ကမ္ဘာ့စျေးအကြီးဆုံးနှင့် တန်ဖိုးအကြီးဆုံးနာရီများ..
mmload.com
|
2023-03-28

နာရီတွေဟာ ဇိမ်ခံမှုနှင့် ဂုဏ်သိက္ခာရှိမှုရဲ့ သင်္ကေတဖြစ်ပြီး တန်ဖိုးရှိတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ဒီလိုတန်ဖိုးကြီးတဲ့နာရီတွေထဲက ကမ္ဘာ့စျေးအကြီးဆုံးနာရီ လေးခုကို ဖော်ပြပေးသွားပါမယ်။

Breguet Grande Complication Marie Antoinette - $30 million



Marie Antoinette ဟာ  Breguet နာရီတွေကို နှစ်သက်သူတစ်ယောက်ဖြစ်တဲ့အတွက် အလိုအလျောက်လည်တဲ့စက်နှင့် ပြက္ခဒိန်ပါတဲ့ နာရီတော်တော်များများကို ဝယ်ယူခဲ့ပါတယ်။ သူဟာ ဝယ်ယူခဲ့ဖူးတဲ့ Breguet နာရီတွေထက် အများကြီးပိုကောင်းပြီး အချိန်တိကျတဲ့ နာရီကို ၃၄ နှစ်ကြာ ဖန်တီးခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့နာရီကို 'Marie Antoinette' အမည်ပေးခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် နာရီချစ်သူတွေနဲ့ နာရီစုဆောင်းသူတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။

Patek Philippe Grandmaster Chime Ref. 6300A - $31 million



The Grandmaster Chime Ref.6300A ကို ကုမ္ပဏီရဲ့ 175 နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂၀၁၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ ဒီနာရီအမျိူးအစားဟာ သံချေးမတက်နိုင်တဲ့ ပထမဆုံးနှင့် တစ်ခုတည်းသောဗားရှင်းတစ်ခုအဖြစ် ထင်ရှားပါတယ်။

Graff Diamonds The Fascination - $40 million



ဒီနာရီမှာ အရည်အသွေးအကောင်းဆုံးစိန်ဖြူ ၁၅၂.၉၆ ကာရက် ပါဝင်ပါတယ်။ စိန်ဖြူထဲက ၃၈.၁၃ ကာရက်ကို လက်ကောက်အဖြစ်သော်လည်းကောင်း လက်စွပ်အဖြစ်သော်လည်းကောင်းဝတ်ဆင်လို့ရပါတယ်။ Baselworld 2015၊ Basel ဇိမ်ခံပြပွဲမှာ "ကမ္ဘာ့တန်ဖိုးအရှိဆုံးပြောင်းလဲနိုင်သောနာရီ" အဖြစ် ထုတ်ဖော်ပြသထားပါတယ်။

Graff Diamonds Hallucination: $55 million



ဒေါ်လာ 55 သန်းတန် "Hallucination" နာရီကို ရှားပါးရောင်စုံစိန်တွေနဲ့ ပြုလုပ်ထားပါတယ်။ နာရီလက်ပတ်ကို ပလက်တီနမ်နဲ့ပြုလုပ်ထားပြီး အဝါ၊ အဖြူ၊ လိမ္မော်၊ အပြာ၊ ပန်းရောင်စတဲ့စိန်တွေနဲ့ အလှဆင်ထားပါတယ်။ ဒိုင်ခွက်ကိုတော့ ပန်းရောင်စိန်နဲ့ အလှဆင်ထားပါတယ်။ ဒီနာရီကိုလည်း Baselworld 2014၊ Basel ဇိမ်ခံပြပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ 




Some text some message..