ကိုယ်ဝန်ရှိနေတဲ့ကြောင်ကိုအဝတ်လျှော်စက်ထဲ ထည့်မွှေ့သတ်သူ ထောင်ဒဏ်ကျခံရ
popolay.com
|
2019-01-18
မလေးရှားနိုင်ငံ ဂွမ်ဘတ်ရှိအဝတ်လျှော်ဆိုင်တစ်ခုတွင် ကိုယ်ဝန်ရှိနေသော ကြောင်တစ်ကောင်ကိုအဝတ်လျှော်စက်ထဲ ထည့်မွေ့ကာ သတ်ခဲ့သူအား ဇန်နဝါရီ ၁၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ကျခံရန်အမိန့်ချမှတ်လိုက်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင်အဝတ်လျှော်ဆိုင် တစ်ခုတွင်အဝတ်လျှော်နေကြသောအမျိုးသား ၃ ဦးထဲမှ တစ်ဦးကအနီးနားတွင်ရှိနေသော ကြောင်တစ်ကောင်ကိုအဝတ်လျှော်စက်ထဲသို့ ထည့်ကာစက်ကိုဖွင့်ပြီး ဆိုင်ထဲမှ ထွက်ခွာသွားခဲ့ကြသည်။

အဝတ်လာလျှော်သူအမျိုးသမီးတစ်ဦးကအဝတ်လျှော်စက်အတွင်း ကြောင်တစ်ကောင်သေနေကြောင်း ဆိုင်မန်နေဂျာကို ဖုန်းဆက်တိုင်ကြားမှ စီစီတီဗီကို ပြန်လည် စစ်ဆေးကြည့်ခဲ့ကြသည်။

ဖြစ်စဉ်တစ်ခုလုံး စီစီတီဗီရုပ်သံတွင် မှတ်တမ်းရှိခဲ့ပြီးအဆိုပါရုပ်သံအွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ကာ ကျူးလွန်ခဲ့သူများကို ရဲက ရှာဖွေခဲ့သည်။ သံသယရှိသူများအဖြစ် “Mohanraj”အပါအဝင်အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က Queen Self Service Laundry တွင် ကျူးလွန်ခဲ့ကြကြောင်း ဝန်ခံခဲ့ကြသည်။

အမှုကို တရားရုံးတွင် စစ်ဆေးခဲ့ပြီး ၂၀၁၉ ဇန်နဝါရီ ၁၇ ရက်နေ့ကအငှားယာဉ်မောင်းဖြစ်သူ “Mohanraj”အား တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
“Mohanraj” က သူ့ရဲ့လုပ်ရပ်အတွက် နောင်တရနေပြီဖြစ်ကြောင်း၊ သူ့ကို ထောင်ထဲမှာ ထိန်းသိမ်းထားစဉ် သူ့ရဲ့ လုပ်ရပ်အပေါ်အခြားထောင်သားများရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုများလည်း ခံခဲ့ရပြီး သူ့ရဲ့ မိသားစု စားဝတ်နေရေးအတွက်အတတ်နိုင်ဆုံးအပြစ်ဒဏ်လျှော့ပေါ့ပေးပါရန် တရားသူကြီးကို လျှောက်လဲခဲ့ကြောင်း သိရှိရသည်။

သူကျူးလွန်ခဲ့သော ပြစ်မှုအရဆိုပါက ငွေဒဏ် မလေးရှားရင်းဂစ် ၁၀၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်နဲ့အထက် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်ဖြစ်သည်။




Some text some message..