နေမဝင်သည့်နိုင်ငံ(၅)နိုင်ငံ
mmload.com
|
2023-04-24

(၁) Hammerfest

နော်ဝေးနိုင်ငံမှာရှိတဲ့ ဒီမြို့ဟာဆိုရင် ကမ္ဘာ့မြောက်ဖက်အကျဆုံးမြို့ဖြစ်ပြီး ယူနက်စကိုကနေပြီးတော့ထိန်းသိမ်းထားတဲ့ Sturve Geodetic Arc နယ်ပယ်နှင့်ထိစပ်နေပါတယ်။ လူဦးရေ ရှစ်ထောင်ပဲရှိပြီးတော့ မေလနှင့် ဇူလိုင်လတွေမှာဆိုရင် ရက်ပေါင်း ၇၆ရက်တိတိနေမဝင်ပါဘူး။ ဒါ့အပြင် ပုံမှန်လတွေမှာဆိုလည်း ၁၂နာရီ ၄၃မိနစ်မှာနေဝင်ပြီး နောက်မိနစ်လေးဆယ်အကြာမှာ နေပြန်ထွက်လာပါတယ်။


(၂)Iceland

ဒီကျွန်းနိုင်ငံဟာဆိုရင် ဥရောပမှာဒုတိယအကြီးဆုံးဖြစ်ပြီးတော့ ခြင်တစ်ကောင်မှမရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဇွန်လအတွင်းမှာဆိုရင် နေဝင်တာမရှိတော့ဘဲ တစ်လလုံးလင်းထိန်နေတဲ့နိုင်ငံပါ။ ကျန်လတွေမှာဆိုရင်လည်း နေဝင်တယ်ဆိုပေမဲ့ ကောင်းကင်ကမှောင်မသွားဘဲ အဖြူရောင်ကောင်းကင်ဖြစ်နေတာမလို့ ခရီးသွားတွေ စိတ်ဝင်စားကြတဲ့နိုင်ငံဖြစ်ပါတယ်။


(၃) Kiruna

ဆွီဒင်မှာရှိတဲ့ ဒီမြို့လေးဟာဆိုရင် လူဦးရေ ၁၉၀၀၀လောက်ရှိပြီး မေလကနေစပြီး ရက်တစ်ရာတိတိ နေမဝင်တဲ့ နေရာလေးပါ။ ဆွီဒင်ရဲ့အလှဆုံးအဆောက်အအုံဖြစ်တဲ့ Nouveau ဘုရားကျောင်းကလည်း ဒီမြို့မှာရှိနေတာဖြစ်ပါတယ်။


(၄)Nunavut

ကနေဒါနိုင်ငံမှာရှိတဲ့ ဒီမြို့မှာနေမယ်ဆိုရင်တော့ နေရောင်ကိုရတလှည့်မရတလှည့်ဖြစ်နေမှာပါ။ လူဦးရေ သုံးထောင်ပဲရှိတဲ့ Nunavut မြို့ဟာဆိုရင် ဆောင်းရာသီမှာ ရက်၃၀တိတိနေမထွက်တော့ဘဲ အမှောင်ထုဖြစ်နေတာပါ။ ဒါပေမဲ့ ကံကောင်းတာက နွေရာသီနှစ်လလုံးကလည်းပဲ နေလုံးဝမဝင်ဘဲ လင်းထိန်နေအုံးမှာပါ။


(၅) Saint Petersburg

ရုရှားက ဒီမြို့လေးဟာဆိုရင် မြောက်ဖက်အကျဆုံးနေရာမှာတည်ရှိနေတာကြောင့် တစ်လနှင့်တစ်ဝက်တိတိ နေမဝင်ဘဲလင်းထိန်နေတတ်ပါတယ်။ 





Some text some message..