ပူတင်နဲ့ ဒေါ်နယ်ထရန့်တို့အတွက် ဘာဘာဗန်ဂါရဲ့ကြောက်မက်ဖွယ်ဟောကိန်း
shweinnlay.com
|
2018-12-25



ဘူဂေးရီးယားနိုင်ငံသူ မျက်မမြင်ရှေ့ဖြစ်ဟောပုဂ္ဂိုလ်ဖြစ်တဲ့ ဘာဘာဗန်ဂါဟာ ၂၀၁၉ ခုနှစ်အတွက် ဟောကိန်းထုတ်ခဲ့ပြီး ပူတင်နဲ့ ဒေါ်နယ်ထရန့်တို့အတွက် စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။

9/11အရေးခင်း၊ ၂၀၀၄ ဆူနာမီ၊ ISIS စစ်သွေးကြွအဖွဲ့တို့နဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့တဲ့ ဘာဘာဗန်ဂါဟာအမေရိကန်ရဲ့ ၄၄ ဆက်မြောက်သမ္မတဟာအာဖရိကန်နွယ်ဖွားအမေရိကန်နိုင်ငံသားဖြစ်လိမ့်မယ်လို့အတပ်ဟောကိန်းထုတ်ခဲ့သူဖြစ်ပြီးအမှန်တကယ်လည်း လူမည်းနိုင်ငံရေးသမား ဘားရက်အိုဘားမားဟာအမေရိကန်သမ္မတဖြစ်လာခဲ့ပါတယ်။




ဘာဘာဗန်ဂါက ရုရှားနိုင်ငံဟာ ကြီးမားတဲ့ဥက္ကာခဲကြီးတွေကြောင့်အပျက်အစီးတွေ ရင်ဆိုင်ရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းသူရှိလာမယ်လို့ ပြောကြားခဲ့ပါတယ်။




ယင်းအပြင်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာလည်း ထူးခြားဆန်းကြယ်တဲ့ဖျားနာမှုမျိုးကြောင့် နာမကျန်းဖြစ်ပြီး ဦးနှောက်အကျိတ်နဲ့အကြားအာရုံဆုံးရှုံးတဲ့အထိ ခံစားရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ၎င်းကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုမျိုး ၄ ကြိမ်အထိ ကြုံတွေ့ခဲ့ရဖူးတာကြောင့် ၎င်းရဲ့ပတ်ပတ်လည်မှာ ထိပ်တန်းစနိုက်ပါသမားတွေနဲ့ ဝန်းရံစောင့်ရှောက်ခြင်းခံနေရသူဖြစ်ပါတယ်။

ဘာဘာဗန်ဂါဟာ ၁၉၉၆ ခုနှစ်ကအသက် ၈၅ နှစ်အရွယ်မှာ သေဆုံးခဲ့သူဖြစ်ပြီး ကြိုတင်ဟောကိန်းတွေဟာ ၈၅ ရာခိုင်နှုန်းအထိ မှန်ကန်တာကြောင့် ရှေ့ဖြစ်ဟောပါရဂူအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။




Some text some message..