တိတ်တခိုး ဆက်ချစ်သင့်သလား၊ ဒီမှာတင်ပဲ ရပ်လိုက်ရမလား
mystylemyanmar.com
|
2021-01-30

လူတစ်ယောက်ကို တိတ်တခိုးလေးချစ်ရတာက ရင်ခုန်စရာပါ။ ချစ်မိတဲ့အချိန် အရာရာလှပနေပါတယ်။ သူ့ရဲ့အပြုံးလေးတွေ အပြုအမူတွေ မှန်သမျှ ချစ်စရာကောင်းနေတာပါ။ ဒါပေမဲ့ ကိုယ့်ဘက်ကပဲ ချစ်နေရတဲ့အဖြစ်မျိုးကတော့ ရင်နာစရာကောင်းပါတယ်။ ကိုယ်ချစ်သလို သူ့ဘက်က ပြန်မချစ်နိုင်တဲ့အချိန် နာကျင်ရပါတယ်။

တစ်ဖက်သတ်အချစ်က အချိန်ကြာလာရင် ကိုယ့်အတွက်မကောင်းတာမို့ လက်လျော့သင့်ရင် လက်လျှော့ရပါမယ်။ ဒါပေမဲ့လည်း ဟိုဘက်က ကိုယ့်အပေါ်ဘယ်လိုခံစားချက်ရှိလဲ သေချာမသိနိုင်ဘူးလေ။ ဒီတော့ သူ့ကို ဆက်ကြိုက်သင့်လား။ ဒီမှာတင်ပဲ ရပ်လိုက်ရမလား။ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါနော်။

၁။ သူက ရည်းစားရှိနှင့်ပြီးသားဆိုရင်




နှလုံးသားဆိုတာက သူလိုချင်တဲ့အရာကိုပဲ တောင့်တမှာပါ။ ကိုယ်က သူ့ကို Crush ပြီးမှ သူ့မှာ ရည်းစားရှိမှန်းသိလိုက်တဲ့အချိန်မျိုးရှိပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် လက်လျှော့တာအကောင်းဆုံးပါပဲ။ တကယ်လို့ သူ့ဘက်က သင့်ဆီစိတ်လည်လာရင်လည်း သင်အချိန်ကြာကြာပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေလို့ပါ။

၂။ အခြေအနေက ဘာမှထူးမလာဘူး




သင်က သူ့ကိုကြိုက်လာတာ သုံးနှစ်လေးနှစ်ကြာပြီ။ ဒါပေမဲ့ သူ့ဘက်က ကိုယ့်ကို စိတ်ဝင်စားတဲ့အရိပ်အယောင် တစ်စက်လေးမှ မပြရင်တော့ ပြန်စဉ်းစားသင့်နေပါပြီ။ ကိုယ်က ဒီလောက်ထိ ကြိုက်တာတောင် ပြန်မကြိုက်တဲ့ သူတစ်ယောက်အတွက် သင့်အချိန်တွေ အကုန်မခံပါနဲ့တော့။

၃။ သူတို့ဘက်က လှုပ်ရှားမှုမရှိဘူး




သူက သင်ကြိုက်နေတာသိရက်နဲ့ သူ့ဘက်က ဘာမှစပြီး ကမ်းလှမ်းခြင်းမရှိဘူး။ ရေခဲတုံးကြီးလိုပဲ သူ့ဘက်က ဖြစ်နေရင်တော့ သင်နောက်ဆုတ်သင့်ပါပြီ။ သူက သင့်ကို စိတ်မဝင်စားပါဘူး။

၄။ သင်က သူပြောသမျှကို လိုက်ခံစားနေမိတယ်




သူက ငါ့ကို ဘာလို့ စကားပြန်မပြောတာလဲ။ ငါ့ဘက်က စကားဆယ်လုံး ပြောမှ သူ့ဘက်က တစ်ခွန်းပဲပြန်ပြောတယ်။ အဲ့လိုတွေ တွေးမိပြီး သင်အရမ်းစိတ်ညစ်နေပြီလား။ သင့်ဘက်က အရမ်းကြိုးစားနေရတာမျိုးမလုပ်ပါနဲ့။ ဒါက ပင်ပန်းပါတယ်။

၅။ သင်သူနဲ့ စကားပြောတဲ့အချိန်တိုင်း နာကျင်နေရတယ်




တန်ပြန်သက်ရောက်မှုမရှိတဲ့ အချစ်က နာကျင်ပါတယ်။ သင့် Crush နဲ့စကားပြောတဲ့အချိန်တိုင်း သင်နာကျင်နေရလား။ ဒီလိုနာကျင်နေရရင်တော့ သင်ရပ်တန်းက ရပ်သင့်ပါပြီ။

၆။ သင့် Crush အကြောင်းကပဲ သင့်စိတ်ထဲ နေရာယူထားတယ်




တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်တာနဲ့ စွဲလန်းတာမတူပါဘူး။ လူတစ်ယောက်အကြောင်းကို အချိန်ပြည့်တွေးနေတာက စွဲလန်းနေတဲ့ လက္ခဏာပါ။ စွဲလန်းစိတ်က သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ သင့်ဘက်က ခံစားချက်များလွန်းတာကို သင့် Crush သိသွားတဲ့အချိန် အခြေအနေကောင်းနိုင်မှာမဟုတ်ပါဘူး။

ကိုယ်ကတော့ ကြိုက်လိုက်ရတာ။ သူ့ဘက်ကတော့ ကိုယ့်ကို ဒီကမ္ဘာမှာ ရှိတဲ့လူတစ်ယောက်အနေနဲ့မြင်ရုံကလွဲပြီး မထူးခြားလာဘူးဆိုရင် စိတ်ညစ်မနေပါနဲ့။ ရေခဲမုန့်မှာတောင် ချောကလက်အရသာကြိုက်တဲ့သူရှိသလို စတော်ဘယ်ရီအရသာကိုပဲ ကြိုက်တဲ့လူရှိပါတယ်။ သင့်ပုံစံက သူကြိုက်တဲ့ပုံစံမဟုတ်ဘူးဆိုလည်း ကိုယ့်ကို ကြိုက်မယ့်သူတွေ အများကြီးရှိပါသေးတယ်။ စိတ်မညစ်ပါနဲ့နော်။

Source: Herbeauty.co

By MyStyle Myanmar




Some text some message..