တောရိုင်းမြေ၊ မြစ်ကြီးဧရာဒွန်တို့ရဲ့ ဖန်တီးရှင် စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား ရှိုလိုကော့ဗ် ရုပ်ပုံလွှာ
mmtimes.com
|
2019-01-04

ဂျာနယ်လစ် ရှိုလိုကော့ဗ်။


ရှိုလိုကော့ဗ်ဋီကာ

စာပေအနုပညာရှင်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုက သူ့လောကဘဝအမြင်သဘောထားတွေအတွက် ပင်မ ရေစီးဖြစ်တယ်ဆိုတာဟာအမှန်တကယ်ဖြစ်ခဲ့ရင် (ကျွန် တော်လည်းအဲဒီလိုယုံကြည်) ရှိုလိုကော့ဗ်ရဲ့ဘဝမှာ ရုရှား လူမှုတော်လှန်ရေးကြီးအတွင်းအမြဲထာဝရစီးဆင်းခဲ့တဲ့အနက်ရှိုင်းဆုံးနဲ့အရှုပ်ထွေးဆုံးရေစီးတွေထဲကတစ်ခုဖြစ်တဲ့ ပင်မရေစီးစီးဆင်းခဲ့လေတယ်။ ကော့ဆက်မြေ ပေါ်မှာ ဒီလိုမာန်ဟုန်ပြင်းစွာကျရောက်ခဲ့တဲ့ မုန်တိုင်းတွေ လိုမျိုး တခြားမြေမှာ ကြုံဖူးကြလေသလား။ ရှေးကျစွာ တည်ရှိခဲ့တဲ့သွင်ပြင်နဲ့ ကျောက်စောင်းကမ်းခြေတွေကအဘယ်ရေလှိုင်းရဲ့ ထိုးဖောက်ရိုက်ခတ်မှုကိုမဆို ဝါးမျိုဖို့ ရပ်တည်နေတဲ့ပုံစံနဲ့။ ဘဝသစ်အတွက်အပြင်းအထန် တိုက်ခိုက်ဖို့ သူတို့အလျှော့ပေးရတဲ့ တိုင်အောင်ပေါ့။


ရုရှားဧရာဒွန်

မြစ်ကြီးဧရာဒွန်တစ်ကြော ပြည်တွင်းစစ်မီးထတောက် တဲ့အချိန်မှာ ရှိုလိုကော့ဗ်က ချာတိတ်ဘဝသာရှိသေးတာ ပါ။ စစ်ကသူ့ကို သူ့တော်လှန်ရေးစိတ်ဓာတ်နဲ့ စာပေအနု ပညာပါရမီစွမ်းနှစ်ခုစလုံးကိုသင်ကြားမြေတောင်မြှောက် ပေးလိုက်တယ်။ ဒီခံစားမှုတွေနဲ့ သူ့ဘဝက ထူးထွေတည့်အံ့ရာသော်ဖြစ်ခဲ့တယ်။

အသက် ၁၈ နှစ်သားမှာ သူ့စာပေအရေးအသားပုံနှိပ်ဖော်ပြခြင်းခံရပြီးပြီ။အသက်(၂၀) မှာ သူက ဝတ္ထုတိုပေါင်းချုပ်တစ်အုပ်ထွက်ပြီးပြီ။ ဆိုဗီယက် ဝတ္ထုရှည်ကြီးတွေရဲ့ခေတ်အစပျိုးမျှသာရှိသေးတဲ့ ကာလမှာ သူ့ ]မြစ်ကြီးဧရာဒွန်} ပထမတွဲအပေါ်အားပေးလက်ခံမှု ဘယ်လောက်များတယ်ဆိုတာကို မျိုးဆက်ဟောင်းကအမှတ်ရနေဆဲပါ။အဲဒီတုန်းက စာရေးဆရာကအသက် (၂၃) နှစ်မျှသာရှိသေးတာပါ။အဲဒါကအတော် ဆူဆူညံညံအုန်းအုန်းကျွက်ကျွက်နဲ့ ဂယက်ထခဲ့ပြီး ထူးထူး ကဲကဲ လက်ခံမှုရရှိအောင်မြင်ကာ တစ်ခါတစ်ရံမှာ နိမိတ် ဆိုးလိုဖြစ်နေပြီး ကြိုတင်ခန့်မှန်းပြောဆိုချက်အားလုံးဟာ ဖြစ်မလာခဲ့ဘူး။ ဒီစာရေးဆရာရဲ့အနာဂတ်က ဘယ်လိုရှိ လေမလဲဆိုတဲ့မေးခွန်းက ကျွန်တော်တို့အားလုံးအပေါ်မှာ စိတ်လှုပ်ရှားတကြွ်ကမှုကိုဖြစ်စေတယ်။ နောက်ငါးနှစ်မှာ တစ်ယောက်ပြီးတစ်ယောက်အံ့အားသင့်စေခဲ့ပြီး သူတို့အားလုံးက ရုရှားဆိုဗီယက်စာပေဟာ မဟာဂန္ထဝင်ပါရမီ ရှင် စာပေအနုပညာရှင်တစ်ဦးကို လက်ခံရရှိလိုက်ပြီဆိုတာ ပါပဲ။

Virgin Soil Upturned ပထမစာအုပ်နောက်မှာ တော်လှန်ရေးမဟာဝတ္ထုရှည်ကြီးရဲ့ ဒုတိယနဲ့တတိယတွဲ ရယ်၊ ပြည်တွင်းစစ်ရယ် ထွက်ပေါ်လာတယ်။ ဒီစာအုပ်ရဲ့ သွင်ပြင်က စာရေးဆရာရဲ့ စွမ်းရည်ဘယ်လောက်ကြီးမား တယ်ဆိုတဲ့အတိုင်းအတာကို ပြသနေတယ်။ ဝတ္ထုရှည် တစ်ပုဒ်ကိုရေးနေရာက ရေးလက်စဘေးချပြီးအခြားတစ်ခု စတင်ခြင်းဟာ ဝမ်းနည်းစရာခွဲခွာမှုဖြစ်ပေမယ့်အဲဒါဟာ ယခင်တစ်ခုနဲ့ခြားနားတဲ့အကြောင်းအရာသစ်တစ်ခုဖြစ် ရုံမျှသာမကအကြောင်းအရာသစ်က လက်ငင်းအဖြစ်အပျက်တွေနဲ့အတူအလျင်အမြန်စီးဆင်းနေလို့ပဲ။ စာရေး ဆရာရဲ့စိတ်ကူးစိတ်သန်းတွေကို ချုပ်ကိုင်ထားတဲ့ နှစ်အတန်ကြာ သမိုင်းဝင်ပြည်တွင်းစစ်က ရုရှားနိုင်ငံတစ်လွှား လယ်ယာမြေပြည်သူပိုင်ပြုလုပ်ရေးကြောင့် လက်ရှိရုန်းကန်နေရတဲ့ ဒုက္ခတွေရဲ့ထွက်ပေါက်ပါ။ သူ့အရှုပ်ထွေးဆုံးအလုပ် စာပေတာဝန်ကြီးကို ကောင်းစွာကိုင်တွယ်အောင် မြင်မှုရဲ့ လျှို့ဝှက်ချက်ကတော့ သူကောင်းစွာဖြတ်သန်း ခဲ့ပြီး ကောင်းမွနြွ်ကယ်ဝစွာအသေးစိတ်သိတဲ့ လုပ်သား ပြည်သူတွေနဲ့ သူ့ဘဝမှာအစဉ်တစိုက် ထိတွေ့ပတ်သက် နေမှုပဲ။ ပြီးတော့ မပြောမဖြစ်ပြောရမှာကအောင်မြင်မှုဟာ ရှိုလိုကော့ဗ်ရဲ့ စာပန်းချီရေးသီမှုဆိုင်ရာအံ့ဖွယ်သရဲ ကဗျာပါရမီအစွမ်းဆီကနေ မြစ်ဖျားခံတယ်။

ဒီနေရာမှာ ကျွန်တော့်ရည်ရွယ်ချက်က ရှိုလိုကော့ဗ်ရဲ့ စာပေအလုပ်တွေကို ထုတ်နုတ်ချီးပဖို့မဟုတ်ပါဘူး။ သူရေးတဲ့စာပေလုပ်ရပ်အားလုံးထဲက နှစ်ခုအပေါ်မှာသာအာရုံစိုက်စေချင်တာပါ။ ဆိုဗီယက်စာပေအပေါ်ပေး ဆပ်ခဲ့တဲ့ ရှိုလိုကော့ဗ်အရေးအသားရဲ့ မွေးရာပါအစိတ်အပိုင်း တစ်ရပ်ကတော့ ရဲစွမ်းသတ္တိဖြစ်ပြီးအဲဒါဟာအံ့ဖွယ်ပေး ဆပ်မှုပါပဲ။ သူဘယ်ကာလကို ဖော်ကျူးခြယ်မှုန်းနေသည် ဖြစ်စေ ဘဝမှာ လက်တွေ့ကြုံတွေ့လာရတဲ့ ဝိရောဓိတွေကို သူဘယ်တော့မှ သွေးကြောင်ဘေးရှောင်မသွားဘူး။ သူ့ စာအုပ်တွေကအတိတ်နဲ့ပစ္စုပ္ပန်မှာ ရုန်းကန်ရတာတွေကိုအပြည့်အဝဖော်ပြပေးတယ်။ လီယိုတော်လ်စတွိုင်းရဲ့ လူငယ်ဘဝကအကျင့်သီလနဲ့ပတ်သက်လို့ သူ့ကိုယ်သူ ဖော်ကျူးခဲ့တာကို ပြန်ပြောရာမှာအလိမ်အညာ စကားမပြောဖို့၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ မလိမ်ဖို့၊ ထိမ်ချန်မှုနဲ့ ဘယ်တော့မှမလိမ်ညာဖို့တဲ့။ ရှိုလို ကော့ဗ်ကတော့ ဘာတစ်ခုမှ ချန်ထားပျက်ကွက်တာ မရှိ ဘူး။ သူအားလုံးကိုအမှန်အတိုင်းရေးခဲ့တယ်။ သူကအလွမ်းဇာတ်အဖြစ်ဆိုးတွေကို ဇာတ်လမ်းဆင်ဗာရာ ဏသီမချဲ့ခဲ့သလို ဇာတ်နာခဲ့တာတွေကိုလည်း ပေါ့ပေါ့ပါးပါး ဖတ်စရာဖြစ်အောင် မလုပ်ခဲ့ဘူး။ သဘာဝပန်းရိုင်းနှစ် သိမ့်ပန်းစည်းကလေးတွေအကြားမှာ သူ့အလွမ်းဇာတ်အခြေအနေတွေကို ကွယ်ဝှက်ထားမှာမဟုတ်ဘူး။ ဒါပေမဲ့အမှန်တရားရဲ့ခွန်အားက ဒီလိုဘဝရဲ့ခါးသီးမှုနဲ့ ဝမ်းနည်း မှုတွေကြားမှာပါ။ ဘယ်လိုပင် ဆိုးရွားကြောက်မက် ဖွယ်လေးလံပါစေ၊ ပျော်ရွှင်မှုဆီစိတ်ဓာတ်နဲ့ကျော်ဖြတ်မှု၊ ပျော်ရွှင်မှုဆီရောက်ရှိလိုတဲ့ဆန္ဒပြင်းပြမှု၊ ရရှိအောင်မြင်မှုအပေါ်ကျေနပ်မှုတို့ရှိတယ်။ ကျွန်တော့်အထင်အရေး ကိစ္စတွေ ဘယ်လိုဖြစ်ဖြစ် ဒီအတိုင်းပါပဲ။ စကားလုံးတွေ သက်သက် လှည့်စားကစားထားခြင်းမျှသာမဟုတ်ဘဲ ဗဟုသုတအပြည့်နဲ့အကောင်းမြင်အလွမ်း ဇာတ်အတွေးအခေါ်နဲ့ စာအုပ်ဆီကနေ ကျွန်တော်တို့ ဘာများလက်ခံ ရရှိနိုင်မှာတဲ့လဲ။ စာပေအနုပညာရှင်ကဖော်ကျူးခြယ်မှုန်းတဲ့အလွမ်းဇာတ်ရဲ့အတိမ်အနက်ကိုနားလည်ရင်း မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့က မီးမောင်းထိုးပြမှု စိတ်အာရုံနဲ့ ဒီစာအုပ်ကိုအဆုံးသတ်ရမယ်။ မြစ်ကြီးဧရာဒွန်ရဲ့ မဟာအဆုံးသတ်အတွဲက ဒီလိုစာအုပ်မျိုးပါ။

ကျွန်တော့်အနေနဲ့အခြားသော ထူးခြားအရည်အ သွေးရှိ ရှိုလိုကော့ဗ်ရဲ့ စာတွေကိုလည်း စာရေးဆရာရဲ့ ဘဝတစ်သက်တာ စဉ်ဆက်မပြတ်ပေးဆပ်အားထုတ်ခဲ့တဲ့အမျိုးသားရိုးရာအစဉ်အလာ ရုရှားဂန္ထဝင်တွေပါလို့ ဖော် ညွှန်းပါရစေတော့။ ဒီလိုဆိုတော့ ကျွန်တော်တို့ရဲ့ ရုရှားစာပေဂန္ထဝင်ရှေ့ဆောင်ကြီးတွေဖောက်ခဲ့တဲ့ လမ်းမတွေနဲ့ လမ်းခွဲတွေအတိုင်း နောက်ကလိုက်သင့်တယ်လို့ ဆိုလို တာမဟုတ်ပါဘူး။ စာရေးဆရာရဲ့ စနစ်တကျဖွဲ့စည်းညီ ညွတ်စေမှုနဲ့ သူ့ခေတ်နဲ့တစ်သားတည်းဖြစ်မှုတို့မှ တစ်ဆင့်အောင်မြင်မှုရရှိတဲ့အနုပညာနဲ့ ရှိုလိုကော့ဗ်ကကျွန်တော် တို့ကိုစိတ်ခံစားမှုအလျောက်ဖြစ်ပေါ်လာတဲ့ ယုံကြည် လက်ခံနှစ်သက်မှုကိုပေးတယ်။ ဒီလိုစာပေအနုပညာအလုပ်ဆိုတာဟာ သူနေထိုင်ဖြတ်သန်းခဲ့တဲ့ခေတ်အပေါ် စာရေးဆရာရဲ့ တွေးခေါ်ရှုမြင်သုံးသပ်ပုံအလုံးစုံထဲကနေ ခွဲခြားဖယ်ထုတ်ကြည့်လို့မရနိုင်စကောင်းပေဘူး။ ကျွန်တော် တို့အနေနဲ့ ရှိုလိုကော့ဗ်ရဲ့ စာအုပ်တစ်အုပ်ကိုကောက်ကိုင် လိုက်တိုင်း ကျွန်တော်တို့လက်ထဲမှာ ကျွန်တော်တို့ခေတ်နဲ့ ယင်းရဲ့ ယုံကြည်မှုတွေ၊အတွေးအခေါ်တွေ၊ လူသားတို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေကိုကောက်ကိုင်မိကြတယ်။ စာပေအနု ပညာရှင်တစ်ဦးအနေနဲ့ သူကကျွန်တော်တို့ကို တန်ဖိုးအရှိ ဆုံး ဂန္ထဝင်အမွေအနှစ်ဆီစိတ်လိုလက်ရဆွဲဆောင်သွားတဲ့အခါ၊အဲဒါကလည်း ဘဝသစ်နဲ့ ခေတ်မီနေသေးတဲ့အခါ လက်ရှိခေတ်ရဲ့ သရုပ်မှန်နဲ့လည်းမစိမ်း၊ ဒါပေမဲ့ ဆိုရှယ် လစ်သရုပ်မှန်စာပေရြွဲ့ကယ်ဝမှုနဲ့ တိုးပွားပေါင်းစပ်လိုက်တဲ့အခါ။ ဒါဟာမီခေးလ်ရှိုလိုကော့ဗ်ဆိုတဲ့ စာပေအနုပညာ ပါရမီရှင်ဆရာတစ်ဆူရဲ့ စာပေသာလျှင် ဖြစ်ပါတော့တယ်။


ရှိုလိုကော့ဗ်အကြောင်း

မီခေးလ်အလက်ဇန်ဒရိုဗစ် ရှိုလိုကော့ဗ် (၂၄–၅– ၁၉၀၅ မှ ၂၁–၂–၁၉၈၄) ဟာ ရုရှား(ဆီုဗီယက်) စာရေး ဆရာနဲ့ ၁၉၆၅ ခုနှစ်အတွက် စာပေနိုဘယ်ဆုရှင်တစ်ဦး ပါ။ သူဟာ ဆိုဗီယက်ရုရှား ပြည်သူပိုင်ပြုလုပ်ရေးခေတ်၊ ပြည်တွင်းစစ်နဲ့ ရုရှားတော်လှန်ရေးကာလအတွင်းက ဒွန် ကော့ဆက်(ဒွန်မြစ်ဝှမ်းဒေသနေကော့ဆက်လူမျိုးစု) တွေ ရဲ့ဘဝနဲ့ ကြမ္မာဆိုးတွေအကြောင်း ရေးသားခဲ့တဲ့ ဗညိ ျှကငနအ ငူ်သတျ ွှ့န ီသည ( မြစ်ကြီးဧရာဒွန်) နဲ့ပတ်သက် ပြီး နာမည်ကြီး လူသိများပါတယ်။


ရှိုလိုကော့ဗ်နှင့် ဇနီး။


ဘဝနဲ့အလုပ်

ရှိုလိုကော့ဗ်ကို ရုရှားတို့ရဲ့ကော့ဆက်မြေမှာ မွေးဖွား ခဲ့တာပါ။ ယခင် ဒွန်ကော့ဆက်တပ်မတော်ရဲ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသက ဗွီယက်ရှန်စခါယာက ခရူဇီလင်ကျေးရွာ ငယ်လေးတစ်ရွာမှာပါ။ သူ့အဖေအလက်ဇန်ဒါမီခေးလ်လို ဗစ်ချ် ( ၁၈၆၅–၁၉၂၅)ကအလတ်တန်းအောက်လွှာက ပါ။ လယ်သမား၊ ကျွဲနွားကုန်သည်၊ စက်ရုံအလုပ်သမား လုပ်တယ်။အမေဖြစ်သူအနာစတာရှာ ဒါနီလိုဗနာချာ နီကိုဗာ (၁၈၇၁–၁၉၄၂) က ယူကရိန်းလယ်သမားနယ်က လာသူပါ။ သူမရဲ့အဖေက ချာမီဟစ်မှာ လယ်သမားပါ။ သူမရဲ့သားနဲ့ စာရေးသားအဆက်အသွယ်လုပ်ချင်လာတဲ့ ကာလအထိ သူမရဲ့ဘဝမှာ စာမတတ်ခဲ့ဘူး။ ရှိုလိုကော့ဗ်က ကာဂျင်စကာရာ၊ မော်စကို၊ ဘိုဂူချာနဲ့ ဗွီယက်ရှန်စခါရာတို့မှာ ၁၉၁၈အထိ ကျောင်းတက်ခဲ့ တယ်။ ရုရှားပြည်တွင်းစစ်အတွင်း ဘော်ရှီဗစ်ဘက်ကို သူပူးပေါင်းတော့အသက် (၁၃) နှစ်သားပဲ ရှိသေးတယ်။ သူ့နောက်နှစ်အနည်းငယ်ကို ပြည်တွင်းစစ်မှာ ဝင်တိုက် ရင်းအချိန်ကုန်ခဲ့တယ်။ ရှိုလိုကော့ဗ်က စာရေးခြင်းအမှုကို (၁၇) နှစ်သားမှာအစပြုတယ်။ သူ့ပထမဆုံးစာပေအလုပ်ဖြစ်တဲ့ The Birthmark ဝတ္ထုတိုကို ၁၉နှစ်သားမှာရေးပြီးပြီ။ ၁၉၂၂ မှာ သူဟာမော်စကိုကိုပြောင်းလာပြီး ဂျာနယ်လစ်လုပ် တယ်။ ဒါပေမဲ့ သူ့ဝမ်းသူ ကူလီအလုပ်နဲ့ဖြည့်ရတာပါ။ ၁၉၂၂ မှ ၁၉၂၄အတွင်း ဆိပ်ကမ်းလုပ်သား၊ သင်္ဘော ကုန်တင်ကုန်ချအလုပ်သမား၊ ကျောက်ဆစ်သမား၊ စာရင်း ကိုင် စသဖြင့်ကျပန်းလုပ်ရတယ်။ ဒါပေမဲ့ သူက ဒီကြား ထဲကပဲ စာရေးဆရာများအလုပ်ရုံဆွေးနွေးပွဲတွေမှာ ပြတ် တောင်းပြတ်တောင်းဝင်ပါခဲ့သူပါ။ သူပထမဆုံး ပုံနှိပ်ဖော် ပြခံရမှုက ၁၉–-၁၀–၁၉၂၃ ရက်က The Test ဝေဖန်ရေး ဆောင်းပါးပါ။

ရှိုလိုကော့ဗ်ဟာ ၁၉၂၄ မှာ ဗီယက်ရှန်စခါယာကို ပြန်လာပြီး စာရေးသားခြင်းအလုပ်မှာ ဇောက်ချနှစ်မြှုပ် လုပ်ကိုင်တော့တယ်။အဲဒီနှစ်မှာပဲ မာရီယာပီထရို ဗနာ ဂရိုမီဆီယက်စကာရီယာနဲ့ လက်ထပ်တယ်။ ဘူခါနော့ ဆခါယာရွာတပ်နယ်မှူးရဲ့သမီးဖြစ်ပြီး သူတို့မှာ သားနှစ် ယောက်၊ သမီးနှစ်ယောက် ရှိတာပါ။

သူ့ပထမဆုံးလုံးချင်းဝတ္ထုတိုပေါင်းချုပ် ဒွန်မြစ်ဘေးက ဇာတ်လမ်းတွေက ပထမကမ္ဘာစစ်နဲ့ ရုရှားပြည်တွင်းစစ် ကာလအတွင်း သူ့ဇာတိဒေသဒွန်က သူ့ကိုယ်တွေ့တွေကိုအခြေခံထားပြီး ၁၉၂၆မှာ ထုတ်ဝေခဲ့တယ်။ နာခါယို နော့်ဗ်က သူ့ငယ်ဘဝအကြောင်းအခြေခံထားပြီး နောက် တော့ ကျော်ကြားတဲ့ ရုပ်ရှင်ဖြစ်လာတယ်။

ထိုနှစ်မှာပဲ ရှိုလိုကော့ဗ်က မြစ်ကြီးဧရာဒွန် (စတာလင် ဆုရရှိ) ကို စတင်ရေးသားပြီးအပြီးသတ်ဖို့ ၁၉၂၆ မှ ၁၉၄၀အထိ ၁၄ နှစ်ကြာတယ်။အဲဒါဟာလူဖတ်အများ ဆုံး ရုရှားဝတ္ထုဖြစ်ပြီး ဆိုရှယ်လစ်သရုပ်မှန်စာပေရဲ့ သြဇာအကြီးမားဆုံးဥပမာအဖြစ်ရပ်တည်ကာ ဒီစာအုပ်ကြောင့် ၁၉၆၅ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုရတယ်။ ပထမကမ္ဘာစစ်နဲ့ ရုရှားပြည်တွင်းစစ်ကာလမတိုင်မီ ကာလအတွင်း ကော့ဆက်တို့ရဲ့ဘဝကို ဖော်ညွှန်းထား တာပါ။ တောရိုင်းမြေ( လီနင်ဆုရ) ကိုအပြီးသတ်ဖို့ ၂၈ နှစ် ကြာတယ်။အဲဒါဟာအပိုင်းနှစ်ပိုင်းကွဲပြီး မနက်ဖြန်ရဲ့ မျိုး စေ့များ (၁၉၃၂) နဲ့ ဒွန်ကမ်းက ရိတ်သိမ်းချိန်(၁၉၆၀)တို့ ဖြစ်ကာ ဒွန်ဒေသက ပြည်သူပိုင်သိမ်းရေးခေတ်အတွင်း ဘဝတွေကို ထင်ဟပ်ထားတယ်။

လူတစ်ယောက်ရဲ့ ကံကြမ္မာ(၁၉၅၇) ဝတ္ထုတိုက ကျော် ကြားတဲ့ ရုရှားရုပ်ရှင်ဖြစ်လာတယ်။ သူအပြီးမသတ်တဲ့ ဝတ္ထု၊ "သူတို့နိုင်ငံအတွက် သူတို့တိုက်ခဲ့"က ဒုတိယကမ္ဘာ စစ်အတွင်း ရုရှားမှာ တိုက်ခိုက်ခဲ့တဲ့အကြောင်းတွေပါ။ ရုရှားသမိုင်းမှာတော့ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်–-ဂျာမန်စစ်ကို မဟာမျိုးချစ်စစ်ပွဲကြီးလို့ သုံးနှုန်းကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရှိုလိုကော့ဗ်က ဆိုဗီယက်စစ်အကြောင်းတွေကို ဂျာနယ်တွေမှာရေးတယ်။ ဒွန်တစ်ကြော မှာ နာဇီတပ်တွေကြောင့် ခံစားခဲ့ရတဲ့ကြေကွဲစရာတွေကို လည်း ရေးတယ်။ သူ့အမေဟာ ၁၉၄၂ က ဗီယက်ရှန်စခါ ယာမှာ ဗုံးထိပြီးသေတယ်။ သူ့စာစုတွေကို ၁၉၅၆ ကနေ ၁၉၆၀အတွင်း ရှစ်တွဲခွဲပြီးထုတ်တယ်။


မီခေးရေးမရေးအငြင်းပွား

သူ့ကိုကမ္ဘာကျော်စေတဲ့ မြစ်ကြီးဧရာဒွန်ကို ရှိုလိုကော့ဗ် ကိုယ်တိုင်ရေး ဟုတ်မဟုတ်အငြင်းပွားပြီး ခိုးချထားတာ လို့အစွပ်စွဲခံခဲ့ရသေးတယ်။ မြစ်ကြီးဧရာဒွန်ရဲ့ မူရင်း စာရေးသူပါလို့ဆိုသူအခြားစာရေးဆရာများစွာ ပေါ်ထွက် ခဲ့ပြီးအဲဒီအထဲက ၁၉၂၀ မှာကျဆုံးခဲ့တဲ့ ဖီယိုဒေါ်ကာယူ ကော့ဗ်ဆိုတဲ့ ဘော်ရှီဗစ်ဆန့်ကျင်ရေးသမားကအထင် ရှားဆုံးပါ။ ၁၉၂၈မှာ စတင်ခဲ့တဲ့အဆိုပါစွပ်စွဲမှုကြောင့် သူရေးတာမှန်ကြောင်း သက်သေပြဖို့ ဆိုဗီယက်အာဘော် ပရာဗဒါသတင်းစာကတောင်းဆိုခဲ့တယ်။ သူက မြစ်ကြီး ဧရာဒွန် ပထမသုံးတွဲမူရင်းလက်ရေးမူနဲ့ စတုတ္ထတွဲအတွက်အစီအစဉ်မူကြမ်းတို့ကို တင်ပြခဲ့တယ်။ ၁၉၂၉မှာအထူး ကော်မရှင်တစ်ရပ်ဖွဲ့စည်းစုံစမ်းစစ်ဆေးခဲ့ပြီး ထိုကော်မရှင်က ရှိုလိုကော့ဗ်ရေးကြောင်း လက်ခံခဲ့ပါတယ်။ ကွန်မြူနစ်ပါတီနဲ့ ဆိုဗီယက်အစိုးရ

ရှိုလိုကော့ဗ်ဟာ ၁၉၃၀ မှာအာဏာရှင်ဂျိုးဇက်စတာ လင်နဲ့တွေ့ဆုံခွင့်ရခဲ့တယ်။ နိုင်ငံအတွင်းမှာအမှန်တကယ် ဖြစ်ပျက်နေတာတွေကို ကိုယ်ကျိုးမဖက် မကြောက်စတမ်း တင်ပြရဲတဲ့အာဏာရှင်နဲ့တွေ့ခွင့်ရသူအနည်းငယ်ထဲက တစ်ယောက်ဖြစ်လို့ ဒီတွေ့ဆုံမှုကအရေးပါပုံပါ။ ၁၉၃၀အတွင်းမှာ သူကဗီယက်ရှန်စခါယာက သူ့အိမ်ကနေ ဒွန်တစ်လွှားခိုကိုဇက်နဲ့ ဆိုခိုဇက်ဒေသကအခြေအနေ ဆိုးတွေတင်ပြရင်း လယ်သမားတွေကိုအကူအညီပေးဖို့ စတာလင်ထံ ပေးစာများစွာ ရေးသားပေးပို့ခဲ့သေးတယ်။ ၁၉၃၁ ဇန်နဝါရီလမှာ ရှိုလိုကော့ဗ်ကအာဏာရှင်စတာ လင်ထံ စာရေးသတိပေးခဲ့သေးတယ်။

၁၉၃၃ ဧပြီ ၄ ရက်ကပို့ခဲ့တဲ့ စာရှည်ကြီးတစ်စောင် မှာတော့အခြားသောအသေးစိတ်တိုင်တန်းချက်တွေအပြင် သူ့ခရိုင်ကအကျဉ်းသားတွေကိုနှိပ်စက်သူ ဥွဏ့ ထောက်လှမ်းရေးအရာရှိနှစ်ဦးရဲ့နာမည်နဲ့တကွ ဖော်ထုတ် ခဲ့ပါတယ်။အဲဒီအမှုကိုစုံစမ်းစစ်ဆေးဖို့ မက်ဗီရှခီယာတော့အမည်ရှိအကြီးတန်းအရာရှိတစ်ဦးကိုစေလွှတ်ပြီး စတာ လင်ကတုံ့ပြန်ခဲ့တယ်။ ထိုအရာရှိနှစ်ဦးကို ဖမ်းဆီးစစ် ဆေးပြီး သေဒဏ်ပေးတယ်။ နောက်တော့ပြစ်ဒဏ်ကို လျှော့ပေါ့ပေးပေမယ့် ရှိုလိုကော့ဗ်ဒေသမှာ တာဝန်ထမ်း ခွင့်ပိတ်ပင်လိုက်တယ်။ စတာလင်က ဗီယက်ရှန်စခါယာ နဲ့ ပတ်ဝန်းကျင်ခရိုင်ဒေသတွေကိုအပိုထပ်ဆောင်းရိက္ခာ တွေ စီစဉ်ပေးပို့ခဲ့တယ်။

ရှိုလိုကော့ဗ်က ၁၉၃၂မှာ ဆိုဗီယက်ယူနီယံကွန်မြူနစ် ပါတီသို့ ပူးပေါင်းခဲ့တယ်။ ၁၉၃၇မှာ ဆိုဗီယက်လွှတ် တော်သို့ ရွေးကောက်ခံရတယ်။ ၁၉၃၇ သြဂုတ်မှာ သူ့မိတ် ဆွေ ဗီယက်ရှန်စခါယာဒေသပါတီကော်မတီအတွင်းရေး မှူး လူဂိုဗွိုင်အဖမ်းခံရတယ်။ ထိုစဉ်ရှိုလိုကော့ဗ်ကနိုင်ငံ တကာစာရေးဆရာညီလာခံတစ်ရပ်မှာ သွားတက်ရောက် ဖို့ရှိပေမယ့် လူဂိုဗွိုင်အဖမ်းခံထားရလို့ နိုင်ငံကနေထွက်ခွာဖို့ ငြင်းပယ်ခဲ့တယ်။ စတာလင်ကအခြားအရာရှိတစ်ဦးဖြစ်သူ ဗလာဒီမာစတာယက်စကီးကိုစုံစမ်းစစ်ဆေးဖို့ လွှတ်လိုက် တယ်။ ရှိုလိုကော့ဗ်ကို ကရင်မလင်နန်းတော်မှာ သူ့ကို လာတွေ့ဖို့ ဖိတ်လိုက်တယ်။ ၁၉၃၇ နိုဝင်ဘာ ၄ ရက်မှာ သူတို့တွေ့ပြီးနောက် လူဂိုဗွီုင်နဲ့အခြားအကျဉ်းသား နှစ်ဦး ကို ပြန်လွှတ်လိုက်ပေမယ့် ချက်ချင်းဆိုသလိုစတာလင်ထံ ရေးတဲ့ ရှိုလိုကော့ဗ်ရဲ့စာထဲမှာ မှားယွင်းဖမ်းဆီးသူတွေကျ တော့အပြစ်ပေးမခံရတာကိုကန့်ကွက်တင်ပြခဲ့တယ်။ ၁၉၃၈ မော်စကိုခရီးမှာ ရှိုလိုကော့ဗ်က ရဲချုပ် နီကိုလိုင် ယီဇော့ရဲ့ဇနီး ယီဇိုဗာနဲ့တွေ့ပြီး သူမနဲ့အတူ ဟိုတယ်အခန်းတစ်ခန်းမှာ ဝင်ရောက်ခဲ့ကြတယ်။အဲဒီအခန်းမှာထောက်လှမ်းရေးအသံဖမ်းစက် လျှို့ဝှက်တပ်ဆင်ထား တာကို မသိဘူး။ ယီဇော့ကအသံဖမ်းထားတာကို နား ထောင်စစ်ဆေးပြီးနောက် ယီဇိုဗာကို တိုက်ခိုက်တော့ တယ်။ ၂၃–၁၀–၁၉၃၈ မှာ ရှိုလိုကော့ဗ်ကစတာလင်နဲ့ မော်စကိုမှာ တွေ့တယ်။ ဗီယက်ရှန်စခါယာမှာ သူ့နောက် ကိုထောက်လှမ်းစုံစမ်းနေတာနဲ့ပတ်သက်လို့ မကျေနပ် လို့ တိုင်တယ်။ ယီဇော့ကိုရှင်းပြဖို့ ဆင့်ခေါ်တော့ သူမသိ ဘူးလို့ ဆိုတယ်။အောက်တိုဘာ ၃၁ ရက်မှာ သူတို့ တွေ့ ကြပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ရှိုလိုကော့ဗ်ကိုစုံစမ်း

ထောက်လှမ်းနေသူအရာရှိကိုပါ ဆင့်ခေါ်တယ်။ စုံစမ်း ထောက်လှမ်းဖို့ သူ့ကိုအထက်ကမော်စကိုကအမိန့်ပေး တာတဲ့။ ဒါပေမဲ့ ယီဇော့ကအမိန့်ပေးတယ်ဆိုတာကို ငြင်းပြန်တယ်။

ရှိုလိုကော့ဗ်က မြစ်ကြီးဧရာဒွန် စတုတ္ထ၊ နောက်ဆုံးတွဲ နဲ့ နောက်ဆက်တွဲကို ၂၁–၁၂–၁၉၃၉ ရက်မှာ ပြီးတယ်လို့ ပြောတယ်။အဲဒီနေ့ဟာဆိုဗီယက်မှာစတာလင်ရဲ့အသက် (၆၀) ပြည့်မွေးနေ့အထိမ်းအမှတ်အောင်ပွဲကျင်းပတဲ့နေ့ ပါ။ ရှိုလိုကော့ဗ်ဟာ စတာလင် သူ့ကိုပေးထားတဲ့ ဝိုင်ပုလင်း ကို ဖောက်ပြီးအောင်ပွဲခံခဲ့တယ်။ နောက်တော့အဲဒီနေ့ထူး နေ့မြတ်ကို သူဘယ်လိုအမှတ်တရကျင်းပခဲ့ကြောင်း စတာ လင်ထံ စာရေးခဲ့သေးတယ်။ ၁၉၅၉ မှာ ရှိုလိုကော့ဗ်ဟာ ဆိုဗီယက်ဝန်ကြီးချုပ် ခရုရှက်နဲ့အတူ ဥရောပနဲ့အမေရိကန်ခရီးစဉ်မှာ လိုက်ပါခဲ့ တယ်။ သူဟာ ၁၉၆၁ မှာ ဆိုဗီယက်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်ဖြစ်လာတယ်။ သူဟာဆိုရှယ်လစ်လုပ် သား သူရဲကောင်းဘွဲ့ နှစ်ကြိမ်ချီးမြှင့်ခံရသလို နောက် တော့ ဆိုဗီယက်ယူနီယံစာရေးဆရာများအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။


မော်စကိုမှ ရှိုလိုကော့ဗ်ရုပ်တု။


နိုဘယ်ဆုယူမိန့်ခွန်း

၁၉၆၅ ခု ဒီဇင်ဘာလ စာပေဆိုင်ရာနိုဘယ်ဆု ပေးပွဲမှာ နိုဘယ်စာပေဆု ချီးမြှင့်တာကိုလက်ခံတဲ့အခမ်းအနားမှာ ရှိုလိုကော့ဗ် မိန့်ခွန်းပြောကြားရာမှာ " စာရေး ဆရာသည် စာဖတ်ပရိသတ်အား မိမိ၏စိတ်ကို ဖြောင့် မတ်မှန်ကန်စွာ ပြောပြရန်ဖြစ်သည်။ မည်မျှပင်ခါးသီးစေ ကာမူအမှန်တရားကို ထုတ်ပြရန်ဖြစ်သည်။

အနာဂတ်သည် ကောင်းမွန်သာယာလာရမည်ဟုအခိုင်အမာ ယုံကြည်ခံယူကြအောင် တင်ပြရန်ဖြစ်သည်။ ပြည်သူတို့သည် ကိုယ်ထူကိုယ်ထ ကြိုးပမ်းအားထုတ်ကြ လျှင် ကောင်းမွန်သာယာသောအနာဂတ်ကို ရလာကြ မည်မလွဲဟု ယုံကြည်ခံယူကြအောင် တင်ပြရန်ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မိမိကိုယ်တိုင် သူရဲကောင်း စိတ်မွေးရန်ဖြစ်သည်။ မိမိရေးသောစာများဖြင့် ထိုသို့ သော သူရဲကောင်းစိတ်များတိုးပွားလာအောင် ပရိသတ် ကို သွေးဆောင်ရန်ဖြစ်သည်။ လူ့လောက တိုးတက်ကြီးပွား မှုကို တောင့်တချင်၊ ဆောင်ရွက်ချင်ကြအောင် လူခပ်သိမ်းကို စည်းရုံးပေးရန်ဖြစ်သည်။

လူ့လောကအကျိုးအတွက် လူခပ်သိမ်း၏စိတ်၌ ဉာဏ ဗလအလှ၊ စေတနာအလှတို့ ဖြစ်ပေါ်လာကြအောင် ထို စွမ်းရည်သတ္တိကို ပဲ့ကိုင်ပေးနိုင်သည်ဖြစ်လျှင် ထိုပဲ့ကိုင် သည် မိမိကိုယ် မိမိအနုပညာရှင်ဟုအခေါ်ခံနိုင်ခွင့်ရှိ သည်ဟု ကျွန်တော်ထင်မြင်မိပါကြောင်း" လို့ ထည့်သွင်း မိန့်ဆိုခဲ့ပါတယ်။




Some text some message..