အမေရိကန်ပြည်နယ်အချို့မှာ ကျင့်သုံးနေသေးတဲ့ ထူးထူးခြားခြား ဥပဒေများ
shwemom.com
|
2019-01-18

အင်တာနက်ခေတ်မှာ ကြားရတဲ့သတင်းတွေက တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပါ။ ကိုယ့်နေရာဒေသနဲ့ ပတ်သက်တဲ့ သတင်းတွေအပြင် ကမ္ဘာတစ်ဝှမ်းက ထူးခြားဖြစ်ရပ်တွေ၊ နိုင်ငံအသီးသီးက ထူးဆန်းတဲ့အကြောင်းအရာတွေကို သိရတာ ဗဟုသုတဖြစ်ဖွယ်ပါပဲ။အခုအခါမှာတော့အမေရိကန်နိုင်ငံမှာ ယနေ့ထက်တိုင်ရှိသေးတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

အလယ်ဘားမားပြည်နယ်မှာ ရေခဲမုန့်ခွက်ကို နောက်ဘက် ဘောင်းဘီအိတ်ထဲ ထည့်စားရင် ဖမ်းပါတယ်



Ian dooley

ကယ်လီဖိုးနီးယားမှာတော့ ရေကူးကန်ထဲမှာ စက်ဘီးစီးတာ တရားမဝင်ပါဘူး



Wikipedia

မိန်းပြည်နယ်မှာ ဖုန်သုတ်တဲ့ ကြက်မွှေးတုတ်နဲ့အမျိုးသမီးတွေရဲ့ မေးစေ့ကို ယားအောင်လုပ်လို့ မရပါဘူး



Pixabay

တန်နက်စီမှာတော့ ဟောင်းလောင်းဖြစ်နေတဲ့ သစ်လုံးတွေကို ရောင်းရင် ရဲအဖမ်းခံရမှာပါ



Pixabay

မီရှီဂန်မှာတော့အိမ်ထောင်ရေး ဖောက်ပြန်ရင် ထောင်ဒဏ်ရော ငွေဒဏ်ပါ ပေးဆောင်ရမှာ ဖြစ်ပါတယ်



Pablo Heimplatz

နယူးဟမ့်ရှိုင်းယားမှာ ပင်လယ်ရေမှော်တွေကို ညဘက်မှာ သယ်လာတာတွေ့ရင်အဖမ်းခံရမှာပါ



Pixabay

အလယ်ဘားမားမှာ နှုတ်ခမ်းမွှေးအတုတပ်တာဟာ တရားမဝင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နှုတ်ခမ်းမွှေးတုနဲ့ ဘုရားကျောင်းတက်တဲ့အခါ ဘုရားဝတ်ပြုနေတဲ့လူတွေကို ရယ်အောင်လုပ်မိလို့ ဖြစ်ပါတယ်။



Flickr

ဒါကိုတာ တောင်ပိုင်းမှာ ချိစ်စက်ရုံထဲ လှဲပြီးအနားယူမိရင်၊အိပ်မိရင်အဖမ်းခံရမှာပါ



Flickr

တန်နက်စီမှာ ကိုယ့်ရဲ့ Netflix password ကို မိသားစုအပါအဝင် ဘယ်သူမှ ပေးသိလို့ မရပါဘူး… သိသွားရင် ဒဏ်ငွေနဲ့တင်မပြီးပဲ ထောင်ဒဏ်အထိပါ ခံရနိုင်ပါတယ်…



Freestocks

အင်ဒီယားနားမှာတော့ လက်ဗလာနဲ့ ငါးဖမ်းတာက တရားမဝင်ပါဘူး.. တကယ်လို့ ငါးဖမ်းချင်တယ်ဆိုရင် သက်ဆိုင်ရာလူကြီးဆီကအထူးခွင့်ပြုချက်ယူပြီးမှ ဖမ်းရပါတယ်…



Sticker Mule

လင်းလင်း (ShweMom)

Ref: mindblowingfacts




Some text some message..