ဘီလီယံနာ ၂၆ ဦး ပိုင်ဆိုင်မှု ကမ္ဘာ့အဆင်းရဲဆုံးလူဦးရေ ၅၀% ပိုင်ဆိုင်မှုနဲ့ညီမျှ
popolay.com
|
2019-01-21

ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ ၂၆ ဦးရဲ့ ပိုင်ဆိုင်မှု စုစုပေါင်းတန်ဖိုးဟာ တစ်ကမ္ဘာလုံးရှိအဆင်းရဲဆုံးလူဦးရေ၏ ၅၀% ဖြစ်သော လူဦးရေ ၃.၈ ဘီလီယံတို့၏ ပိုင်ဆိုင်မှုများနဲ့အချိုးကျညီမျှနေကြာင်း မရှိဆင်းရဲသူများကိုကူညီထောက်ပံ့ရေး Oxfam က စိစစ်တွေ့ရှိခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ့်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ Oxfam ရဲ့ တင်ပြချက်အရ ၂၀၁၈ ခုနှစ်တွင်းမှာ ချမ်းသာတဲ့သူတွေက ပိုပြီးချမ်းသာကြသလို ဆင်းရဲသူတွေကလည်း ပိုပြီးဆင်းရဲသွားကြတယ်လို့ ဖော်ပြထားပါတယ်။

တစ်ကမ္ဘာလုံးမှာ ဘီလီယံနာ ၂,၂၀၀ ကျော်ရှိပြီး ၂၀၁၈ ခုနှစ် သူတို့ရဲ့ဝင်ငွေပေါင်း ၉၀၀ ဘီလီယံ နေ့စဉ် ၂.၅ ဘီလီယံရှိခဲ့တဲ့တဲ့အတွက် ၁၂% ပိုမိုကြွယ်ဝခဲ့ကြပြီး ဆင်းရဲသားတွေကတော့ ၁၁% ပိုမိုဆင်းရဲခဲ့ကြတယ်လို့ ဆိုပါတယ်။
Amazon(အမေဇုန်) ရဲ့ CEO Jeff Bezos ရဲ့ ဝင်ငွေဟာ တစ်နှဏ်အတွင်း ၁၁၂ ဘီလီယံထိ ရှိခဲ့ပြီး သူ့ဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းဟာအီသီယိုးပီးယား တစ်နိုင်ငံလုံး (လူဦးရေ ၁၀၅ သန်း)ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်နဲ့ ညီမျှနေကြောင်း Oxfam က ထောက်ပြခဲ့ပါတယ်။

အလွန့်အလွန်ကြွယ်ဝတဲ့ ကော်ပိုရေးရှင်းကြီးတွေဟာ သူတို့ပေးဆောင်ရမယ့်အချွန်တွေကိုအနိမ့်ဆုံးနှုန်းနဲ့ ပေးဆောင်နေတာ ဆယ်စုနှစ်တစ်ခုအတွင်း တွေ့ရပြီး ယခုလို ဆင်းရဲချမ်းသာ ကွာဟမှုကြီးထွားလာနေတဲ့အပေါ်အစိုးရတွေအနေနဲ့ သတိပြုသင့်ကြောင်း ထောက်အထားများနဲ့ တင်ပြသွားခဲ့ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ ဘီလီယံနာတွေကို သူတို့ဆောင်ရမယ့်အခွန်ငွေထက် ဝ.၅ ရာခိုင်နှုန်း ပိုဆောင်ပေးခြင်းဖြင့် ၂၆၂ သန်းသော ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေရဲ့ ပညာရေးကို ထောက်ပံ့ရာရောက်ကြောင်းနှင့် ကျန်းမာရေးစရိတ်ကြောင့်အခက်အခဲဖြစ်နေတဲ့ ၃.၃ သန်းသောလူတွေရဲ့အသက်ကို ကယ်တင်နိုင်ကြောင်း တိုက်တွန်းထားပါတယ်။




Some text some message..