
ကိုယ်တွေစိတ်ထဲ ထောင်ဖောက်ပြေးတယ်ဆိုတာအနှစ်နှစ်အလလအချက်အလက်တွေစု၊အစီအစဉ်တွေ သေချာဆွဲပြီးကာမှ လက်နှက်တွေ လိုရင်လိုသလိုသုံးပြီး ထွက်ပြေးကြမယ်လို့ ထင်ထားကြတာလေ။ ဒါပေမဲ့အခုဖော်ပြမယ့် ထောင်ဖောက်မှုတွေကတော့ စိတ်ထဲထင်နေတဲ့ ထောင်ဖောက်နည်းလမ်းတွေနဲ့ လွတ်မြောက်သွားတာတွေ မဟုတ်ဘဲ ထူးထူးဆန်းဆန်း နည်းလမ်းတွေဖြစ်တာကြောင့် ဖတ်ကြည့်စေချင်ပါတယ်။
(၄) ဘာဂါနှစ်လုံးအကြောင်းပြပြီး ထောင်ဖောက်ပြေးသွားခဲ့တဲ့ သူငယ်ချင်းနှ်စ်ယောက်

Matt (L) and Sweat (R) (Source: CNN)
ဇွန်လ (၇) ရက်နေ့ ၂၀၁၅ တုန်းက New York ရဲ့ လုံခြုံရေးအတင်းကြပ်ဆုံးလို့ သတ်မှတ်ထားတဲ့ Clinton ပြုပြင်ထိန်းသိမ်းရေးထောင်မှာ ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။ Richard Matt နဲ့ David Sweat ဆိုတဲ့အချင်းချင်း တရင်းတနှီး နေခဲ့ကြသူ မိတ်ဆွေနှစ်ယောက် ထောင်ခန်းထဲက ပျောက်သွားတာကို မနက် (၅) နာရီ (၁၇) မိနစ်အချိန်မှာ ထောင်အစောင့်အရှောက်များ သတိထားမိခဲ့ကြပါတယ်။ ဟန်ဘာဂါထဲထည့်တဲ့အသားတွေထဲ လွှဓားသွားတွေကို ဝှက်ကာ နောက်တော့မှ ရေခဲသေတ္တာထဲကနေ ပြန်ထုတ်ယူခဲ့တာပါ။ ချိုးဖဲ့ထားတဲ့လွှဓားသွားနဲ့ သံပိုက်ကိုဖြတ်တောက်ကာ ထောင်နဲ့ ပေ (၅၀၀) ကွာဝေးတဲ့ တွင်းတစ်ခုကို တဖြည်းဖြည်းချင်းတူးခဲ့တာပါ။

Source: cnn
လှိုင်ခေါင်းရဲ့အဆုံးဟာ လမ်းတစ်လမ်းမှာရှိတဲ့ မြောင်ပေါက်မှာဆုံးသွားကာအဲဒီလမ်းမမှတစ်ဆင့် လွတ်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ထူးထူးခြားခြားမြောင်းဖုံးမှာအဈါရောင်စာရွက်လေးနဲ့ “မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ” ဆိုပြီး ရုပ်ပြောင်ဆွဲပြီး ရဲတွေကို ခနဲ့ခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ သူတို့နှစ်ယောက်ကို ရှာတွေ့ကာဖမ်းဆီးရင်း Sweat ဟာ သေနတ်ဒဏ်ရာဖြင့် ဖမ်းမိခဲ့ပြီး Matt ဟာ သေနတ်မှန်ပြီး သေသွားခဲ့ပါတယ်။

Source: nydaily
(၅) မိုးကာတွေကိုခိုးပြီး ဖောင်လုပ်ကာထွက်ပြေးခဲ့တဲ့ ထောင်သားသုံးယောက်

Frank and the Anglins with their dummy heads (Source: aberghnd)
၁၉၃၄ ကနေ ၁၉၆၃ ခုနှစ်အထိ နှစ်ပေါင်း (၃၀)အတွင်းအမေရိကန်၊ Alcatraz ထောင်မှ ထောင်ဖောက်ပြေးသူမရှိတာကြောင့်အုပ်ချုပ်မှုကောင်းတယ်ဆိုတဲ့ နာမည်ကောင်းနဲ့ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့မှာတော့ ထောင်သားသုံးဦး ထောင်ဖောက်ပြေးသွားခဲ့ပါတယ်။ ထောင်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းပေါ်မှာဆောက်ထားတဲ့ ထောင်ဖြစ်တာမို့ ထောင်နံရံတွေဟာအစိုဓာတ်တွေရှိကာ ခိုင်ခံ့မှုအားနည်းတတ်ကြပါတယ်။ ဒီအချက်ကိုကောင်းကောင်းသဘောပေါက်တဲ့ ထောင်သား (၃) ဦးဟာ သီချင်းဖွင့်ပေးတဲ့အစီအစဉ်အချိန်မှာပဲ ထောင်နံရံတွေကို ဖြိုခဲ့ကြပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ရေထဲကိုဖြတ်ဖို့အတွက်ကိုလည်း ထောင်မှ မိုးကာပေါင်းအခု (၅၀) ကျော်ကို ကြိုတင်ခိုးကာဖောင်အဖြစ်ဆောက်ခဲ့ကြပါတယ်။အာဏာပိုင်တွေဟာ သူတို့သုံးယောက်စလုံးကို ဖမ်းမိခဲ့ခြင်းမရှိသေးပါဘူး။ တချို့ကတော့ သုံးယောက်စလုံးဟာ ပင်လယ်ထဲမှာပဲ သေဆုံးသွားကြတယ်လို့ ပြောခဲ့ကြပေမယ့် လူတစ်ယောက်ကတော့ သူတို့သုံးယောက်စလုံးကို တပူးတွဲထဲ ၁၉၇၅ ခုနှစ်လောက်မှာ တွေ့ခဲ့တယ်လို့ ဆိုပြန်ပါတယ်။ သို့ပေမယ့် သူတို့ရဲ့မိသားစုတွေဆီကိုတော့ ပုံမှန်စာလေးတွေ postcard လေးတွေပို့ပေးခဲ့တဲ့ သက်သေတွေရှိနေပါတယ်။ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်အခုအချိန်အထိအမေရိကမှ သူတို့သုံးယောက်စလုံးကို wanted ထုတ်ထားဆဲပါပဲ။

History Channel
(၆) ယောဂပညာကိုအသုံးပြုကာအစားအစာပို့တဲ့အပေါက်ကနေတစ်ဆင့်လွတ်မြောက်ရန်ကြံစည်သူ

Source: huffpost
ကိုရီးယမ်းဟူဒီးနီလို့အမည်တွင်ခဲ့တဲ့ Choi Gap-Bok ဟာ (၂၃) နှစ်အတွင်း ထောင်ထဲကိုဝင်လိုက်ထွက်လိုက်နဲ့ လုပ်နေခဲ့ရပါတယ်။ ထောင်ဖောက်ပြေးခဲ့ပေမယ့် (၆) ရက်အတွင်း မိသွားခဲ့ပြီး ၂၀၁၂ စက်တင်ဘာလ (၁၂) ရက်နေ့မှာ ထောင်ပြန်ကျခဲ့ပါတယ်။ သူ့ရဲ့ထောက်ဖောက်ပြေးနည်းကတော့ တော်တော်လေးကိုဆန်းတယ်။အလျား (၆) လက်မသာရှိပြီးအကျယ်အဝန်း (၁၈) လက်မစီရှိတဲ့ ထောင်ခန်းထဲအစားအသောက်ပို့ရာအပေါက်လေးမှတစ်ဆင့် ထိုးထွက်ကာလွတ်မြောက်ခဲ့တာပဲဖြစ်ပါတယ်။ Choi ဟာအစောင့်တွေအိပ်သွားပြီဆိုတာ သေချာသလောက်ဖြစ်တဲ့အချိန် သူ့ရဲ့ခန္ဓာကိုယ်အနှံ့မှာ စုဆောင်းထားတဲ့ဟင်းအဆီတွေကို သုတ်လိမ်းလိုက်ပါတယ်။ နောက်မှာတော့အဲဒီအပေါက်လေးထဲကနေ (၃၄) စက္ကန့်အတွင်းအပြင်ကိုထွက်နိုင်ခဲ့ပါတယ်။ ယောဂကိုပုံမှန်လေ့ကျင့်တဲ့လူတစ်ဦးဖြစ်တာကြောင့်လည်း ခန္ဓာကိုယ်ဟာအများကတာထက်ပိုပြီး ပျော့ပျော့ပြောင်းပြောင်းရှိဟန်တူပါတယ်။ ပြန်ပြီးဖမ်းမိတဲ့အခါမှာတော့အပေါက်တွေပိုစိတ်တဲ့ထောင်အခန်းထဲမှာ ထားခဲ့ကာ (၂၄) နာရီစောင့်ကြပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Source: news.sbs
Source: Scoop Whoop
Penny