
ရွှေရောင်ဆံကေသာ၊ ပြာလဲ့လဲ့ မျက်လုံးလေးနဲ့ Stella Goldschlag ဟာ ငယ်ရွယ်လှပလှတဲ့ မိန်းမပျိုလေးတစ်ဥိးပါ။အလယ်အလတ်တန်းစား ဂျူးမိသားစုမှပေါက်ဖွားလာခဲ့တဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။
၁၉၃၈ ခုနှစ် ရုရှားပြည်နယ်တခွင်နဲ့ Europeအရှေ့ပိုင်းဒေသတို့မှာ ဂျူးလူမျိုးများကို ဖိနှိပ်သတ်ဖြတ်မှုတွေပြုလုပ်လာတဲ့အချိန်မှာတော့ Stella တို့ မိသားစုလိုက်ကြီး လူလုပ်ကပ်ဘေးကြီးကို တိမ်းရှောင်ဖို့အတွက် ဂျာမနီသို့ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် ဗီဇာမရဘဲအမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခိုလှုံကာ ခိုးချောင်ခိုးဝှက်နေထိုင်ခဲ့ရပါတယ်။
၁၉၂၂ ခုနှစ်ဖွားဖြစ်တဲ့အတွက် Stella ဟာအမေရိကကိုရောက်တဲ့အချိန်တုန်းက ၁၆ နှစ်သာသာသာရှိဦးမှာပါ။ သူမရဲ့ဂီတပါရမီထူးချွန်မှုကြောင့် jazz ဂီတလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်လာနိုင်ခဲ့ပါတယ်။ သို့ပေမယ့် နိုင်ငံရေးနဲ့ လူမျိုးရေးပဋိပခတွေကြောင့် ဘဝတက်လမ်းအတွက် ထင်သလောက်လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မရခဲ့ပါဘူး။
Stella တို့ မိသားစုဟာအမေရိကမှာ Stella ရဲ့ လုပ်ပုံကိုင်ပုံတွေကြောင့် တိတ်တဆိတ်အိုးအိမ်သစ်ထူထောင်ကာနေထိုင်ခဲ့ပေမယ့် နောက်ထပ် (၅) နှစ်အကြာမှာတော့ နာဇီဖက်မှထွက်ပြေးပုန်းရှောင်နေတဲ့ဂျူးတွေအဖြစ် ဖမ်းမိသွားခဲ့ပါတယ်။

Twitter
ထက်ထက်မြက်မြက်ရှိလှတဲ့ Stella ဟာ မိသားစုရဲ့အသက်အတွက် သူမဘဝကိုစတေးဖို့ ငြှိနှိုင်းခဲ့ပါတယ်။ ငြှိနှိုင်းချက်ကတော့ ပုန်းရှောင်နေတဲ့ ဂျူးလူမျိုးတွေကို ထုတ်ဖော်ပေးပြီး နာဇီတို့လက်ထဲအပ်ပေးဖို့ဖြစ်ပါတယ်။
သူမကိုယ်တိုင်ဟာလည်း ဂျူးလူမျိုးဖြစ်တဲ့အတွက် သစ္စာဖောက်တစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူမမိသားစုရဲ့အသက်နဲ့ဘဝအတွက် စတင်လှုပ်ရှားခဲ့ပါတယ်။ ဂျုးလူမျိုးတို့မှ ပုန်းလျှိုးကွယ်လျှိုးပြုလုပ်တဲ့အစီအစဉ်များ၊အခမ်းအနား၊ ဆွေးနွေးတိုင်ပင်ပွဲများကို တက်ရောက်ကာ နာဇီသလျှိုအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ပွဲပြီးတဲ့အခါအမျိုးသားများအားအဓိကပြစ်မှတ်ထားကာ သီးသန့်ရှိနေတဲ့ သူမအခန်းသို့ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နဲ့ လူမသိအောင်မြှူစွယ်ခေါ်လာခဲ့ပါတယ်။

Landesarchiv Berlin
Stella နောက်လိုက်လာခဲ့တဲ့အမျိုးသားများဟာ သတ်ပစ်ခံရရင်ရ မဟုတ်လျှင် နာဇီများရဲ့အနှိပ်စက်ခံဘဝအဖြစ်နေသွားခဲ့ရပါတယ်။ ထိုအမျိုးသားတို့ရဲ့ ဇနီးမယားမျာအသုဘပြုလုပ်ပေးတဲ့အခါလည်း မရှောင်ဘဲအသုဘရှင်တွေနဲ့လာရောက်တဲ့ ဧည့်သည်များကိုပါ ဖမ်းအောင်သတင်ပေးလေ့ရှိပါတယ်။
သူမဟာ မိသားစုအတွက်ကာကွယ်ဖို့ ဂျူးအယောက် (၃၀၀) ကို မိအောင်ဖမ်းပေးမယ်လို့ ကတိပေးခဲ့ပေမယ့် မိသားစုတွေနဲ့ သူမရဲ့ ဂျူးလူမျိုး ဂီတပညာရှင်ခင်ပွန်းတို့ကို ရုတ်တရက် Auschwitz သို့ ပို့ပစ်ကာ သတ်ပစ်ခဲ့ပါတယ်။အသတ်ခံပြီးနောက်ပိုင်းမှာ Stella ဟာ သစ္စာဖောက်တဲ့ လုပ်ရပ်တွေကို မရပ်တန့်ပစ်တဲ့အပြင်အရင်ကထက် ပိုဆိုးရွားစွာ လုပ်ကိုင်လာခဲ့ပါတယ်။ ယခင်ကဆို တိတ်တဆိတ်သာ သတင်းပေးခဲ့ပေမယ့် တစ်ကောင်ကြွက် ဖြစ်သွားတဲ့အချိန်မှစပြီးအမည်းရောင် ကုတ်အကျီၤဝတ်ကာ ဂျူးလူမျိုးတွေကို လိုက်လံဖမ်းဆီးရာမှာ ကိုယ်တိုင်လိုက်ပါ ဦးဆောင်ခဲ့ပါတယ်။

Listverse
ကိုယ်တိုင်သွားဖမ်းခဲ့တဲ့ ဂျူးတွေထဲ ရင်းနှီးခဲ့တဲ့မိတ်ဆွေတွေ၊အတန်းဖော်တွေအပြင် ဆွေမျိုးနီးစပ်များလည်း ပါဝင်ခဲ့ပါတယ်။ ဂျုးအမျိုးသမီးတွေကို ဖမ်းမိတိုင်း သူတို့တွေရဲ့ပိုက်ဆံအိတ်ကိုအရင်ဆုံးသွန်မှောက်ချပစ်ကာ မှတ်တမ်း သို့မဟုတ် မှတ်စု သို့မဟုတ် လိပ်စာ၊ဖုန်းနံပါတ်တို့ကို လိုက်ရှာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Stella ဟာ သူမနဲ့အခြေအနေချင်းတူတဲ့အမျိုးသားတစ်ဦးနဲ့ထပ်မံလက်ထပ်ခဲ့ပါတယ်။ ထိုအမျိုးသားဟာလည်း ဂျူးလူမျိုးဖြစ်ပြီး နာဇီဘက်တော်သား တစ်ယောက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးအတူ ပူးပေါင်းပြီး မိမိတို့ လူမျိုးအပေါ် သစ္စာဖောက်မှုတွေ ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ကြပါတယ်။
မှတ်တမ်းအရတော့ Stella ကြောင့် ဇီဝိန်ချုပ်သွားခဲ့တဲ့ ဂျူးလူမျိုးပေါင်း (၂) ထောင် သို့မဟုတ် (၃) ထောင်ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စစ်ပွဲအပြီးမှာတော့ Stella ကို ဆိုဗီယက်ဖက်မှ ဖမ်းမိကာ (၁၀) နှစ် ထောင်ချခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ ထောင်မှ လွတ်လာပြီးနောက် ဂျာမနီအနောက်ပိုင်း ဒေသတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ခရစ်ယာန်ဘာသာသို့ကူးပြောင်းကာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့အတိတ်ဘဝကိုဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။

Donna Deitch
အိမ်ထောင်ဆက် (၂) ဆက်ရှိပြီးသားအပြင် နောက်ထပ်အမျိုးသားသုံးယောက်နဲ့ ထပ်မံအိမ်ထောင်ပြုကာ သမီးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။အသက် (၇၂) နှစ်၊ ၁၉၉၄ ခုနှစ်မှာတော့ Freiburg ဒေသမှာရှိတဲ့အထပ်မြင့်တိုက်ခေါင်မိုးပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ Stella ရဲ့သမီးများကတော့အရွယ်ရောက်လာတဲ့အခါ မိခင်သစ္စာဖောက်ခဲ့တဲ့လူမျိုးတွေရှိတဲ့အစ္စရေးပဲမှာ သူနာပြုများအဖြစ်အသက်မွေးဝမ်းကျောင်းပြုသွားခဲ့ပါတယ်။
Stella Goldschlag ရဲ့အတ္ထုပတ္တိအကြောင်းကို Takis Wurger မှ စီကာပတ်ကုန်းရေးသားကာ ဝတ္ထု စာအုပ်အဖြစ် တုန်းကပြန်လည်ထုတ်ဝေခဲ့ပါတယ်။ သို့ပေမယ့် Stella ရဲ့အကြောင်းကို မီဒီယာမှာ ပထမဦးဆုံးဖော်ပြခဲ့တဲ့လူကတော့ သတင်းထောက်နဲ့ စာရေးဆရာ Peter Wyden ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ Stella ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲဖြစ်ပြီး မကြာခင်မှာပဲအင်္ဂလိပ်ဘာသာအဖြစ် ထုတ်ဝေတော့မှာပဲဖြစ်ပါတယ်။

Hanser Verlag
Source: Daily Mail, Wiki
Penny