သင့်ရဲ့အချစ်ရေးကို ပျက်စီးစေလိမ့်မယ့် အသေးအဖွဲကိစ္စ (၅)ခု
lifestylemyanmar.com
|
2020-11-23


အလေးနက်ဆုံးနဲ့ အကောင်းဆုံး relationship တွေပြိုကွဲရတဲ့ အကြောင်းရင်းတွေကို စဉ်းစားတဲ့အခါ သင့်စိတ်ထဲ ပထမဆုံးပေါ်လာတဲ့အရာတွေက လိမ်လည်လှည့်စားသွားလို့ (သို့) အလွဲသုံးစားပြုလုပ်လို့ စသဖြင့်ဖြစ်နိုင်ပါတယ်။ ပြန်စဉ်းစားကြည့်ပါ၊ ဘာအကြောင်းပြချက်မှမရှိဘဲ လမ်းခွဲသွားရတဲ့ ပျော်ရွှင်သော စုံတွဲတွေ ဘယ်လောက်များများကို သင်သိပါသလဲ?
တကယ့်အမှန်တရားကတော့ relationship အများစုဟာ ပါတနာတွေအပါအဝင် လူတိုင်းသတိမထားမိတဲ့ အသေးအဖွဲအရာတွေကြောင့် ပြိုကွဲသွားကြခြင်းဖြစ်ပါတယ်။ ဒါတွေကတော့ ချက်ချင်းမလုပ်ဆောင်ပါက သင့်အချစ်ရေးကို ပျက်စီးစေနိုင်တဲ့ အဖြစ်အများဆုံးသော အသေးအဖွဲပြဿနာ ၅ခုဖြစ်ပါတယ်။

၁။ တာဝန်မယူခြင်း

ဘယ် relationship ကိုမဆို ပျက်စီးစေနိုင်တဲ့ ပထမဆုံးအရာတစ်ခုက သင့်လုပ်ရပ်တွေအတွက် တာဝန်မယူခြင်း ဖြစ်ပါတယ်။ ဒါက နှစ်ယောက်စလုံးနဲ့ သက်ဆိုင်ပါတယ်။ တကယ်လို့ ကျန်းမာပြီး အောင်မြင်သော အချစ်ရေးမျိုးကိုလိုချင်ရင် သူတစ်ပါးအပေါ် မှားယွင်းမှုအားလုံးအတွက် အပြစ်တင်တာတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။




၂။ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုတွေကို ဖယ်ရှားခြင်း

အပျော်ရွှင်ဆုံးသူတွေအပါအဝင် စုံတွဲတိုင်းက မကြာခဏ အငြင်းပွားကြတာထုံးစံပါပဲ။ လက်တွဲဖော်တွေကြား မတူညီတဲ့ ပြဿနာတွေကို ဖြေရှင်းတာက မမှားပါဘူး။ တကယ့်တော့ ဒါကတ လုပ်သင့်လုပ်ထိုက်တာပါ။ သို့သော် ကျန်းမာပြီး အကျိုးဖြစ်ထွန်းစေတဲ့ အငြင်းပွားမှုတွေရှိဖို့ လိုပါတယ်။ ပြဿနာအားလုံးကို အချိန်မီဖြေရှင်းဖို့ လိုအပ်ပါတယ်။ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုတွေကို ဖုံးဖိထားဖို့ ဆုံးဖြတ်လိုက်ရင် ထိုအရာတွေက အနှေးနဲ့အမြန် သင့်ဆီရောက်လာပြီး relationship ကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။




၃။ သင့်ရဲ့ထင်မြင်ချက်အစစ်အမှန်ကို ချမပြခြင်း

သင့်ရဲ့ ထင်မြင်ချက်အစစ်အမှန်ကို မပြောဘူးဆိုရင် သင်တွေးနေတဲ့အရာတစ်ခုက serious မဟုတ်ပေမယ့် သင့်ရဲ့ relationship ကိုအဆုံးသတ်ဖို့ ယူလာနိုင်ပါတယ်။ သူ့ရဲ့ခံစားချက်တွေကို မနာကျင်စေချင်တဲ့အခါ တစ်ခါတလေ သင့်ရဲ့ထင်မြင်ချက်တွေ၊ သဘောထားတွေနဲ့ ခံစားချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခွင့်ရဖို့ အမြဲတမ်းလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သင်အဲဒီလိုမလုပ်နိုင်ရင် အဲဒီအရာတွေက သင့်အတွင်းစိတ်ကို ပုံသွင်းသွားပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်မကျေနပ်မှုကို ဖြစ်စေမှာပါ။




၄။ သင့်ရဲ့အချစ်ရေးကို ပေါ့ပေါ့တန်တန်သဘောထားခြင်း

နှစ်ပေါင်းများစွာ လူတစ်ယောက်နဲ့ အတူရှိနေပြီးမှ ဒီလူကို သင့်ဘဝ အစိတ်အပိုင်းတစ်ခုအဖြစ် စတင်သတ်မှတ်တာက မဆန်းပါဘူး။ပြီးတော့ သင့်ကို ဘယ်တော့မှ မစွန့်ခွာသွားနိုင်တဲ့သူတစ်ယောက်အဖြစ် စမြင်လာပါတယ်၊ ဒါက သာမာန်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်စုံတွဲတွေနဲ့ long-term Rs ရှိသူတွေဟာ နောက်ပိုင်းမှာ သူတို့အချစ်ရေးကို ပေါ့ပေါ့တန်တန်သဘောထားလာကြပါတယ်။ အဲဒီလိုလုပ်မယ့်အစား စိတ်အားထန်သန်မှုနဲ့ ချစ်ခြင်းမေတ္တာကို အချိန်တိုင်း အသက်ဆက်ရှင်စေပါ။

၅။ ပရောပရည်လုပ်ခြင်း

လူအများစုက လှည်စားခြင်းကို ရုပ်ပိုင်းဆိုင်ရာ အရာတစ်ခုအဖြစ် မှတ်ယူကြပါတယ်။ သူတို့ အားလုံးမှားနေကြပါတယ်။ လှည့်စားတာက တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာ ရုပ်ပိုင်းဆိုင်ရာထက် ပိုနာကျင်စေပါတယ်။ ထို့ကြောင့် တွေ့သမျှလူနဲ့ ပရောပရည် ပြုလုပ်ခြင်းက လိမ်လည်လှည့်စားခြင်းပုံစံတစ်ခုဖြစ်ပြီး သင့်မှာ serious ဖြစ်စရာ relationship မျိုးရှိရင် အထူးသဖြင့် သင့်ပါတနာရဲ့ရှေ့မှာ သင်နဲ့ သင်လက်တွဲဖော် နှစ်ယောက်စလုံး မပြုလုပ်သင့်တဲ့အရာ ဖြစ်ပါတယ်။ မျက်နှာများခြင်းက မလေးအစားပြုခြင်းရဲ့လက္ခဏာတစ်ခုသာဖြစ်ပြီး သင့်အချစ်ရေးကို များစွာ မစဉ်းစားထားတဲ့၊ အပျက်သဘော သက်ရောက်စေမယ့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။


Lifestyle_Myanmar
LM_Nandar


Source-herway




Some text some message..