ဂျိုးဘိုင်ဒင်အနိုင်ရခြင်းအပေါ် အသိအမှတ်မပြုသေးကြောင်း ဘရာဇီးသမ္မတ ပြောကြား
mmtimes.com
|
2020-11-30



၎င်း၏ပါတီအား အားပေးထောက်ခံသော ပြည်သူတစ်ဦးကို ပွေ့ဖက်နေ သည့် ဘိုလ်ဆိုနာရိုကို နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အေပီ

ဂျိုးဘိုင်ဒင်အနိုင်ရခြင်းအပေါ် အသိအမှတ်မပြုသေးကြောင်း ဘရာဇီးသမ္မတ ပြောကြား

၂၀၂၀ ပြည့်နှစ် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရသည်ဆိုသောရလဒ်အား အသိအမှတ် မပြုသေးကြောင်း နှင့် အချိန်အနည်းငယ် စောင့်ကြည့်ဦးမည်ဖြစ်ကြောင်း ဘရာဇီးသမ္မတ ဂျိုင်ယာဘိုလ်ဆိုနာရိုက ပြောကြားခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဘိုလ်ဆိုနာရိုက သမ္မတထရမ့်၏ ပြောစကားများအတိုင်း ထပ်တူနီးပါး ပြောကြားခဲ့သည်။

‘’မဲမသမာမှုတွေ အများကြီး ရှိခဲ့တယ်ဆိုတဲ့သတင်းအချက်အလက် တွေ ကျွန်တော့်မှာ ရှိနေတယ်။ ဒီအကြောင်းကျတော့ ဘယ်သူမှ မပြောကြ ဘူး။ တစ်ယောက်ယောက်က အနိုင်ရသွားပြီလို့ သတ်မှတ်လို့ရပြီလားဆိုတာ တော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် နည်းနည်းလေးတော့ စောင့် ကြည့်လိုက်ပါဦးမယ်’’ ဟု ဘိုလ်ဆိုနာရိုက ပြောကြားခဲ့သည်။

ရှေးရိုးစွဲဆန်သော သမ္မတဖြစ်သူ ဘိုလ်ဆိုနာရိုသည် COVID-19 ကပ် ရောဂါနှင့်ပတ်သက်၍လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အယူအ ဆများကို လက်ခံခဲ့သူတစ်ဦးဖြစ်ကာ ထရမ့်နှင့် ၎င်းအား နှိုင်းယှဉ်ပြောဆိုမှု ကို နှစ်သက်သူတစ်ဦးလည်းဖြစ်သည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးတွင် ဘရာဇီးအစိုးရအဖွဲ့နှင့် သမ္မတဘိုလ်ဆိုနာရိုတို့အကြား သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ဆေး ပေါများစွာ ရရှိလာပါက ဘရာဇီးနိုင်ငံသားတိုင်း ကာကွယ်ဆေးထိုးနှံရန် မလိုအပ်တော့ ကြောင်း ဘိုလ်ဆိုနာရိုက လွန်ခဲ့သည့်အပတ်တွင် ပြောကြားခဲ့ဖူးသည်။




Some text some message..