သင်ဟာ ပြောင်းလဲဖို့ တွန့်ဆုတ်နေသူတစ်ယောက် (သို့) ဘဝမှာ ဘာအံ့အားသင့်စရာတွေ ကြုံလာမလဲဆိုတာကို ကြည့်ဖို့ မစောင့်နိုင်တဲ့ သူတွေထဲက တစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ အောက်ပါရာသီခွင်ထဲမှာ ပါမယ်ဆိုရင် သင်လိုချင်သည်ဖြစ်၊ မလိုချင်သည်ဖြစ်စေ သင့်ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေက သင့်ကိုစောင့်မျှော်နေပါတယ်။
၁။ Taurus (ပြိဿရာသီဖွား)
သင်က ဒီရာသီခွင်ဆိုရင် ပြောင်းလဲမှုကို ကြံကြံမခံနိုင်ပါဘူး။ comfort zone မှာ နေရတာကို ကြိုက်ပြီး သင့်ဘဝမှာ သင်အနှစ်သက်ဆုံးအရာတွေက တည်ငြိမ်မှုနဲ့ လုံခြုံမှုဖြစ်ပါတယ်။ ဒါပေမယ့် နောက်နှစ်မှာ သင့်ရဲ့လုပ်ရိုးလုပ်စဉ်တွေကို နှုတ်ဆက်ဖို့ အချိန်ရောက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ ၂၀၂၀ ခုနှစ်မှာ အကြီးအများဆုံး အပြောင်းအလဲတချို့ကို ဖြတ်သန်းသွားရမယ့် ရာသီခွင်ဖြစ်လို့ပါပဲ။ ဒီအပြောင်းအလဲအားလုံးက ပိုကောင်းဖို့အတွက် ဖြစ်ပါလိမ့်မယ်။
ဒီနှစ်မှာ ကြုတွေ့ရလိမ့်မယ့် ပထမဆုံးအဓိကခြားနားချက်က သင့်အချစ်ရေးဘဝနဲ့ သက်ဆိုင်ပါတယ်။ သင်ဟူာ လူသစ်တွေ ဝင်လာမှာကို ရှောင်ရှားနိုင်သော်လည်း ဆန့်ကျင်ဘက်လိင်တစ်ယောက်က သင်သတိမပြုမိဘဲ သင့်နှလုံးသားထဲကို ဝင်လာပါလိမ့်မယ်။
ငွေရေးကြေးရေး ၊ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သတ်လာရင် ၂၀၂၁ ဟာ ကြိုးစားအားထုတ်မှုအားလုံး ပေးဆပ်ရမယ့် နှစ်ဖြစ်ပါတယ်။ မယုံနိုင်လောက်သော တိုးတတ်မှုအချို့လုပ်ဖို့နှင့် ထိုက်တန်တဲ့ တန်ဖိုးထားမှုတွေကို ရယူဖို့ပါပဲ။ ဒီပြောင်းလဲမှုတစ်ခုချင်းစီက သင့်ကိုယ်ရည်ကိုယ်သွေးကို အရေးပါတဲ့ ကွဲပြားခြားနားမှုအချို့ ပြုလုပ်ပါလိမ့်မယ်။ ယခုနှစ်ကုန်ဆုံးသွားတာနဲ့အမျှ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီး သက်တောင့်သက်သာရှိတဲ့လူတစ်ယောက်ဖြစ်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါက သင်လိုအပ်တဲ့ အပြောင်းအလဲဖြစ်ပါတယ်။
၂။ Leo (သိဟ်ရာသီဖွား)
၂၀၂၁ မှာ အဓိကအပြောင်းအလဲအချို့ ကြုံတွေ့ရမယ့် နောက်ရာသီခွင်ကတော့ လီယိုဖြစ်ပါတယ်။ ထိုပြောင်းလဲမှု အားလုံးနီးပါးက သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ သင့်ကိုယ်သင်မြင်တဲ့ အမြင်နဲ့ ဆက်စပ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ဟာ နောက်ဆုံးမှာ သင့်ရဲ့စွမ်းရည်အပြည့်အဝကို ရောက်ရှိပြီး သင့်ရည်မှန်းချက်ပန်းတိုင်တွေ ပြည့်မီစေမယ့်နှစ်ဖြစ်ပါတယ်။ သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အဆုံးအဖြတ်ပေးမှုတွေကြောင့် သင့်ရဲ့မျှော်မှန်းထားသောအိပ်မက်တွေ ပြည့်စုံလာမယ့်နှစ်ဖြစ်ပါတယ်။
၂၀၂၁ အစပိုင်းမှာ သင့်ဘဝရဲ့ အဆိုးဆုံးနှစ်တွေထဲက တစ်ခုဖြစ်တယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ သို့သော် ခရီးပေါက်လာတာနဲ့အမျှ သင့်ကဒ်တွေ အားလုံးကို မှန်ကန်စွာ ကစားနေကြောင်း သင်တွေ့ပါလိမ့်မယ်။ ပြီးတော့ အတားအဆီးအားလုံးကို အမြဲတမ်းကျော်လွှားနိုင်စွမ်းရှိလာတာကို တွေ့ရပါလိမ့်မယ်။ သင့်အတွက် အကောင်းဆုံးကာလအပိုင်းအခြားက ဇွန်လကနေ အောက်တိုဘာလအထိ ဖြစ်ပါလိမ့်မယ်။ ဒီအချိန်ကာလတွေဟာ ချစ်ခြင်းမေတ္တာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ များစွာအပြုသဘောဆောင်တဲ့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ့် လတွေဖြစ်ပါတယ်။
၃။ Gemini (မေထုန်ရာသီဖွား)
Gemini တွေဟာ အပြောင်းအလဲ အမျိုးအစား အားလုံးနီးပါးကို ခံစားရတဲ့ ရာသီခွင်တွေအဖြစ် လူသိများပါတယ်။ ၂၀၂၁ခုနှစ်က သူတို့အတွက် ဒီအပြောင်းအလဲတွေ ယူဆောင်လာမှာ အတိအကျပါပဲ။ ကြီးမားတဲ့ အံ့သြမှုတွေကြုံရတဲ့ နှစ်လည်း ဖြစ်ပါလိမ့်မယ်။
ဒါ့ကြောင့် ဒီရာသီခွင်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာ ၂၀၂၁ခုနှစ်မှာ အလွန့်အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အရာတွေ တွေ့ကြုံခံစားရဖို့ရှိပါတယ်။ ကျိန်းသေကံကောင်းမယ့် နှစ်တစ်နှစ်ဖြစ်ပါလိမ့်မယ်။
ဗီးနပ်က သင့်ရဲ့အချစ်ရေးဘဝကို ကွဲပြားခြားနားမှုတွေ ဆောင်ကျဉ်းပေးပါလိမ့်မယ်။ အထူးသဖြင့် မေလမှ ဇွန်လအထိ ဖြစ်ပါလိမ့်မယ်။ သြဂုတ်လနှင့် စက်တင်ဘာလဟာ သင့်အချစ်ရေးမှာ အခက်အခဲအချို့ရှိစေနိုင်ပါတယ်။ သို့သော် အောက်တိုဘာနောက်ပိုင်းမှာ အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ချောမွေ့သွားပါလိမ့်မယ်။
ဒါ့ကြောင့် အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သတ်လာတဲ့အခါ ၂၀၂၁က သင့်ရဲ့တီထွင်ဖန်တီးမှုနယ်ပယ် အပြည့်အဝကို ပြသနိုင်ဖို့ အခွင့်အရေးရမယ့်နှစ်ဖြစ်ပါတယ်။ သင့်ရဲ့အလုပ်အကိုင်နယ်ပယ်ကိုတောင် ပြောင်းလဲပြီး ပိုကျေနပ်စရာကောင်းတဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုခုကို စတင်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။
၄။ Virgo (ကန်ရာသီဖွား)
သင်ဟာ ကန်ရာသီဖွားတစ်ယောက်ဆိုရင် ၂၀၂၁ဟာ သင့်ဘဝကို ကြီးမားတဲ့ မတူညီမှုတွေ ဆောင်ကြဉ်းပေးမယ့်နှစ်ဖြစ်ပါတယ်။ ပြီးတော့ ဒီရာသီခွင်ဟာ အပြောင်းအလဲကို ကိုယ်စားပြုတဲ့ မာကျူရီက အုပ်ချုပ်ပါတယ်။ ထိန်းချုပ်မှုဆုံးရှုံးခြင်းက အားလုံးပြီးသွားရင် မကောင်းဘူးဆိုတာ မရှိကြောင်း တွေ့မြင်ပြီး နောက်ဆုံးတော့ လွှတ်ချဖို့ သင်ယူရလိမ့်မယ့် နှစ်ဖြစ်ပါတယ်။ သင့်ရဲ့နက်ရှိုင်းသော အတွင်းစိတ်မှာ ဝှက်ထားတဲ့ မလုံခြုံမှုတွေ၊ Overthinking တွေကို လွှတ်ချလိုက်ဖို့ သင်ယူရလိမ့်မယ် နှစ်လည်းဖြစ်ပါတယ်။
ဒီခြားနားမှုတွေဟာ ၂၀၂၀ခုနှစ်ရဲ့ နောက်ဆုံးနှစ်လအတွင်းမှာ ဖြစ်ပျက်လာပြီး နောက်နှစ်မှာ သူတို့ရဲ့လမ်းကြောင်း ဆက်လက်တည်ရှိပါလိမ့်မယ်။ သင်အတွက် ၂၀၂၁ ဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အချစ်ရေးပြောင်းလဲမှုတွေနဲ့ အလုပ်ရာထူးတိုးမြှင့်မယ့် နှစ်ဖြစ်ပါလိမ့်မယ်။
အရေးအကြီးဆုံးအချက်က သင့်ရဲ့ comfort zone ကနေ သင့်ကိုယ်သင် အတင်းရုန်းထွက်ခိုင်းတာပဲ ဖြစ်ပါတယ်။ လူအသစ်အချို့က သင့်ရဲ့အကျင့်ဓလေ့တွေကို ပြောင်းလဲစေမှာဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-herway