကေတအဖြစ် ယူဆထားကြပါတယ်။ လူသားတွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုအများစုက အမဲရောင်တွေဖြစ်ပြီး နက်ရှိုင်းတဲ့အဓိပ္ပာယ်ကို ဖော်ကျူးတဲ့အရောင်တစ်မျိုးလည်းဖြစ်ပါတယ်။




#HM

#LifestyleMyanmar




Some text some message..