ကမ္ဘာပေါ်က ခေတ်အဆက်ဆက် အောင်မြင် ကျော်ကြားခဲ့တဲ့ သမိုင်းဝင် နာမည်ကြီးပုဂ္ဂိုလ်များ
edge.com.mm
|
2023-04-03

ကမ္ဘာမှာ ဉာဏ်ကြီးရှင်တွေ မရှိရင် သမိုင်းဆိုတာလည်း ဖန်တီးလို့ မရပါဘူး။ ကမ္ဘာပေါ်မှာ နာမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ လူသာဆုံးပါးသွားပေမယ့် သမိုင်းရော နာမည်ရော ကျန်ရှိသလို သူတို့ချန်ထားခဲ့တဲ့ နည်းလမ်း၊ အကြံအဉာဏ်၊ ဖော်မြူလာတွေကလည်း ယနေ့ထက်တိုင် မရှိမဖြစ် အသုံးဝင်နေဆဲပါ။

သူတို့ရဲ့ ထက်မြက်တဲ့ဉာဏ်ရည် IQ Level ကြောင့် ငယ်ရွယ်စဥ်မှာ ကျော်ကြားမှုတွေ ရရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်တွေထဲကမှ အခုတစ်ခါမှာတော့ ကမ္ဘာပေါ်က နာမည်ကျော်ကြားခဲ့တဲ့ သမိုင်းဝင် နာမည်ကြီးပုဂ္ဂိုလ် (၈) ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

1. Isaac Newton

ဗြိတိသျှနိုင်ငံသား၊ အင်္ဂလိပ်လူမျိုး နယူတန်ဟာ ထူးခြားတဲ့ ဉာဏ်ကြီးရှင်၊ ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အဂ္ဂရိတ်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ ဩဇာအရှိဆုံးသိပ္ပံပညာရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ သိပ္ပံပညာဟာ ၁၇ရာစု သိပ္ပံဆိုင်ရာ တော်လှန်ရေးအတွက်သာမက ခေတ်မီနည်းပညာတွေကိုပါ မွေးဖွားပေးခဲ့ပါတယ်။ ခရစ်နှစ် ၁၆၄၃ ခုနှစ်မှာ မွေးဖွားပြီး ၁၇၂၇ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ 

2. Aryabhatta

အာရဘတာဟာ အိန္ဒိယသင်္ချာနှင့် အိန္ဒိယနက္ခတ်ဗေ၏ ဂန္တဝင်ခေတ်မှ သင်္ချာပညာရှင်ကြီး များထဲကမှ ပထမဦးဆုံးသော နက္ခတ်ဗေဒပညာရှင်ကြီး တစ်ဦးပဲ ဖြစ်ပါတယ်။ အေဒီ ၄၇၆ ခုနှစ်မှာ မွေးဖွားပြီး အေဒီ ၅၅၀ မှာ သေဆုံးခဲ့ပါတယ်။ သင်္ချာနှင့် နက္ခတ်ဗေဒပညာကို အထူးစိတ်ဝင်စားတဲ့ ပညာရှင်ကြီးတစ်ဦး ဖြစ်ပြီး ရွေ့လျားမှုဆိုင်ရာ နှိုင်းယှဥ်မှုအကြောင်းကို ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့တဲ့အတွက်လည်း အစောပိုင်း ရူပဗေဒပညာရှင်တစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့ပါသေးတယ်။

3. Galileo Galilei

Galileo di Vincenzo Bonauti de' Galilei (ဂလီလီယို) လို့ လူသိများတဲ့ ပုဂ္ဂိုလ်ကြီးကတော့ အီတလီနိုင်ငံသားဖြစ်ပြီး ခရစ်နှစ် ၁၅၆၄ ခုနှစ်မှာ မွေးဖွားပြီး ၁၆၄၂ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ နက္ခတ်ဗေဒပညာရှင်၊ ရူပဗေဒပညာရှင်၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ဗဟုသုတနှံ့စပ်သူ တစ်ယောက်အဖြစ်လည်း နာမည်ကြီး ကျော်ကြားပါတယ်။ နက္ခတ်ဂြိုဟ်တွေဖြစ်တဲ့ Europa, Ganymede, Rings of Saturn,Lo နဲ့ Callisto စတာတွေကို ရှာဖွေတွေ့ရှိခဲ့သူပါ။

4. Thomas Alva Edison

အမေရိကန်နိုင်ငံမှ ကမ္ဘာကျော်နာမည်ကြီး တီထွင်သူ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ သောမတ်စ်အယ်လ်ဗာအက်ဒီဆင်ဟာ စီးပွားရေးသမားတစ်ဦးအဖြစ်လည်း နာမည်ကြီး ကျော်ကြားပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လူထုဆက်သွယ်ရေး၊ အသံဖမ်းယူခြင်း နှင့် လှုပ်ရှားမှု ဓာတ်ပုံများကဲ့သို့သော နယ်ပယ်များတွင် စက်ပစ္စည်းများစွာကို တီထွင်ခဲ့သူ တစ်ဦးပါ။ ခရစ်နှစ် ၁၈၄၇ ခုနှစ် အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး ၁၉၃၁ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

5. Leonardo da Vinci

လီယိုနာဒိုဒါဗင်ချီလို့ ပြောလိုက်ရင် သူ့ရဲ့ ပြောင်မြောက်လှတဲ့ ကမ္ဘာကျော်နာမည်ကြီး အနုပညာပန်းချီကားတွေကို အလိုလို မြင်မိကြမှာ အမှန်ပါပဲ။ ခရစ်နှစ် ၁၄၅၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အီတလီနိုင်ငံသား လီယိုနာဒိုဒါဗင်ချီဟာ ပန်းချီဆရာ၊ အင်ဂျင်နီယာ၊ သိပ္ပံပညာရှင်၊ သီအိုရီဆိုင်ရာပညာရှင်၊ ပန်းပုပညာရှင်၊ ဗိသုကာပညာရှင်အဖြစ် နာမည်ကြီးခဲ့ပါသေးတယ်။ အီတလီနိုင်ငံက ထင်ရှား ကျော်ကြားတဲ့ ခေတ်မီလက်ရာတွေမှာ ဒါဗင်ချီရဲ့ လက်ရာတွေဟာလည်း အခုထက်ထိတိုင် နေရာယူထားဆဲပါ။

6. Stephen Hawking

ဘဝမှာ အဆိုးတွေ ကြုံတွေ့လာတိုင်း လေးစားအားကျ အတုယူရမယ့် ပုဂ္ဂိုလ်များထဲမှာ စတီဖင်ဟောကင်းလည်း တစ်ဦးအပါအဝင်ပါပဲ။ အသက် ၂၁ နှစ်မှာ သွက်ချာပါဒရောဂါကို ခံစားခဲ့ရပြီး အကြောတွေအားလုံး တုံ့ဆိုင်းကာ ဝှီးချဲပေါ်မှာပဲ သူ့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းကို ကုန်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ ဘဝကို အရှုံးမပေးဘဲ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ မလျော့တဲ့ဇွဲလုံ့လတို့ကြောင့် အခုထက်ထိတိုင် ကမ္ဘာပေါ်မှာ သမိုင်းဝင် နာမည်တွင်ကျန်ဆဲပါ။ 

ဟောကင်းဟာ အင်္ဂလိပ်သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်၊ စကြာဝဠာဗေဒပညာရှင်နဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး သူကွယ်လွန်ချိန်မှာ Cambridge တက္ကသိုလ်ရှိ သီအိုရီစကြာဝဠာဗေဒ ဗဟိုဌာနတွင် သုတေသနဒါရိုက်တာ အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသေးတယ်။

7. Terence Tao

တားရန့်စ်ဟာ ဉာဏ်ရည်အဆင့်သတ်မှတ်ချက် ၂၃၀ ရှိပြီး ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံးအဖြစ် လူသိများ ကျော်ကြားတဲ့ ဩစတျေးလျနွယ်ဖွား တရုတ်-အမေရိကန် သင်္ချာပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ၂ နှစ်သားအရွယ်မှာ ၅ နှစ်အရွယ်ကျောင်းသားတွေကို စာလုံးပေါင်းနဲ့ ဂဏန်းပေါင်းနည်းတွေကို သင်ကြားပေးနိုင်ခဲ့သူပါ။ အသက် ၁၀ နှစ်အရွယ်မှာ နိုင်ငံတကာ အိုလံပစ်ပြိုင်ပွဲမှာ စတင်ပါဝင်နိုင်ခဲ့ပြီး ဆုတံဆိပ်များစွာ ရယူနိုင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ်မှာ IQ 230 နဲ့ ကမ္ဘာ့ဉာဏ်ရည်အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး လက်ရှိမှာ အသက် ၄၇ နှစ် ရှိပါပြီ။

8. Christopher Langan

အမေရိကန် နိုင်ငံသားတစ်ဦးဖြစ်ပြီး ဉာဏ်ရည်အဆင့် ၁၉၅ နဲ့ ၂၁၀ ကြားမှာ ရှိပါတယ်။ ခရစ္စတိုဖာဟာ အသက် ၆ လအရွယ်ကတည်းက  စကားစပြောနိုင်ခဲ့ပြီး အသက် ၃ နှစ်အရွယ်မှာ စာဖတ်ခြင်းကို Self-Study အဖြစ် ကိုယ်တိုင် လေ့လာသင်ယူနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင် နာမည်ပေး ခေါ်တွင်စေခဲ့တဲ့  Cognitive-Theoretic Model of the Universe (CTMU) ဆိုတဲ့ သိစိတ်နဲ့ မသိစိတ်ရဲ့ ဆက်စပ်နေမှု သီအိုရီကို ရှာဖွေတွေ့ရှိခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၇၁ နှစ် ရှိပါပြီ။









Some text some message..