ဟောင်ကောင်ရှိ ဝေါင်တိုင်စင် MTR ဘူတာရုံတွင်အသက် ၃၇ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် ရွှေပန်းကိုင်ရင်း တစ်ကိုယ်ရည်အာသာဖြေမှုလုပ်ကာ မိန်းကလေးတစ်ဦးနောက်သို့လိုက်သောကြောင့် ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။
ဗွီဒီယိုမှတ်တမ်းအရ MTR ရထားလိုင်းဝန်ထမ်းများက ချမ်းဟုအမည်ရသောအမျိုးသားကို ဘူတာရုံပလက်ဖောင်းတစ်နေရာတွင် ဖမ်းဆီးနေကြပုံကို တွေ့ရသည်။

အဆိုပါဗွီဒီယိုဖိုင်ကို Apple Daily နေ့စဉ်သတင်းစာ ဝက်ဘ်ဆိုက်သို့ပေးပို့ခဲ့ရာ ယနေ့ဖော်ပြပါရှိလာခဲ့သည်။

ကျူးလွန်ခံရသူမိန်းကလေး၏အမည်မှာ “လို” ဟုသာအတိုကောက်သိရသည်။
“လို” က သတင်းစာသို့ ပြောကြားခဲ့ရာတွင် ထိုနေ့ကအလုပ်ဆင်းလာပြီးနောက်ဝေါင်တိုင်စင်ဘူတာရုံတွင် သူငယ်ချင်းတစ်ဦးနှင့် ချိန်းဆိုကာ ညစာစားရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

OLYMPUS DIGITAL CAMERA
ဘူတာရုံသို့ ည ၆ နာရီခန့်တွင် ရောက်ရှိသွားပြီး လူအနည်းငယ်ရှင်းနေကြောင်း၊ လက်မှတ်ဝယ်ယူပြီးနောက် နံရံတစ်ခုကို မှီကာ ဖုန်းဖွင့်ကြည့်နေခဲ့ကြောင်း၊ ထိုအချိန်တွင်ပင် သူ၏ နံဘေး၌ မဖွယ်မရာပြုလုပ်မည့်သူ “ချမ်း” လည်း မတ်တပ်ရပ်နေသည်ကို သတိပြုမိခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ချမ်းက စိုက်ကြည့်နေသည်ကို သတိပြုမိသောကြောင့် နေရာပြောင်းစောင့်ဆိုင်းခဲ့သော်လည်း နောက်မှ လိုက်လာကြောင်း “လို” က ပြောကြားသည်။
“ကျွန်မ ဘယ်သွားသွား နောက်ကနေတစ်ချိန်လုံး လိုက်နေပါတော့တယ်။ ပြေးသွားမယ်ဆိုရင်လည်း သူနောက်ကနေ ပြေးလိုက်ဦးမှာပဲ ဖြစ်ပါတယ်” ဟု “လို”က ပြောကြားသည်။
“လို”က သတိပြုမိသည့်အခြားတစ်ချက်မှာ ချမ်းသည် သူ၏ရှေ့တည့်တည့်တွင်အိတ်တစ်ခုကိုထားကာ သယ်ဆောင်လာနေရာ လက်နက်တစ်ခုခုဖြစ်မည်ကို စိုးရိမ်မိခဲ့သည်။
သို့နှင့် နောက်ဆုံးတွင် “လို”က MTR ဝန်ထမ်းတစ်ဦးကို သတင်းပို့တိုင်တန်းလိုက်တော့၏။
“ကျွန်မတိုင်နေတာလည်း မြင်ရော သူကဘူတာစြင်္ကန်ဘက်ကို ထွက်ပြေးသွားတယ်”
ချမ်း၏နောက်သို့ ဘူတာရုံအမှုထမ်း ၃ ဦးက လိုက်လံဖမ်းဆီးခဲ့ကြသည်ဟု ဆိုသည်။
ဗွီဒီယိုမှတ်တမ်းအရ ချမ်းသည် “လို” ၏ နောက်သို့လိုက်ရာတွင် ရွှေပန်းကို ကိုင်ရင်း တစ်ကိုယ်ရည်အာသာဖြေမှုပြုလုပ်ကာ လိုက်နေသည်ကို တွေ့ခဲ့ရသည်။
ယင်းနောက် များမကြာမီ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ချမ်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
Yellow Champac (shweinnlay)