စိုးလေးဖြူ သေဆုံးမှုအတွက် ထွန်စက်မောင်းသမားကို စစ်ဆေးနေ
popolay.com
|
2018-12-26
ကလေးသေဆုံးမူနဲပတ်သက်လို့ နောက်ဆုံးသင်္ကာမကင်းခံရသူကတော့ ကြံခင်းကမြေတွေကိုတူးစွတဲ့အလုပ်လုပ်ကိုင်တဲ့ ထွန်စက်မောင်းသမားဖြစ်ပါတယ် ။

ကလေးဟာ သာမန်သွေးရိုးသားရိုးသေတာ မဟုတ်ဘူးဆိုတာကို ရရှိထားတဲ့ ဒဏ်ရာတွေက ပြနေတယ်လို့ သုံးသပ်နေကြပါတယ်။




အလောင်းကို စစ်ဆေးကြတဲ့အခါမှာ ကလေးခြေထောက်မှာ တွေ့ခဲ့ရတဲ့ ဒဏ်ရာတွေဟာ ထွန်သွားထိထားသလို ပြတ်ရှ ဒဏ်ရာတွေကို တွေ့နေရတယ်လို့ဆိုပါတယ် ။

ဒါ့အပြင် ကလေးရဲ့ ဦးခေါင်းမှာလည်းအညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်လို့ဆိုပါတယ်။

ယခုသံသယရှိခံထားရသူဟာ ကလေးပျောက်ဆုံးပြီးအခင်းဖြစ်ပွားနေချိန်မှာ သူဟာ ထွန်စက်ကိုမောင်းနေတာ မဟုတ်ပဲ ထွန်သွားတွေ တုံးနေလို့ လထွန်သွားလဲနေတယ်ဆိုတဲ့အကြောင်းပြ ထွက်ဆိုချက်ကြောင့် သူဟာ ကလေးသေဆုံးမူ့နဲ့ပတ်သက်လို့ သံသယရှိသူအဖြစ် ထိုင်းအာဏာပိုင်တွေက ကလေးရဲ့အလောင်းမတွေ့ခင်အချိန်ကနေ ယခုထိ ဆက်လက်စစ်ဆေးနေတာပါ။

ဒီအတွက် သူဟာထွန်သွားတွေကိုအဲဒီရက်ပိုင်းတွေမှာ သွားလဲတပ်ခဲ့တယ်ဆိုရင် ဘယ်နေရာမှာ ဘယ်နေရာမှာ သွားလဲခဲ့ပြီး ထွန်သွားအဟောင်းတွေက ဘယ်မှာလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားရမှာပါ ။

အလောင်းမတွေ့ခင်တုန်းကတော့ သူဟာ လယ်ထွန်စက်မောင်းနေတုန်း ထွန်စက်နားမှာ ကစားနေတဲ့ ကလေးတွေကို တွေ့လိုက်မိတယ်လို့ထွက်ဆိုပေမဲ့အခုနောက်တခါ ထွက်ဆိုတဲ့အခါမှာတော့ သူက ကလေးတွေ ကစားနေတာကိုအဝေးကနေပဲ တွေ့ခဲ့တယ်လို့ ဆိုပါတယ် ။

မောင်လေးကိုပွေ့ချီသွားတာတွေ့တယ်ဆိုတဲ့ ၃နှစ်သမီးလေးရဲ့ ထွက်ချက်အရဆိုရင်လည်းမတော်တဆမူဖြစ်တဲ့အချိန်မှာ သူကများ ကလေးကို ပွေ့ချီသွားခဲ့သလားဆိုတာလည်း သံသယရှိနေကြတာပါ ။

ဒါအပြင်သူဟာအဲဒီရက်ပိုင်းတွေမှာ ထွန်စက်ကို မမောင်းတော့ပဲ တခြားနေရာမှာအလုပ်သွားလုပ်နေတယ်လို့ ထိုင်းသတင်းတွေက ရေးသားနေကြပါတယ် ။




ထိုင်းရဲတွေကတော့ ကလေးပျောက်ဆုံးမှုနဲ့ပတ်သက်လို့ ရှာဖွေရေးလုပ်ငန်းစဉ်ပြီးသွားပေမဲ့ ကလေးကို ဘယ်သူသတ်သလဲဆိုတာကိုအမူမှန်ပေါ်တဲ့အထိ စုံစမ်စစ်ဆေးရတော့မယ်လို့ ဆိုပါတယ် ။

ကလေးဟာ မတော်တဆမူဖြစ်တာ မဟုတ်ခဲ့ရင် ရက်ရက်စက်စက် ဘယ်သူသတ်သွားလဲဆိုတာကို စုံစမ်းရတော့မယ့်အခြေအနေဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြနေပါတယ်။



Credit - SAW




Some text some message..