ဥရောပတွင် နှစ်သစ်ကူးကာလမတိုင်မီ၌ COVID-19 ကာကွယ်ဆေး စတင်အသုံးပြုနိုင်ဖွယ်ရှိ
mmtimes.com
|
2020-12-16



ဂျာမနီကျန်းမာရေးဝန်ကြီး ယန်းစပန်းကို ဒီဇင်ဘာ ၁၅ ရက်က အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ-အေပီ

ဥရောပတွင် နှစ်သစ်ကူးကာလမတိုင်မီ၌ COVID-19 ကာကွယ်ဆေး စတင်အသုံးပြုနိုင်ဖွယ်ရှိ

ဗြိတိန်နှင့် အမေရိကန်တို့တွင် COVID-19 ကာကွယ်ဆေး အတည်ပြု နိုင်ခဲ့ပြီးနောက် ဥရောပသည်လည်း နှစ်သစ်ကူးကာလမတိုင်မီ ခရစ္စမတ် အားလပ်ရက်များတွင် ကာကွယ်ဆေး စတင်အသုံးပြုခွင့် ရရှိတော့မည်ဖြစ် ကြောင်း ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ဖော်ပြသည်။

ဥရောပဆေးဝါးအေဂျင်စီ (EMA) မှ ဆေးဝါးကျွမ်းကျင်ပညာရှင်များ သည် လာမည့် ဒီဇင်ဘာ ၂၁ ရက်တွင် Pfizer မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အကဲဖြတ်သုံးသပ်ရန်အတွက် စုဝေးကြမည်ဖြစ်ပြီး ယင်းနောက်တွင် အရေးပေါ်အသုံးပြုခွင့်အတွက် ဆုံးဖြတ်ချက် ချမှတ်ပေး မည်ဖြစ်ကြောင်း သိရသည်။

ဥရောပ ဆေးဝါးအေဂျင်စီ၏ လုပ်ငန်းတာဝန်မှာ ဆေးဝါးများနှင့်ပတ် သက်၍ အကြံပြုချက်များနှင့် သုံးသပ်ချက်များကို တိကျစွာ ထုတ်ပြန်ပေးရန် ဖြစ်ပြီး ၎င်းတို့၏ အကြံပြုချက်မှတစ်ဆင့် ကာကွယ်ဆေး အသုံးပြုရန် သင့် မသင့်ကို ဥရောပ ကော်မရှင်က အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ် ကြောင်း သိရသည်။

ဥရောပဆေးဝါးအေဂျင်စီသည် သက်ဆိုင်ရာ ကုမ္ပဏီထံ ကာကွယ်ဆေးနှင့် ပတ်သက်သည့် အချက်အလက် အလုံးစုံကို ပြည့်စုံစွာ တောင်းခံထားပြီးဖြစ်သောကြောင့် ဥရောပကော်မရှင်အနေဖြင့် အပြီးသတ် ဆုံးဖြတ်ချက်ကို ရက်ပိုင်းအတွင်း ချမှတ်နိုင်မည်ဖြစ်ကြောင်း ဥရောပဆေးဝါး အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဥရောပ ကော်မရှင်၏ အပြီးသတ် အတည်ပြုချက် ရရှိပြီးနောက် ဂျာမနီနိုင်ငံသည် ၂၄ နာရီမှ ၇၂ နာရီအတွင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ် ငန်းများကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ခရစ္စမတ်ကာလအရောက်တွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီး ယန်းစပန်းက ပြောကြားခဲ့သည်။

ဥရောပ ကော်မရှင်ဥက္ကဋ္ဌကလည်း ဥရောပ ဒေသတွင်း၌ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် နောက်ဆုံးသီတင်းပတ်မတိုင် မီတွင် စတင်လုပ်ဆောင်ဖွယ်ရှိကြောင်း ပြောကြားထားပြီးဖြစ်သည်။




Some text some message..