ကမ္ဘာ့လူဦး‌ရေအနည်းဆုံးနှင့် အသေးငယ်ဆုံးနိုင်ငံများ...
mmload.com
|
2023-06-06

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၅ ရှိပြီး လူဦးရေနှင့်အရွယ်အစားမတူညီတဲ့အပြင် သမိုင်းဖြစ်တည်မှုအရလည်း မတူညီကြပါဘူး။ ဒီလိုနိုင်ငံတွေထဲကမှ လူဦးရေအနည်းဆုံးနှင့် အသေးငယ်ဆုံးနိုင်ငံ (၃) ခုကို ဖော်ပြပေးသွားပါမယ်။


(၁) ဗာတီကန်မြို့တော်

ဗာတီကန်မြို့တော်ဟာ ပုပ်ရဟန်းမင်းကြီးနှင့် သူ့ရဲ့အခြွေအရံတွေအများအပြားနေထိုင်တဲ့ မြို့တော်အဖြစ် နာမည်ကြီးပါတယ်။ ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ လူဦးရေ ၅၁၇ ကြားရှိပြီး ၀.၄၄ ကီလိုမီတာခန့်သာကျယ်ဝန်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဗာတီကန်စီးတီးကို ၁၉၂၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လူဦးရေနှင့်မြေဧရိယာအရ ကမ္ဘာပေါ်မှာအသေးဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဗာတီကန်မြို့တော်ဟာ အီတလီနိုင်ငံအတွင်းမှာရှိတဲ့ သီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။


(၂) တူဗာလူကျွန်းစုနိုင်ငံ

ကျွန်းစုနိုင်ငံဆိုတဲ့အတိုင်းပဲ သန္တာကျောက်တန်းပေါကြွယ်ဝတဲ့ တောင်ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းစု (၉) ခုနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၁၁၃၈၇ ရှိပြီး ကုန်းမြေဧရိယာဟာ ၂၆ စတုရန်းကီလိုမီတာခန့်သာရှိပါတယ်။ တူဗာလူနိုင်ငံဟာ ၁၉၇၈ ခုနှစ်က လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာတာဖြစ်ပါတယ်။ 


(၃) နာရူနိုင်ငံ

မာရှဲကျွန်းရဲ့တောင်ဘက်မှာရှိတဲ့ နာရူနိုင်ငံဟာ အိုစီးနီးယားရှိ သေးငယ်တဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။ မြေဧရိယာ ၂၁ စတုရန်းကီလ်ိုမီတာကျယ်ဝန်းပြီး လူဦးရေ ၁၂၇၆၉ ခန့်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တို့လက်အောက်ကျရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။





Some text some message..