ဘဝမှာ ကိုယ့်ရဲ့ နှလုံးသားဆန္ဒ အလိုကိုလိုက်ပြီး လုပ်သင့်တဲ့ အရာလေးတွေ
auntymay.com
|
2020-10-25

လူတွေဟာ ကိုယ့်ကိုယ်ကိုရဲ့ ဆန္ဒတွေကို လိုက်လျစ်ရှုပြီး ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးနေတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင် စိတ်ပျော်ရွှင်ဖို့၊ ကိုယ့်ရဲ့ ဖြစ်တည်မှုလေးကို ပိုသိဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ နှလုံးသားဆန္ဒကို လျစ်လျုရှုထားဖို့ မသင့်ပါဘူး။ ဒီတော့ ကိုယ့်နှလုံးသားဆန္ဒအလိုကိုလိုက်ပြီး လိုက်လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ရဲ့စကားသံတွေကို ဖွင့်ဟတတ်ပါစေ

Freepik- lookstudio

ဆိုလိုချင်တာကတော့ လူတိုင်းမှာ ဘဝအတွေ့အကြုံတွေ၊ မတူညီတဲ့ ဘဝခံစားမှုတွေဆိုတာ ရှိတတ်ပါတယ်။ ဒါတွေကို တစ်ခြားသူတွေကို ရင်ဖွင့်ပြောပြချင်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်မထားပါနဲ့။ ကိုယ်ပြောချင်တဲ့ စကားလုံးတွေကို ရင်ဖွင့်ပြောပြလို့ ရပါတယ်။ ဒါဟာ ကိုယ့်ရဲ့စိတ်ကို ပိုပေါ့ပါးသွားစေပြီး နေရတာ ပိုအဆင်ပြေလာစေမှာပါ။ ဒါကြောင့် အကြောင်းအရာတိုင်းကို တိတ်ဆိတ်နေစရာ မလိုပါဘူး ကိုယ်ပြောချင်တဲ့ ထင်မြင်ယူဆချက်တွေ၊ အတွေးအခေါ်တွေ စတာတွေကို sharing လုပ်ပေးလို့ ရပါတယ်နော်။

ကိုယ်ချစ်ခင်မှုတွေကို ဖော်ပြတတ်ပါစေ

Freepik.com

လူတော်တော်များများ ပြောတတ်တဲ့ နောင်တရစရာတွေထဲမှာ ကိုယ်ချစ်ရတဲ့ သူတွေကို ချစ်ကြောင်း မဖော်ပြလိုက်မိတာလည်း ပါဝင်ပါတယ်နော်။ ဒါကြောင့် တန်ဖိုးရှိလှတဲ့ အချိန်လေးမှာ ကိုယ်ချစ်ရတဲ့၊ ကိုယ်ခင်မင်ရတဲ့ သူတွေကို ကိုယ့်ရဲ့အချစ်တွေ ဖော်ပြဖို့ မတွန့်ဆုတ်ပါနဲ့။ ဒါဟာ ဖုံးကွယ်ဖို့ လိုအပ်တဲ့ အရာမဟုတ်သလို ကိုယ့်ရဲ့နှလုံးသား ဆန္ဒကိုလိုက်သင့်တဲ့ အရာပါ။ ဒီတော့ ခုပဲ ဖုန်းလေးကို ကောက်ကိုင်ပြီး ကိုယ်သတိရမိတဲ့ သူဆီ ဖုန်းဆက်ပြောလိုက်ပါ။

ကိုယ်လိုချင်တဲ့ အရာတွေ၊ ဖြစ်ချင်တာတွေ အတွက်

beststudio/Freepik

ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ၊ အိပ်မက်တွေအတွက် ကိုယ့်မှာ ကြိုးစားပိုင်ခွင့်အပြည့်အဝ ရှိပါတယ်။ ဘယ်သူတွေကပဲ ကိုယ့်ကို ကန့်ကွက်နေကြပါစေ၊ ဘယ်သူတွေကပဲ မဖြစ်နိုင်ဘူးလို့ ပြောနေကြပါစေ ကိုယ်ဖြစ်ချင်ရင်တော့ ဖြစ်အောင် ကြိုးစားခွင့်က ကိုယ့်လက်ထဲမှာပါ။ ဒီတော့ အချိန်တွေ ရွေ့ဆိုင်းနေတာတွေကို ရပ်လိုက်ပြီး ကိုယ့်ရဲ့နှလုံးသား ဆန္ဒအရ ဖြစ်ချင်တာတွေ ဖြစ်လာအောင် ကြိုးစားကြည့်ပါ။

ကိုယ့်ရဲ့ ဖြစ်တည်မှုအတိုင်း နေထိုင်ဖို့

svetlanasokolova/Freepik

တစ်ချို့သောသူတွေက တစ်ခြားသူတွေရဲ့ အကောင်းမြင်ခံရဖို့၊ တစ်ခြားသူတွေ စိတ်မကွက်သွားဖို့ကို အမြဲဂရုစိုက်နေတာမျိုး လုပ်တတ်ကြတဲ့အခါ ကိုယ်ရဲ့ ဖြစ်တည်မှုဟာ ပျောက်ပျက်သွားတာမျိုး ဖြစ်တတ်ကြပါတယ်။ ကိုယ်တကယ့် နေထိုင်ချင်တဲ့ ကိုယ့်ရဲ့ပုံစံမျိုးကို ဖုံးကွယ်ထာတာမျိုးကို ရပ်ပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုလေးအတိုင်းပဲ နေပါ။ ဒါက သင့်ရဲ့ ဘဝကို ပိုအဓိပ္ပါယ်ရှိပြီး ပိုပျော်ရွှင်လာစေမှာ ဖြစ်ပါတယ်။

Khin




Some text some message..