ကမ္ဘာကျော်DC ဇာတ်လမ်းထဲမှာ ပါဝင်လာတဲ့ ရုရှားသမ္မတပူတင်
shweinnlay.com
|
2018-12-26

DC ကာတွန်းစာအုပ်ဇာတ်လမ်းတွဲဖြစ်တဲ့ “Doomsday Clock”ဟာ လင်းနို့လူသားနဲ့ စူပါမန်းတို့ကြားထဲကို ဝင်ရောက်လာမယ့် ဗီလိန်‘Watchmen’အကြောင်း ရေးသားထားတဲ့ကာတွန်းဖြစ်ပါတယ်။

ယင်းကာတွန်းဇာတ်လမ်းတွဲထဲမှာထူးခြားတဲ့ဇာတ်ကောင်တစ်ကောင်အနေနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ဆင်တူတဲ့ ဇာတ်ကောင်ဟာရုုရှားနဲ့အမေရိကန်တို့ကြားမှာ စစ်ပွဲတွေဖြစ်ပွားဖို့အရှိန်မြှင့်ပေးတဲ့သူအဖြစ် ပါဝင်နေပါတယ်။




အမေရိကန်စူပါဟီးရိုးဖြစ်တဲ့ Firestorm ဟာ ရုရှားပြည်သူတွေကို မတော်တဆ ဖန်သားအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ ပူတင်ဟာ ကရင်မလင်နန်းတော်အပြင်ဘက်မှာ ဒေါသတကြီးနဲ့ တင့်ကားတွေ၊ စစ်သားတွေကို တစ်ဖက်တစ်ချက်စီမှာ တန်းစီစေပြီး စူပါမန်းကို “အမေရိကရဲ့လိမ်ညာမှုတွေကို ငါတို့တွေ ဆက်ပြီး သည်းညည်းခံတော့မှာမဟုတ်ဘူး”လို့အော်ဟစ်ခဲ့ပါတယ်။

ပူတင်ကအမေရိကန်အစိုးရကိုလက်စားချေဖို့ ကတိပေးခဲ့ပြီး Firestorm ဟာအမေရိကန်အစိုးရအတွက်အလုပ်လုပ်ပေးနေတဲ့ သူလျှိုတစ်ယောက်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။




စူပါမန်းက ပူတင်ကို ယင်းကိစ္စဟာ နားလည်မှုအကြီးကြီးလွဲနေတာသာဖြစ်တယ်လို့ ရှင်းပြခဲ့ပြီး Firestorm ဟာ ရည်ရွယ်ချက်မရှိဘဲ လုပ်ခဲ့မိတာဖြစ်ကြောင်းနဲ့ ၎င်းရဲ့ပါဝါနဲ့ ရေခဲနေတဲ့ရုရှားပြည်သူတွေကို ပြန်လည်ကယ်တင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်Firestorm ဟာ ရုရှားကလေးငယ်တစ်ဦးကိုအသက်ပြန်ရှင်အောင်လုပ်ပေးနိုင်ခဲ့ပြီး ပြန်ရောက်လာတဲ့အချိန်မှာတော့ရုရှားစစ်သားတွေနဲ့ တင့်ကားတွေဟာ ၎င်းတို့ရဲ့ပြည်သူတွေကို ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။




စူပါမန်းဟာ ကလေးငယ်ကို ကယ်တင်ခဲ့ပြီး ပူတင်ဟာ စူပါမန်းကို ကျေးဇူးတင်စကားပြောကြားပြီး လမ်းလျှောက်ပြီး ထွက်ခွာသွားပါတော့တယ်။




Some text some message..