All News
yoyarlay.com
|
2018-11-22



မွေးရာပါလက်နှစ်ဖက်လုံးပါမလာသူတစ်ဦးဟာ မသန်စွမ်းဖြစ်နေပေမဲ့လည်း နေမကောင်းတဲ့မိခင်ကို ဂရုစိုက်ပြုစုပေးနေပါတယ်။ တရုတ်နိုင်ငံကအသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ချန်စီဖန်ဟာ မကြာသေးခင်ကမှလေဖြတ်သွားတဲ့သူ့အမေ လုဒွန်ယူကို ခြေထောက်တွေသုံးပြီး နေ့တိုင်းဇွန်းနဲ့ထမင်းခွံ့ပါတယ်။




ဘောလိဝုဒ်မင်းသားကြီးအမီတာဘဂျမ်းကတော့အမေရိကန်ဒေါ်လာ ၅ သိန်းကျော် တန်ဖိုးရှိတဲ့ ချေးငွေတွေကိုအိန္ဒိယနိုင်ငံမြောက်ပိုင်းကလယ်သမားတွေအတွက် ပြန်ဆပ်ပေးခဲ့တယ်လို့ သိရပါတယ်။ လယ်သမားပေါင်း ၁၃၉၈ ဦးအတွက်အကြွေးဆပ်ပေးပြီး ကူညီလိုက်ရတဲ့အတွက် ပြောပြမတတ်အောင် ဝမ်းသာပါတယ်လို့ သူ့ရဲ့ ဘလော့ဂ် (blog) မှာ ရေးသားထားခဲ့ပါသေးတယ်။




(၃) ရက်တည်းနဲ့ မြင်မကောင်းလောက်အောင်ကျယ်နေတဲ့ ချွေးပေါက်တွေအားလုံးကို တာ့တာပြမှာပါနော်။ ဒီ challenge လေးကို လုပ်ရမယ့်ရက်က (၃) ရက်တည်းမို့ ပျင်းစရာလည်းမလိုပါဘူး။




ကမ္ဘာကျော် ဂန္တဝင် Queen ဂီတဝိုင်းနဲ့ တီးဝိုင်းအဆိုတော်၊ ဂီတပညာရှင်ကြီး ဖရက်ဒီမာကျူရီ (Freddie Mercury) တို့အကြောင်း ဂီတမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ Bohemian Rhapsody ဇာတ်ကားဟာ လွန်ခဲ့တဲ့သုံးပတ်ကစတင်လို့ တစ်ကမ္ဘာလုံးမှာ တစ်ပြိုင်နက်တည်း ရုံတင်ပြသခဲ့ပါတယ်။




၂၀၁၈ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရိုးရာ မီးပုံးပျံပြိုင်ပွဲကို နိုုုဝင်ဘာ ၁၄ ရက်နေ့က စတင်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကာအနိုင်ရရှိတဲ့အဖွဲ့ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆုချီးမြှင့်သွားမှာပါ။




ဖေ့စ်ဘွတ်ခ်လက်အောက်ခံကုမ္ပဏီဖြစ်တဲ့အင်စတာဂရမ်ကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ခြေရာအတိုင်း လိုက်လာပြန်ပါပြီ။အခုဆိုရင်အသုံးပြုသူအချို့ရဲ့ စကားဝှက်ပေါက်ကြားမှုတွေ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး ယိုယွင်းနေတာကို တွေ့မြင်လာရပါတယ်။အင်စတာဂရမ်အသုံးပြုသူတွေဟာ ၎င်းတို့ရဲ့အချက်အလက်တွေကို သိမ်းဆည်းဖို့ ဒေါင်းလော့ခ်ဆွဲယူတဲ့အခါမှာ စကားဝှက်တွေကိုအကာအကွယ်မရှိဘဲ လူတိုင်းမြင်တွေ့နိုင်အောင် သိမ်းဆည်းထားကြောင်းကို သိရှိလိုက်ရတာပါ။




ဘဝမှာ ဘယ်အရာမှ ကံသေကံမ မပြောနိုင်ချိန်မှာအမေရိကန်ပြည်က နယူးယောက်မြို့သားကြီး ရောဘတ်ဘေလီ (Robert Bailey) ဟာ Powerball ထီလက်မှတ်ကို ကံစမ်းပြီး နယူးယောက်ရဲ့သမိုင်းမှာအမြင့်ဆုံးဆုကြေးငွေအပုံလိုက်ကို ဆွတ်ခူးနိုင်သူဖြစ်လာခဲ့ပါတယ်။







၂၀၁၂ ခုနှစ်တုန်းက ကမ္ဘာကျော် ကိုကာကိုလာကုမ္ပဏီကနေ ဗီယက်နမ်ရဲ့နာမည်ကြီး ပြည်တွင်းအချိုရည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ THP ကို ကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ကြေးနဲ့ ရှယ်ယာအလုံးစုံ ဝယ်ယူမယ့်ကမ်းလှမ်းချက်ဟာ ပယ်ချခံခဲ့ရပါတယ်။ THP ကုမ္ပဏီပိုင်ရှင်၊ တည်ထောင်သူဖြစ်တဲ့ Tran Qui Thanh ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ဟာ ကိုကာကိုလာကုမ္ပဏီအတွက်အတော်လေးအံ့အားသင့်စရာအနေအထားလည်း ဖြစ်ခဲ့ပါတယ်။




မင်္ဂလာပါအပတ်စဉ်တင်ဆက်ပေးနေကျအနုသုခုမအညွှန်းကဏ္ဍက ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာ စုံထောက်ဆန်ဆန် ဇာတ်လမ်းမျိုးတွေကို ကြည့်ရှုခံစားကြည့်ကြရအောင်နော်..။




အသက် ၃၂ နှစ်အရွယ်ရှိ နာမည်ကျော်အဆိုတော် လေဒီဂါဂါ (Lady Gaga) ဟာ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း မာလီဘူးအရပ်မှာ တောမီးလောင်ကျွမ်းမှုကြောင့် ကိုယ်တိုင်နေအိမ်ကို စွန့်ခွာတိမ်းရှောင်နေရပေမဲ့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေဆီကို ပီဇာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။




ဒီမိသားစုက ဗြိတိန်ရဲ့အကြီးဆုံးသော ဧရာမမိသားစုကြီးအဖြစ် မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။အခုအချိန်မှာတော့ ၂၁ ဦးမြောက် မိသားစုဝင် ရင်သွေးရတနာလေးကို ထပ်မံမွေးဖွားခဲ့ပြန်ပါပြီ။ မိသားစုက ပိုမိုကြီးထွားလာခဲ့ပြီဖြစ်ပြီးအံ့အားသင့်စရာ လင်မယားနှစ်ဦးကတော့အသက် ၄၇ နှစ်အရွယ် ဖခင်နိုဝယ်လ်ရက်ဖို့ (Noel Radford) နဲ့အသက် ၄၃ နှစ်အရွယ် မိခင် ဆူးရက်ဖို့ (Sue Radford) တို့ပဲဖြစ်ပါတယ်။




ဒီနေ့ခေတ်မှာ စမတ်ဖုန်းဆိုတာ လူတိုင်းနီးပါး သုံးနေကြတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးအရာတစ်ခုမှာ ကိုယ်မသိသေးတဲ့အချက်တွေ ရှိတယ်ဆိုတာရော သိရဲ့လား။အထင်မှားနေတာတွေ ရှိလိမ့်မယ်လို့ရော တွေးကြည့်ဖူးပါသလား။




အချစ်နဲ့တကယ်ဆေးဖက်ဝင်တဲ့အခါ ချစ်သူလင်မယား၊ မိသားစုစုံတွဲတွေအကြားအပေါင်းတန်ဖိုးတွေချည်းဖြစ်လာပါတော့တယ်။အခုတင်ဆက်ပေးမယ့်အချစ်နဲ့ဆေးဖက်ဝင်ခဲ့တဲ့ ကျန်းမာရေးပိုင်ရှင် စုံတွဲ ၇ တွဲ ကတော့ ခံယူချက်ချင်းတူညီကြတဲ့ စုံတွဲတွေဖြစ်တဲ့အပြင် မိသားစုဘဝကိုအတူတကွ သက်ဆုံးတိုင်အထိ ကျန်းမာရေးကောင်းကောင်းနဲ့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းလိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့်




လူကြီး၊ လူငယ်၊ ကျား၊ မ ဆိုတာအသက်အရွယ်၊ လိင်အင်္ဂါကွာခြားမှုတစ်ခုသာဖြစ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်ကိုအဲဒီအရာတွေနဲ့တိုင်းတာလို့မရဘဲ လုပ်ဆောင်ချက်စွမ်းရည်နဲ့သာ တိုင်းတာနိုင်တယ်ဆိုတာ ကိုအောင်သန့်တစ်ဖြစ်လဲ မရှင်းသန့်ဘဝက ဖော်ပြနေပါတယ်။




ပြီးခဲ့တဲ့ သောကြာနေ့က မဲလ်ဘုန်း (Melbourne) မြို့ရဲ့ လူစည်ကားတဲ့ လမ်းမတစ်နေရာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။အကြောင်းရင်းကတော့ ဟာဆန် (Hassan) ဆိုတဲ့ လူဆိုးက ရဲနှစ်ယောက်ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာကြောင့် ရဲကားတွေနဲ့ လိုက်ပြီး ဖမ်းဆီးနေတာပါ။ ဒီမတိုင်ခင်ကလည်း လူဆိုးက ကော်ဖီဆိုင်ပိုင်ရှင်ကို သတ်ပြီး လူနှစ်ဦးဒဏ်ရာရအောင် လုပ်သွားခဲ့ပါသေးတယ်။




အမျိုးသားရော၊အမျိုးသမီးရော မနက်ပိုင်းမှာ သံပရာသီးကို ရေနွေးနဲ့စိမ်ပြီးသောက်သုံးမယ်ဆို ခန္ဓာကိုယ်အတွင်းအဆီဓာတ်တွေ လျော့ကျပြီးအဆီပိုကင်းလို့ ကျန်မာသွယ်လျလှပစေမယ်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။ နောက်ထပ်လည်းအမျိုးသမီးတွေအနေနဲ့ မနက်ခင်းတိုင်းမှာ သံပရာသီးကိုရေနွေးနဲ့စိမ်ပြီး ဘာကြောင့်သောက်သုံးသင့်လဲဆိုတဲ့အချက်တွေကို ထပ်မံဝေမျှပေးချင်ပါတယ်။




နော်ဝေးကမ်းရိုးတန်းဟာအရမ်းလှပပေမဲ့ ချောက်ကမ်းပါးတွေကြားက ကျဉ်းမြောင်းတဲ့ဝင်ပေါက်လေးတွေကြောင့် တစ်နေရာကနေ တစ်နေရာသွားဖို့ ခရီးအရှည်ကြီး သွားနေရပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နော်ဝေးပြည့်သူလမ်းများအုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာ့ပထမဆုံး ရေအောက်မှာမျောနေမဲ့လှိုဏ်ခေါင်းကို ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပြီး ဒီလှိုဏ်ခေါင်းဟာ မီတာ ၃၀ ခန့် (၁၀၀ ပေ)အရှည်ရှိပါတယ်။




မိခင်ဆီက နွေးထွေးကြင်နာမှုရတဲ့သားသမီးတွေကအသက်အရွယ်ရလာတဲ့အခါ ပိုပြီးကျန်းမာတယ်လို့ ဆိုကြပါတယ်။ ရင့်ကျက်တဲ့အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ ဒီလိုကလေးတွေက စိတ်ကျရောဂါ ဖြစ်နိုင်ချေနည်းတယ်လို့လည်း သုတေသနတွေအရ သိရပါတယ်။




ဖိလစ်ပိုင်လေကြောင်းလိုင်းရဲ့ ဗုဒ္ဓဟူးနေ့ ပျံသန်းမှုခရီးစဉ်မှာ လေယာဉ်မယ် ပက်ထရီရှာအော်ဂဲနို (Patrisha Organo) တစ်ယောက် တာဝန်ထမ်းဆောင်လို့ နေပါတယ်။ ခရီးစဉ်တစ်ဝက်လောက်ရောက်ချိန်မှာတော့ ကလေးငိုသံကြားတဲ့အတွက် လေယာဉ်မယ်တာဝန်ကနေ ကလေးအမေတာဝန်ကို ပြောင်းလဲ ဆောင်ရွက်ပေးခဲ့ရပါတယ်။





စာပေ၊ ရုပ်ရှင်နဲ့အနုပညာအသိုင်းအဝိုင်းအပြင် စာရေး ဆရာမကြီး ကြည်အေးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ပါ စိတ်ဝင်တစား စောင့်ကြည့်ရင်ခုန်နေရတဲ့ 'မီ'ရုပ်ရှင်ဇာတ်ကားကြီးကို ၂ဝ၁၈ ခု၊ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ရုံတင် ပြသနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ လောက်က ရှုမဝမဂ္ဂဇင်း (၁၉၄၈ ခု၊ ဇွန်လ) မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ 'မီ'ဟာ ဆရာမကြီး ကြည်အေးရဲ့ လက်ရာတွေထဲက ထင်ရှားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ ဏကြီးက မီကို ရုပ်ရှင်အဖြစ်နဲ့အသက်သွင်း ပုံဖော်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။




ဒီနှစ်အစောပိုင်းတုန်းကအိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှာရှိတဲ့ Skyline နည်းပညာကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာအဇာဂူ ဆွန်ဒါရမ်း (Azhagu Sundaram) ဟာ ပုဂ္ဂလိကအင်ဂျင်နီယာကောလိပ်တစ်ခုကို သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို လေ့ကျင့်ရေးတွေ ပြုလုပ်ပေးခဲ့တဲ့အပြင် ငွေယူပြီးအလုပ်ရှာပေးတာတွေပါ လုပ်ပေးခဲ့ပါတယ်။




အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ နည်းပညာသတင်းတိုကဏ္ဍက ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့အသစ်ထွက်ရှိလာတော့မယ့်ပစ္စည်းတွေ၊ နည်းပညာအသစ်တွေနဲ့အခြားသော စိတ်ဝင်စားစရာသတင်းတွေ ပါဝင်ပြန်တာမို့ ဆက်ပြီးဖတ်ကြည့်လိုက်ကြရအောင်နော် . . .







သိပ်ချစ်ရတဲ့ဇနီးသည်ကို ဘဝထဲက ဆုံးရှုံးလိုက်ရရင် ကျွန်တော်တို့ ဘယ်လိုများ တုံ့ပြန်ဖြစ်ကြပါမလဲ။ ဘယ်ပုံဘယ်နည်းနဲ့ပဲ ချစ်ခဲ့ချစ်ခဲ့၊ ဝေသီဖွဲ့စည်းလာခဲ့တဲ့ သံယောဇဉ်တွေဆိုတာ ဝေးကွာသွားတဲ့သူတွေအတွက် တစ်နည်းနည်းနဲ့အငွေ့ပျံသွားနိုင်တာပဲလို့ ထင်ရင်တော့ တစ်စိတ်တစ်ပိုင်းမှန်နိုင်ပါတယ်။ တစ်ယောက်ယောက်က တကယ်ထွက်သွားခဲ့ပေမယ့် တကယ်ထွက်မသွားခဲ့တဲ့အရိပ်အငွေ့တွေဆိုတာ တစ်ဘဝလုံးမှာ လွှမ်းမိုးထုံမွှမ်းလာခဲ့ရင် ကျွန်တော်တို့ ကျေကျေနပ်နပ်ပဲငုံ့လျှိုးလိုက်ကြရုံသာပေါ့။




တရုတ်နွယ်ဖွား စွန့်ဦးတီထွင်သူအမျိုးသမီး ပေါ့ကတ်စန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်လာတယ်ဆိုတာက လွယ်လွယ်ကူကူနဲ့တော့ မဟုတ်ခဲ့ပါဘူး။အမေရိကန် ပြောင်းရွှေ့အခြေချဗီဇာကအဆင်မပြေခဲ့တဲ့အတွက် ချီကာဂိုမှာရှိတဲ့ နည်းပညာအလုပ်ကို မစ္စစန်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့




ပြီးခဲ့တဲ့အင်္ဂါနေ့ကအိန္ဒိယမြောက်ပိုင်းအယုဒ္ဓယမြို့မှာတော့ ဒီဝါလီပွဲတော်အထိမ်းအမှတ်အနေနဲ့ ဆီမီးခွက်ပေါင်း သိန်းချီထွန်းညှိပူဇော်ပြီး တစ်မြို့လုံးထိန်လင်းစေခဲ့ပါတယ်။ ဟိန္ဒူလူမျိုးတို့ရဲ့ ရိုးရာမီးထွန်းပွဲတော်လို့ လူသိများတဲ့ ၅ ရက်ကြာ ဆီမီးခွက်များအတန်းလိုက်ပူဇော်ခြင်းကတော့ ကမ္ဘာ့မှတ်တမ်းထိ ဝင်နိုင်ခဲ့တယ်လို့အာဏာပိုင်တွေက ဆိုကြပါတယ်။




ကယ်လီဖိုးနီးယားက ဒိုးနပ်ဆိုင်တစ်ဆိုင်မှာတော့ ဖောက်သည်တွေဟာ ဒိုးနပ်တွေကို ဒါဇင်လိုက် ဝယ်ယူအားပေးနေကြပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့ဇနီးသည် နေမကောင်းဖြစ်နေတာကို သိရှိပြီးတဲ့အချိန်ကစပြီး ဇနီးသည်အတွက် ဆိုင်ပိုင်ရှင်အနေနဲ့အချိန်ပိုပေးနိုင်စေဖို့ မုန့်တွေအမြန်ကုန်အောင် ကူညီနေကြတာဖြစ်ပါတယ်။




အားဖြည့်အချိုရည် (Energy Drink) တစ်ဗူးသောက်ရုံနဲ့ မိနစ် ၉၀အတွင်း နှလုံးဆိုင်ရာရောဂါနဲ့ လေဖြတ်နိုင်ခြေတွေပါ မြင့်တက်လာတယ်လို့ လေ့လာတွေ့ရှိချက်အသစ်တွေက ဖော်ပြနေပါတယ်။




ကွန်ပျူတာတစ်လုံးဝယ်တယ်ဆိုတဲ့ကိစ္စက လွယ်မယောင်နဲ့ ခက်ပါတယ်။အရွေးမှားသွားရင် နောက်ပိုင်းမှာအတော်လေး ဒုက္ခရောက်ပြီး ဗျာများရတော့တာပါပဲ။ ကဲ ဒါကြောင့် မှန်းထားတဲ့ငွေပမာဏနဲ့အဆင်ပြေဆုံး ကွန်ပျူတာအသစ်တစ်လုံး ဝယ်နိုင်ဖို့ ဒီအချက်လေးတွေအရင်စစ်သင့်ပါတယ်။




ကနေဒါနိုင်ငံဟာ ဆေးလိပ်တွေပေါ်မှာ ကျန်းမာရေးသတိပေးစာ ရိုက်နှိပ်ပြီး ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဦးဆုံး နိုင်ငံဖြစ်လာပါပြီ။ ဆေးလိပ်ဗူးတွေရဲ့အပြင်ဘက်ထုပ်ပိုးမှုတင် မဟုတ်ဘဲ ဆေးလိပ်တွေပေါ်မှာပါ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပညာပေးစာသားတွေ ရိုက်နှိပ်ဖို့ ကနေဒါအစိုးရဟာ ဥပဒေအသစ်ပြဌာန်းပြီး ဆေးလိပ်ကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။




၁၀ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆီဗက်စတာ စတောလုံးန် (Sylvester Stallone) ဟာ ရမ်ဘို (Rambo) ဇာတ်ကောင်ကို ပြန်အသက်သွင်းဖို့အတည်ပြုပြီး စတင် ရိုက်ကူးနေပါပြီ။ မကြာသေးမီကပဲ စတောလုံးန် ဟာ (Rambo 5) ရိုက်ကွင်းထဲက ဓာတ်ပုံ ၂ ပုံကို လူမှုကွန်ယက် မှာတင်ခဲ့တာကြောင့် ပရိတ်သတ်တွေက စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။




အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ တက်စ်လာ (Tesla) ကအပတ်တိုင်းမှာ ကားအရေအတွက် သုံးထောင်စီကို ရှန်ဟိုင်းစက်ရုံကနေ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ တက်စ်လာ (Tesla) ကုမ္ပဏီကနေ တစ်ပတ်ကို Model 3အမျိုးအစား ကားအရေအတွက် တစ်သောင်း ထုတ်လုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး ထုတ်လုပ်မယ့်ကားအရေအတွက်ရဲ့ ၃ ပုံ ၁ ပုံ ကို တရုတ်နိုင်ငံအခြေစိုက်စက်ရုံကနေ ထုတ်လုပ်တော့မှာပါ။







ကျွန်မတို့တွေ လက်တွေပါမလာဘဲမွေးလာခဲ့မယ်ဆိုရင် ဘယ်လိုနေထိုင်ကြမလဲဆိုတာ စဉ်းစားလိုက်ရင်တောင်မှအင်မတန်ခက်ခဲလှပါတယ်။ ကံကောင်းလို့ ချမ်းသာနေရင်တော့ ခန္ဓာကိုယ်ကြီးထွားလာတာနဲ့အမျှအဆင်ပြေမဲ့ လက်တုတွေကို တပ်လို့ရပါတယ်။ လက်တုတွေကြောင့်မို့လို့ ပုံမှန်လူနေမှုဘဝကိုလည်း ရရှိစေမှာပါ။




မိတ်ဆွေ လက်ရှိရောက်နေတဲ့အသက်မှာ နိုင်ငံဘယ်နှနိုင်ငံဆီ လည်ပတ်ဖူးပြီးပြီလဲ။အမေရိကန်နိုင်ငံသူ ကာဆန်ဒရာ ဒီ ပီကောလ် (Cassandra De Pecol) ကတော့ ကမ္ဘာပေါ်က နိုင်ငံအားလုံးကိုအမြန်ဆုံး သွားရောက်ဖူးတဲ့အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။




လူတိုင်းနီးပါးအမြဲတမ်းကြုံဖူးနေကျ ကိစ္စလေးတစ်ခုရှိတယ်ဗျ။ တခြားတော့မဟုတ်ပါဘူး။ ညဘက်အေးဆေးအိပ်တော့မယ်ဆိုပြီး ခေါင်းအုံးပေါ်ခေါင်းချဖို့ကြံခါမှပဲ ကိုယ့်ဦးနှောက်ကြီး ကိုယ့်ကို သစ္စာဖောက်တာကို ခံရတော့တာပဲ။ ရှိသမျှအတွေးတွေ ပလုံစီလာတာလေ...




ရုရှားအခြေစိုက် ဆိုက်ဘာဟက်ကာတွေဟာ ဖေ့စ်ဘွတ်ခ်ထံက ခိုးယူရရှိထားတဲ့အကောင့်ပေါင်း ၈၁၀၀၀ ရဲ့ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်တွေကိုနည်းနည်းချင်းစီ ဖွင့်ချပြနေပြီးအကောင့်တစ်ခုကို ကန်ဒေါ်လာ ပြား၈၀ နှုန်းမျှနဲ့ ထုတ်ရောင်းဖို့ လုပ်ဆောင်နေပါတယ်။




များစွာသော တရုတ်သိုင်းဝတ္ထုတွေကို ပြောင်မြောင်စွာ ဇာတ်လမ်းဆင် ရေးဖွဲ့ခဲ့တဲ့ စာရေးဆရာကြီး ကျင်းယုံ ကွယ်လွန်သွားတဲ့အတွက် တရုတ်လူမျိုး ပရိတ်သတ် တွေသာမက ဗီယက်နမ်လူမျိုးပရိတ်သတ်တွေကလည်းအလွန်ဝမ်းနည်း နှမြောတသ ဖြစ်နေကြရပါတယ်။











"ပညာရှိသတိဖြစ်ခဲ" ဆိုသလို ဘယ်လောက်ပဲ မီးဖိုချောင်ဝင်တာများတဲ့အိမ်ရှင်မ ဆိုပေမဲ့ တစ်ခါတလေအာရုံများလို့ မှားသွားတတ်သလို မီးဖိုချောင်ကို ခုမှ စဝင်သူတွေမှာလည်းအလွဲများစွာ ရှိတတ်ပါတယ်။




အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ နည်းပညာသတင်းတိုကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်းအသစ်ထွက်ရှိလာတော့မယ့်ပစ္စည်းတွေ၊ နည်းပညာအသစ်တွေနဲ့အခြားသော စိတ်ဝင်စားစရာသတင်းတွေ ပါဝင်တာမို့ ဆက်ပြီးဖတ်ရှုကြည့်ပါဦး . . .။




အရင်တုန်းက ခေတ်စားခဲ့တဲ့ slider ဖုန်းတွေကို တုပပြီး Oppo Find X၊ Mi Mix 3 နဲ့ Honor Magic 2 တို့ ထွက်ရှိလာသလိုပဲ Lenovo ကလည်း Z5 Pro မော်ဒယ် ဖုန်းအမျိုးအစားကို ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဒီဖုန်းရဲ့အားသာချက်ကတော့ တခြား sliderအမျိုးအစားဖုန်းတွေနဲ့ယှဉ်ရင် ဈေးသက်သာနေတာပဲ ဖြစ်ပါတယ်။ RAM 6GB၊ ဘထ္ထရီအမျိုးအစား 3350 mAh နဲ့ Snapdragon 710 chipset ကိုအသုံးပြုထားပါတယ်။ ဈေးနှုန်းနဲ့ ယှဉ်ရင် ပါဝင်လာတဲ့စွမ်းဆောင်ရည်တွေကအတော်လေး ကောင်းနေတာမို့ စမ်းသုံးကြည့်ဖို့ ကောင်းတဲ့ဖုန်းတစ်လုံးလို့ ယူဆမိပါတယ်။

၂။အိုင်ဖုန်းအဟောင်းတွေကို ပြုပြင်တော့မယ့် ပရိုဂရမ်အသစ်




Apple က မော်ဒယ်အဟောင်းတွေအတွက် ဆက်စပ်ပစ္စည်းတွေ ထပ်မထုတ်တော့တဲ့အခါမျိုးမှာ ဦးနှောက်ခြောက်ခဲ့ရတဲ့အဖြစ်မျိုးတွေ ရှိကြတယ်ဟုတ်။အခုဆိုရင်တော့ "Repair Vintage Apple Products Pilot" ဆိုတဲ့ ပရိုဂရမ်ကို Apple က စတင်မိတ်ဆက်လိုက်ပြီး သူ့ရဲ့ ထွက်ရှိခဲ့တဲ့ ပစ္စည်းအဟောင်းတွေကို ပြုပြင်ပေးတော့မယ်လို့ သိရပါတယ်။ ဒီပရိုဂရမ်မှာ ပါဝင်လာတာတွေကတော့ iPhone 5 နဲ့ 4S၊ ၂၀၁၂ခုနှစ်ထုတ် MacBook Air ၂မျိုး၊ ၂၀၁၂၊၂၀၁၃ခုနှစ်ထုတ် MacBook Pro ၃မျိုးနဲ့ ၂၀၁၁ခုနှစ်ထုတ် iMac ၂မျိုးတို့ ဖြစ်ပါတယ်။

၃။ စီးပွားရေးသောင်းကျန်းတော့မယ့် WhatsApp




ဖေ့စ်ဘွတ်ခ်က လက်လွှဲရယူလိုက်တဲ့ WhatsApp က ဖေ့စ်ဘွတ်ခ်ရဲ့ စီးပွားရေးအကွက်မြင်ပုံကြောင့် တစ်နေ့တခြား ပိုမိုအောင်မြင်လာပြီး ကြော်ငြာတွေလည်း လက်ခံရရှိလာပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့တစ်နှစ်က Snapchat ကိုတောင်အနိုင်ယူပစ်လိုက်တဲ့ Status လုပ်ဆောင်မှုမှာ ကြော်ငြာတွေ ထည့်သွင်းတော့မှာဖြစ်ပြီး ကျွန်တော်တို့အတွက်တော့ စီးပွားရေးအခွင့်အလမ်းကောင်းတစ်ခုပါပဲလို့ WhatsApp ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။




"iBorderCtrl" ဆိုတဲ့ ပရိုဂရမ်က လူလုပ်အသိဉာဏ်တုကိုအသုံးချပြီးအမှန်ပြော၊ မပြော စစ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒီပရိုဂရမ်မှာတော့အသုံးပြုသူကအွန်လိုင်းအပ်ပလီကေးရှင်းကိုအသုံးပြုပြီးအချက်အလက်တွေ ဖြည့်ပေးရမယ်လို့ သိရှိရပါတယ်။ ဒီပရိုဂရမ်ကို လေဆိပ်မှာအသုံးပြုမယ်ဆိုပါက "အိတ်ထဲမှာ ဘာတွေပါပါသလဲ" နဲ့ "သင့်အဖြေ မှန်၊ မမှန် သိရအောင်အိတ်ကို ဖွင့်ပြပါ" ဆိုတဲ့ မေးခွန်းတွေ မေးမယ်လို့ သိရပါတယ်။အသုံးပြုသူကအမှန်ပြောခဲ့ရင် QR ကုတ်တစ်ခုကို လက်ခံရရှိမှာဖြစ်ပြီး လေဆိပ်ဂိတ်ကို ဖြတ်သန်းခွင့်ပြုမယ်လို့ သိရပါတယ်။ ဒီပရိုဂရမ်မှာ မျက်နှာ၊ လက်ဗွေနဲ့ သွေးခုန်နှုန်းတိုင်းတဲ့စနစ်တွေ ပါဝင်မယ်လို့ ကြားသိရပါတယ်။

၅။ AirPods clones တွေ ထုတ်လုပ်လိုက်တဲ့ Honor




Honor က AirPods clones တွေကို FlyPods ဆိုတဲ့နာမည်နဲ့ ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဒီ FlyPods တွေက Bluetooth 5.0အမျိုးအစားကို သုံးထားပြီး ရေစိုခံတယ်လို့လည်း သိရှိရပါတယ်။ တစ်ကြိမ်အားသွင်းရင် ၃ နာရီကြာအသုံးပြုနိုင်မှာဖြစ်ပြီး နိုဝင်ဘာလထဲမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Honor ရဲ့ ထုံးစံအတိုင်းအရောင်လှလှလေးတွေနဲ့ ထွက်ရှိလာမှာမို့အတူတူစောင့်ကြည့်လိုက်ကြရအောင်ပါ။

၆။ လုံခြုံရေးမကောင်းတဲ့ iOS 12.1




လွန်ခဲ့တဲ့အပတ်က ထွက်ရှိလာခဲ့တဲ့ iOS 12.1အမျိုးအစားမှာ လုံခြုံရေးပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။ လုံခြုံရေးသော့ကို ဖွင့်စရာမလိုဘဲနဲ့ ဖုန်းနံပါတ်တွေ ကြည့်ရှုနိုင်မယ့်အပြင် ဗီဒီယိုခေါ်ဆိုမှုတွေပါ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လတ်တလော ရိုက်ထားတဲ့ပုံတွေကို ကြည့်လို့ရနိုင်မယ်ဆိုတဲ့သတင်းကတော့အသုံးပြုသူတွေကိုအတော်လေး စိတ်ပျက်စေမယ်လို့ ကောက်ချက်ချမိပါတယ်။

ရိုးရာလေးပရိသတ်ကြီးရေ... နောက်အပတ်မှာလည်း ဘယ်လိုမျိုးထူးခြား ဆန်းသစ်တဲ့နည်းပညာသတင်းတွေ ဖော်ပြပေးဦးမလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦးနော်။




မင်္ဂလာပါ။အပတ်စဉ်တင်ဆက်ပေးနေကျအနုသုခုမအညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကျွန်တော်ရွေးချယ်ထားပါတယ်။ ငယ်ငယ်လေးကတည်းက ဂြိုဟ်သားတွေ၊အာကာသယာဉ်တွေ၊ မာယာလူမျိုးတွေနဲ့ ရှေးအီဂျစ်တွေရဲ့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်တွေ၊ ကမ္ဘာအတွင်းထဲကအခြားကမ္ဘာတွေ စသဖြင့်သောအကြောင်းအရာတွေက ကျွန်တော့် စိတ်ကိုအတော်လေး လွှမ်းမိုးနိုင်ခဲ့ပါတယ်။











၂၀၁၆ ခုနှစ်တုန်းက ထိုင်းနိုင်ငံကိုအလည်လာခဲ့တဲ့ နယူးယောက်မြို့သူ ဟန်နာ (Hannah) ဟာ ကမ်းခြေမှာ ဒေသခံတစ်ယောက်ဆီ လမ်းညွှန်မေးမြန်းနေရင်း လှည့်ဖျားခေါ်ဆောင်ခံခဲ့ရပြီး တောတွင်းလူပြတ်တဲ့တစ်နေရာမှာ ၁၀ နာရီကြာအထိအဓမ္မပြုကျင့်ခံခဲ့ရပါတယ်။




ကိုယ်တိုင်မျက်မှန်မတပ်ရသေးခင်အထိ ပေါ့ပေါ့ဆဆပဲနေခဲ့မိတော့ မျက်မှန်ပိုင်ရှင်လေးတွေအတွက်အလှအပဆိုင်ဆိုင်ရာနည်းလမ်းလေးတွေနဲ့ ပတ်သက်လို့ ဘာဆို၊ ဘာဆောင်းပါးမှ မရေးပေးဖြစ်ခဲ့ဘူးနော်။ ခုတော့ ဒီအခက်အခဲတွေကို




လူငယ်တွေအနေနဲ့ ဆေးခြောက်ကိုအချိန်ကာလကြာမြင့်စွာ သုံးစွဲမယ်ဆိုရင် ဦးနှောက်ပျက်စီးနိုင်တယ်လို့ လေ့လာချက်အသစ်တွေအရ ပညာရှင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။




ဒီနှစ်အတွင်း ဘယ်မိုဘိုင်းလ်ဂိမ်းတွေက နာမည်ကြီးနေသလဲ။ တကယ်ရော မိုက်ရဲ့လား။ ဘယ်လိုပုံစံမျိုးတွေလဲ။ စမ်းဆော့ကြည့်ရင်ကောင်းမလား။ ကိုယ် ဆော့နေကြဂိမ်းကရောအကောင်းဆုံး စာရင်းထဲ ပါရဲ့လား။




မင်းသမီး ကီရာနိုက်(တ်)လေကတော့ ဒစ်စနေရုပ်ရှင်တွေထဲက မင်းသမီးဇာတ်ရုပ်ကို သဘောမတွေ့တာကြောင့် သုံးနှစ်အရွယ်သမီးဖြစ်သူကို ရုပ်ရှင်ကြည့်ခွင့်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။




ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Pope Francis) ဟာ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ မြောက်ကိုရီးယားကိုအလည်အပတ်ခရီးလာရောက်ဖို့ဖိတ်ကြားမှုကိုလက်ခံရရှိခဲ့ပြီး လက်ခံစဉ်းစားသွားဖွယ်ရှိနေပါတယ်။




၂၀၀၉ ခုနှစ်ကတည်းက ကုသခဲ့ရတဲ့ (Non-Hodgkin's Lymphoma) သွေးကင်ဆာပုံစံတစ်မျိုးဟာ လွန်ခဲ့တဲ့ ၂ ပတ်က ပြန်လည်ဆိုးရွားလာခဲ့တာဖြစ်ပြီးအသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပေါလ်နဲ့ သူရဲ့ ဆရာဝန်တွေဟာ ဒီရောဂါကို လက်လျော့ခဲ့ရပါတယ်။ သူ့ရဲ့ တွဲဖက်တည်ထောင်သူဖြစ်တဲ့ ဘီလ်ဂိတ်စ် (Bill Gates) က




ခေါင်း ခဏခဏ လျှော်ခြင်းဟာ ကျန်းမာရေးအရ မသင့်တော်ပါဘူး။ နေ့တိုင်းနီးပါး ခေါင်းလျှော် (ခေါင်းပေါ်ရေလောင်းချိုး) နေမယ်ဆို ဆိုးကျိုးအနေနဲ့ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။




ကြက်သွန်မြိတ်ဆိုတာအထိခိုက်မခံတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဈေးထဲက ဝယ်လာတဲ့ ကြက်သွန်မြိတ်တွေကို သိမ်းဆည်းနည်း မမှန်လို့ကတော့ ခဏလေးနဲ နွမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကြာရှည်အထားခံအောင် ကြက်သွန်မြိတ်တွေကို ဘယ်လိုသိမ်းရင် ကောင်းမလဲ။




အသက် (၂၀) ရှိ မိန်းကလေးငယ်တစ်ဦးရဲ့အနုပညာမြောက်တဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာတွေ ဖြစ်ပါတယ်။ မဝင်းလတ်ပိုင်ထက်က ဒီမိတ်ကပ်အနုပညာကို ဖန်တီးလာတာအချိန်တစ်နှစ်ကျော်ရှိနေပါပြီ။ “ဒီဖန်တီးမှုနဲ့ပတ်သတ်ပြီး လူတွေပိုပြီး လက်ခံလာအောင်လည်း ကြိုးစားသွားမယ် "လို့ သူက ဆိုပါတယ်။




မင်္ဂလာပါ..အပတ်စဉ်တင်ဆက်ပေးနေကျအနုသုခုမအညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ဘဝအမောတွေ ပြေစေမယ့်အနုသုခုမ လက်ရာလေးတွေဆီ သွားကြရအောင်နော်…




အသက်အရွယ်ရလာတာနဲ့အမျှ လည်ပင်းဟာအလှအပအတွက်အရေးကြီးတဲ့နေရာတစ်ခု ဖြစ်လာပါတယ်။အမျိုးသမီးတွေတော်တော်များများဟာ လှပပြီးအပြစ်ကင်းစင်တဲ့မျက်နှာတွေကို ပိုင်ဆိုင်ထားပေမဲ့ လည်ပင်းနားကအရေပြားကတော့အိုမင်းနေတတ်ပါတယ်။




ဒီမျိုးပွားနည်းပညာကတော့ သဘာဝသားဖောက်မျိုးပွားခြင်းနိယာမတွေကို ချိုးဖောက်နေပါပြီ။ သိပ္ပံပညာရှင်တွေက ''Bimaternal'' (မိခင် ၂ ဦး) (ကြွက်မလေး ၂ ကောင်ကို ဆိုလိုသည်) ဟာ ကျန်းမာစွာရှိနေပြီးတော့ သူတို့ရဲ့ ကလေးတွေကို မွေးဖွားခဲ့ပါပြီ လို့ပြောပါတယ်။




ဒီတစ်ခါ ရိုးရာလေးရဲ့ မိန်းကလေးစာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေး ဆောင်းပါးလေးတစ်ပုဒ် ဖော်ပြပေးချင်ပါတယ်။အဲဒါကတော့ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့အကြောင်းပါ။




ဝါနာဘရားသားရုပ်ရှင်ကုမ္ပဏီ (Warner Bros) ဟာအခုထိ ပရိသတ်ရင်ထဲစွဲထင်နေဆဲ ကြောင်နဲ့ ကြွက်ကာတွန်းဇာတ်ရုပ်တွေကို တစ်ဖန်ပြန်လည်အသက်သွင်းသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။







လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်အကြာက ဝင်ချက်စတာဘုရားရှိခိုးကျောင်းကို ကယ်တင်ခဲ့တဲ့ ရေငုပ်သမား ဝီလျံဝေါ့လ်ကာ ကွယ်လွန်ခဲ့တာဆိုရင် နှစ် ၁၀၀ တိုင်ခဲ့ပါပြီ။ ဘုရားရှိခိုးကျောင်းရဲ့အောက်ခြေအုတ်မြစ်တွေက မြေကြီးထဲ မြုပ်သွားတော့မယ့်အခြေအနေမှာ




ဟောင်ကောင်ရုပ်ရှင်ကြယ်ပွင့် ချောင်ယွန်ဖတ်က “Crouching Tiger,Hidden Dragon” ဇာတ်ကားနဲ့ နာမည်ကြီးခဲ့သလိုအော်စကာဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာအသက် ၆၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားကြီး ချောင်ယွန်ဖတ်က




ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတိုင်းလိုလိုမှာ သကြားဓာတ်ကပါနေလေတော့ ချက်ချင်းကြီးအပြီးဖြတ်လိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း သင့်မှာဖြတ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် သကြားဖြတ်ခြင်းရဲ့ ရေရှည်နဲ့ ရေတိုကောင်းကျိုးလေးတွေကို





တန်ရင်ဆေး လွန်ရင်ဘေး ဆိုတဲ့စကားကအခုတင်ပြပေးမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီးအပြည့်ဝဆုံး ခြုံငုံပေးမယ့်အဓိပ္ပာယ်ပဲဖြစ်ပါလိမ့်မယ်။ သဘာဝနေရောင်ခြည်ဟာ လူ့အသားအရည်ကို ဗီတာမင်ဒီဖြည့်ပေးပါတယ်။ လွန်ကဲလာတဲ့ နေရောင်ခြည်ဒဏ်ကိုခံစားရရင်တော့ ဒီအသားအရည်ကိုပဲ ဖျက်ဆီးပစ်လိုက်ပြန်ပါတယ်။




တရုတ်ထုတ်လုပ်သူထံမှ ရောင်းချထားတဲ့ “Clear & Simple” ကုန်အမှတ်တံဆိပ်မှ ကိုယ်ဝန်ရှိမရှိ စစ်တဲ့ ဆီးစစ်ကိရိယာတွေကအကြိမ်ပေါင်း ၅၈,၀၀၀ ထိမှားယွင်းပြီးတော့ ကိုယ်ဝန်ရှိပါတယ်ဆိုပြီး မှားယွင်းအချက်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဆေးဝါးများနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်ရေးအေဂျင်စီ ( The Medicines and Healthcare products Regulatory Agency) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။




ဆပ်ပြာနဲ့ရေအစား လက်သန့်ဆေးရည်သုံးတဲ့ ကလေးတွေက ကျောင်းပျက်ရက်နည်းသလိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ရောက်ခြင်းနဲ့ ပဋီဝဆေးတွေသောက်သုံးရခြင်း နည်းပါးတယ်ဆိုတာကို စပိန်သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။




တာတိုအပြေးချန်ပီယံတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့အသက် ၃၂ နှစ်အရွယ် ဂျမေကာနိုင်ငံသားအူစိန်ဘော့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဩစတေးလျကလပ် စင်ထရယ်ကို့စ် မရီနာ (Central Coast Mariners)အသင်းရဲ့ ခြေစမ်းပွဲစဉ်မှာ




အမြင်အာရုံမသန်စွမ်းပေမဲ့ ကွန်ပျူတာနဲ့ဖုန်းပြုပြင်ရေးဆိုင်ဖွင့်နိုင်ခဲ့သူ ကိုခင်မောင်သန်း (ခ) ကိုပိုင်ဟိန်းထွန်းက မွေးရာပါအမြင်အာရုံမသန်စွမ်းသူဖြစ်ပေမဲ့ ဘဝကိုအရှုံးမပေးဘဲ ကြိုးစားလာခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းကစလို့ ကွန်ပျူတာနဲ့ဖုန်းပြုပြင်ဆိုင်လေးကို ဖွင့်နိုင်ခဲ့တာပါ။




မင်္ဂလာပါ …အပတ်စဉ်အနုသုခုမအညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်ရဲ့အနုသုခုမအညွှန်းမှာတော့ “LGBT”အသားပေးလိုက်ကြရအောင်… တကယ်တော့ ယောက်ျား၊ မိန်းမ စတဲ့ ပညတ်ချက်တွေကို ဖယ်လိုက်မယ်ဆိုရင် ဘယ်သူမဆို လူချည်းပဲ မဟုတ်လား…







အသားခြောက်တတ်တဲ့သူ၊ ဝက်ခြံပေါက်ပြီးအမာရွတ်ကျခဲ့တဲ့သူတွေနဲ့အသားအရေတင်းတင်းရင်းရင်းလေး ဖြစ်ချင်တဲ့သူတွေအတွက်တော့ ရှားစောင်းလက်ပပ်က ဆရာတစ်ဆူပါပဲ။အခုနောက်ပိုင်း (၉၉%) ရှားစောင်းလက်ပပ်နဲ့ ပြုလုပ်ထားတဲ့ ဂျယ်လ်တွေလည်း ဈေးကွက်ထဲ ဈေးသက်သက်သာသာနဲ့အလွယ်တကူဝယ်လို့ရနေပြီမို့




အမျိုးသားတွေရဲ့ သုက်ပိုးအရည်အသွေးတွေဟာ နှစ်စဉ် တဖြည်းဖြည်းနဲ့ ကျဆင်းလာတယ်လို့ လေ့လာမှုတွေက ဖော်ပြနေပါတယ်။ ဘာကြောင့်လဲဆိုရင် ခေတ်သစ် လူနေမှုဘဝပုံစံတွေက မျိုးပွားနိုင်တဲ့ ဖွံ့ဖြိုးနိုင်မှုတွေကို ဖျက်ဆီးသလို ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။




နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်ဟာ ၎င်းတို့ရဲ့ ဥက္ကဌ မန့်ဟောင်ဝီ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုဖို့အတွက် တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ မနေ့်ဟာင်ဝီဟာ




အသက် ၇၂ နှစ်ရှိပြီ ဖြစ်တဲ့ ပါလီမေး စမစ်သ်နဲ့ သားသမီး ၇ ယောက်တို့ဟာ နယူးဂျာစီရဲ့ ဂျက်ခ်ပေါ့ထီမှာ ဒေါ်လာ ၄၂၉.၆ သန်း ကံထူးခဲ့ပြီး ၂၈၄ သန်းကို ဘုရားကျောင်းတွေ၊ ဖောင်ဒေးရှင်းတွေမှာ လှူဒါန်းခဲ့ပါတယ်။ ပေးစရာရှိတဲ့အကြွေးတွေ၊ ချေးငွေတွေ ပြန်ဆပ်ကာအပျော်ခရီးထွက်ခဲ့ကြပြီးတဲ့နောက်မှာတော့




ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ သားအကြီးဆုံး ဘရွတ်ကလင်းဘက်ခမ်းဟာ သူရဲ့အင်စတာဂရမ် (Instagram)အကောင့်မှာအီတလီနိုင်ငံကို ခရီးသွားရင်း ရိုက်ကူးခဲ့တဲ့အာရှခရီးသွားတွေရဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးနောက် လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲခံနေရပါတယ်။







အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၇-၁၀-၂၀၁၈ မှ ၁၃-၁၀-၂၀၁၈) ရက်နေ့အထိ




အိုင်ဒါဟိုပြည်နယ် မီရီဒါရီယမ်မြို့ရှိ စိန့်လူကီဆေးရုံမှာအခြားသူတွေကို ကယ်တင်နိုင်ဖို့ သေဆုံးချိန်မှာ ခန္ဓာကိုယိအစိတ်ပိုင်းတွေကို လှူဒါန်းမယ်လို့ ကတိပြုထားတဲ့လူတစ်ဦးကို လူအများစုက ဆေးရုံလျှောက်လမ်းတစ်လျှောက်မှာ မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့တယ်လို့သိရပါတယ်။




အမေရိကန်နိုင်ငံ ဆေးဘက်ဆိုင်ရာအမျိုးသားစာကြည့်တိုက်က လေ့လာသူတွေကအန္တရာယ်ရှိတဲ့ နေရာတွေကို "ဆယ်လ်ဖီ မရိုက်ရနယ်မြေ"အဖြစ် သတ်မှတ်ပြီး ဆယ်လ်ဖီရိုက်လို့ သေဆုံးမှုတွေကို လျှော့ချဖို့ လုပ်ဆောင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။




ယူအေအီးနိုင်ငံရဲ့ရာဆာ ခိုင်းမာ (Ras Al Khaimah) မြို့ တရားရုံးတစ်ခုဟာအမျိုးသမီးတစ်ယောက်ကို ခင်ပွန်းသည်ရဲ့ဖုန်းကို ခိုးကြည့်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။ ခင်ပွန်းဖြစ်သူက သူ့ရဲ့ကိုယ်ပိုင်လုံခြုံရေးအချက်အလက်ပေါက်ကြားမှု နဲ့ပတ်သက်ပြီး တရားစွဲ ဆိုခဲ့တာဖြစ်ပြီး




MCU (Marvel Cinematic Universe) လို့ လူသိများတဲ့ စူပါဟီးရိုး ရုပ်ရှင်ကားတွေထဲက ကပ္ပတိန်အမေရိက (Captain America) ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်တဲ့ ခရစ်စ်အီဗန် (Chris Evans) ကတော့ နောက်ထပ်ထွက်မယ့် Avenger 4 ရုပ်ရှင်ကို ရိုက်ကူးပြီး ဖြစ်လို့ ဒီဇာတ်ကောင်နေရာကနေအနားယူတော့မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။




အခြေခံပညာကျောင်းတွေမှာ စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာပေးမှု စတင်သင်ကြားပေး စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာပေးအစီအစဉ်ကို စက်တင်ဘာလကစတင်ပြီး မြောက်ဒဂုံနဲ့လှိုင်သာယာမြို့နယ်တွေကအခြေခံပညာကျောင်းတွေမှာ သင်ကြားပေးနေပြီ ဖြစ်ပါတယ်။





ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း မျက်နှာအရေပြားကိုသာအချိန်ပေးပြီး ဂရုစိုက်နေကြပြီး နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ ခြေထောက်တွေကိုတော့ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ရာသီဥတုပူပြင်းခြင်း၊ ခန္ဓာကိုယ်ကလိုအပ်တဲ့ဗီတာမင်များပြတ်လပ်ခြင်း၊အေရပြားကျန်းမာရေးပြဿနာများဖြစ်ပေါ်ခြင်း စတာတွေကြောင့် ခြေဖနောင့်ကွဲတာ ဖြစ်ပေါ်လာနိင်ပါတယ်။




ချိုင်ချီယန်း (Chang Chi-yuan) ဆိုတဲ့ ထိုင်ဝမ်နိုင်ငံသား ဟက်ကာက ဖေ့စ်ဘွတ်ခ် (Facebook) တည်ထောင်သူ မာ့ခ်ဇူကာဘက် (Mark Zuckerberg) ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို တနင်္ဂနွေနေ့မှာ ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သူ ဖြစ်ပါတယ်။




တစ်ခါတရံမှာ ကျွန်တော်တို့ဘဝတွေမှာအခက်ခဲဆုံးအချိန်တွေဆိုတာ ကျွန်တော်တို့ကိုအကြံ့ခိုင်ဆုံးဖြစ်အောင်အသွင်ပြောင်းပေးလိုက်ပါတယ်။ တရုတ်ပြည်က ခြောက်နှစ်အရွယ် ကလေးမလေးကတော့ ကြားကြား (Jia Jia ) လို့ခေါ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကြားကြားရဲ့အဖေဖြစ်သူဟာ ကားမတော်တဆဖြစ်ပြီး ကိုယ်အောက်ပိုင်းအကြောသေသွားခဲ့ပါတယ်။




နယူးဇီလန်မှာအသစ်ပြဌာန်းလိုက်တဲ့ဥပဒေအရ နယူးဇီလန်နိုင်ငံကို သွားရောက်ချိန်မှာ ခရီးသွားတွေဟာအကောက်ခွန်တာဝန်ရှိသူတွေကို ဒစ်ဂျစ်တယ်ပစ္စည်းနဲ့ ပတ်သက်တဲ့လျို့ဝှက်နံပတ်အချက်လက်တွေ ပေးရမယ်လို့သိရပါတယ်။




အမေဇွန် (Amazon) ဟာ သောင်းချီတဲ့အလုပ်သမားတွေက နည်းပါးတဲ့ လုပ်အားခပေးချေမှုအကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိနေတာကြောင့်အောက်တိုဘာလကုန်က စတင်လို့အခြေခံလုပ်ခကို တစ်နာရီ လုပ်ခ ၁၅ ဒေါ်လာအထိ တိုးမြှင့်ပေးတော့မှာ ဖြစ်ပါတယ်။အခုလောလောဆယ်မှာတော့ တက္ကဆက် ပြည်နယ်မှာ တစ်နာရီ လုပ်ခ ၁၀ ဒေါ်လာဝန်းကျင် ရရှိပြီး




တရုတ်နာမည်ကျော်မင်းသမီးဖန်ဘင်းဘင်းဟာအခွန်တိမ်းရှောင်မှုအပြင်အခြားပြစ်မှုတွေကြောင့် တရုတ်ယွမ်ငွေ သန်းရာချီ ဒဏ်ရိုက်ခံရတယ်လို့ တရုတ်အာဏာပိုင်တွေကပြောလိုက်ပါတယ်။ မင်းသမီး ဖန်ဘင်းဘင်းဟာအများပြည်သူ မြင်ကွင်းကနေ ပျောက်ကွယ်ပြီး




လတ်တလော ထွက်ရှိထားတဲ့ Apple ရဲ့ ဖုန်းမော်ဒယ်အသစ် iPhone XS နဲ့ XS Max တွေမှာ ဖုန်းအားသွင်းတာနဲ့ ပတ်သတ်ပြီး ပြဿနာရှိနေတယ်လို့ သိရပါတယ်။







ဂျပန်နိုင်ငံအိုဆာကာ (Osaka) မြို့ရဲ့အနောက်ဘက်ပိုင်းကနေ တစ်နာရီ ၁၃၄ မိုင်နှုန်းအင်အားရှိတဲ့ တိုင်ဖွန်းမုန်တိုင်း ထရာမီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၃၀) က ဒေသစံတော်ချိန် ၂၀:၀၀ နာရီ (ည ၈ နာရီ) နိုင်ငံတကာ စံတော်ချိန် ၁၁:၀၀ နာရီ မှာ တိုက်ခတ်သွားခဲ့ပါတယ်။




သယ်ယူပို့ဆောင်ရေးစနစ်ရဲ့ ခေတ်သစ်တော်လှန်ရေး စတင်တာလို့တောင် တင်စားရလောက်တဲ့ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားကို ဂျာမနီမှာ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။







ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်ပြည်အရှေ့ပိုင်း၊ ချောင်ဂျိုးမြို့တော်၊ ဂျင်းဇု ကလေးဆေးရုံကိုအသက်စိုးရိမ်ဖွယ်အဆင့် နှလုံးရောဂါဖောက်နေတဲ့ ကလေးလူနာတစ်ဦး ရောက်ရှိလာခဲ့ရာမှာ ဆေးရုံဟာ ဆရာဝန်အဖွဲ့အယောက် (၃၀)အင်အားသုံးပြီး




ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၂၈ ရက်) ကအင်ဒိုနီးရှားမှာ ပြင်းအား ၇.၅ မက်ဂနီကျူ ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခဲ့ပြီး ပေ ၂၀ ခန့်ရှိတဲ့ လှိုင်းလုံးကြီးတွေ တက်လာတဲ့အထိ ပြင်းထန်ခဲ့တဲ့ မြေငလျင်ဟာ ဘာတစ်လေကြောင်းလိုင်းကအမှတ် ၆၃၂၁ လေယာဉ်ရဲ့ ပြေးလမ်းကြောင်းကိုပါ ကွဲအက်စေခဲ့ပါတယ်။




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၃-၉-၂၀၁၈ မှ ၂၉-၉-၂၀၁၈) ရက်နေ့အထိ




ဖောက်ထွင်းတိုက်ခိုက်သူ (Hacker) တွေဟာ စနစ်ရဲ့ လုံခြုံရေးစနစ်တွေကို ဖောက်ထွင်းပြီး သုံးစွဲသူ သန်း ၅၀ ခန့်ရဲ့အချက်အလက်တွေ ခိုးယူသွားခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။




မက္ကဆီကိုရေတပ်အင်အားစုဟာအက်ပါလ်ကိုြမို့ စည်ပင်ရဲဌာနကို ဝန်းရံပိတ်ဆို့ခဲ့ပြီးအရာရှိ ၇၀၀ ခန့်ဆီက လက်နက်သိမ်းယူခဲ့ပြီး ပြည်နယ်ရဲနဲ့ စစ်တပ်က လတ်တလောမှာ မြို့ကို ထိန်းချုပ်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။




အာဟာရဒါနများကို ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် ဆောင်ရွက်ပေးနေတဲ့အာဟာရဒါနမောင်နှမများအဖွဲ့အရိုးရောဂါအထူးကုဆေးရုံကြီးနဲ့အနောက်ပိုင်းဆေးရုံကြီးတို့မှာအာဟာရဒါနလှူဒါန်းလိုတဲ့အလှူရှင်တွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့လှူဒါန်းနိုင်အောင် မဖြူဝင်းဦးဆောင်တဲ့အာဟာရဒါနမောင်နှမများအဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။




မင်္ဂလာပါ။အပတ်စဉ်တင်ဆက်ပေးနေကျအနုသုခုမအညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ရဲ့ ကလေးဘဝကို သွားလည်ကြရအောင်လား….။ ၁၉၉၀ နဲ့ ၂၀၀၀ ပတ်ဝန်းကျင် ကာလတွေဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့အလှမ်းဝေးသေးတဲ့ ကာလတွေဖြစ်ပြီး သဘာဝနဲ့လည်းအလွန်တရာ နီးစပ်ခဲ့တဲ့အချိန်တွေပါ။





ကလီယိုပါထရာလို့ဆိုလိုက်တာနဲ့အင်အားကြီး ဘုရင်တွေက သူ့အလှအပရှေ့ ဒူးထောက်အရှုံးပေးရတဲ့အလှဘုရင်မဆိုတာ တန်းပြီး သတိရကြမှာပါ… လှသလောက် မာနကြီးတဲ့ ဘုရင်မ၊ ချောသလောက်




ဒီနေ့ခေတ်မှာအားဖြည့်အချိုရည် (Energy Drink) တွေဟာ တံဆိပ်အမျိုးစုံနဲ့အမျိုးမျိုး ဈေးကွက်ထဲမှာ ရောင်းချနေသလို လူတွေကလည်း လွယ်လွယ်ပဲ




ကဲ.. ကဲ.. ၂၀၁၈၊ ၂၀၁၉ကတော့ ရုပ်ရှင်ပရိသတ်တွေအတွက် ရွှေနှစ်ဆိုလည်း မမှားပါဘူး..အယ်လယ်..အရမ်းများ ကြော်ငြာဆန်သွားလား :P ၂၀၁၈-၁၉ မှာ ရုံတင်ခဲ့တဲ့၊ ရုံတင်မယ့် ကားတွေဟာ ဆိုရင်တော့ဖြင့် ရုံမတင်ခင်ကတည်းက ပွဲဆူစေခဲ့တဲ့




စင်ကာပူနဲ့ နယူးယော့ခ်ကို လေယာဉ်နဲ့ ခရီးသွားမယ်ဆို ဖတ်ဖို့ စာအုပ်လေးတော့ ဆောင်သွားဖို့လိုပါပြီ... ဘာဖြစ်လို့လဲဆိုရင်...စင်ကာပူ လေကြောင်းလိုင်းက မကြာခင်မှာ ကမ္ဘာ့အရှည်ကြာဆုံး ခရီးစဉ်ကိုပျံသန်းမယ့်







အင်ဒိုနီးရှားနိုင်ငံကအသက် ၁၉ နှစ်အရွယ်အယ်ဒီ နိုဗယ်အဒီလန်း (Aldi Novel Adilang) ဆိုတဲ့ ကောင်လေးဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ၄၉ ရက် (၇ ပတ်) လောက်ကြာအောင် မျောနေပေမဲ့




မင်းသမီး ဒိုင်ယာနာရဲ့ သေဆုံးမှုကို စစ်ဆေးပေးခဲ့တဲ့ ရောဂါရှာဖွေရေးပညာရှင်က ဒိုင်ယာနာတစ်ယောက် ထိုင်ခုံခါးပတ်သာ ပတ်ထားခဲ့ရင် ဒီလိုမျိုးထိ ဖြစ်ခဲ့စရာအကြောင်းမရှိဘူးလို့ ဆိုပါတယ်။ ကြမ္မာဆိုးငင်ခဲ့တဲ့ ညကနေ လွတ်မြောက်ပြီးသာအသက်ရှင်နိုင်ခဲ့မယ်ဆိုရင်




ကျွန်တော်တို့ ငယ်ဘဝဟာ တရုတ်သိုင်းကားတွေ၊ ဘောလိဝုဒ်ဒရာမာတွေနဲ့ ကြီးပြင်းခဲ့ရတာဆိုရင် မှားမယ်မထင်ပါဘူး… မြန်မာ့အသံနဲ့ မြဝတီက လွှင့်သမျှပဲ ကြည့်ခဲ့ကြရတဲ့ ဘဝကိုး… ဒါပေမဲ့ ၂၀၀၀ ခုနှစ် ပတ်ချာလည်လောက်မှာတော့




ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့အိမ်ထောင်သည်တွေအတွက် တစ်ညကို ၂ ကြိမ် လိင်ဆက်ဆံခြင်းဟာ ပိုမိုအကျိုးရှိစေတယ်လို့ သုတေသနတွေက ဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် လွှတ်တဲ့ သုက်ဟာ ပိုမိုအားကောင်းပြီး




လေဆိပ်၊ သဘောၤဆိပ်၊ ကားအဝေးပြေးကွင်းရောက်ပြီးမှ ကိုယ်သွားမယ့် ခရီးစဉ်မရှိဘူးလို့သိလိုက်ရတာက ခရီးသွားတိုင်းအတွက်အိမ်မက်ဆိုးပါ။ ဒါပေမယ့် ဒါဟာ ခရီးသွားဘလော့ဂါ တစ်ယောက်ဖြစ်တဲ့အဲရင်လီဗိုင်း(Erin Levi)အတွက်တော့ တကယ်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။

အဲရင်ဟာ ပဲရစ် (Paris) မှာ ကျင်းပမယ့် သူငယ်ချင်းရဲ့ လက်ထပ်ပွဲကိုတက်ရောက်ဖို့အတွက် လေယာဉ်လက်မှတ်ကို စက်တင်ဘာလ ၉ရက်နေ့မှာ ထွက်ခွာမယ့် ၁၇၉ ဒေါ်လာတန်အသွားတစ်ကြောင်းတည်းခရီးစဉ်ကို “လယ်ဗယ်” လေကြောင်းလိုင်း(Level Airlines) ကနေ ဝယ်ယူခဲ့ပါတယ်။




သွားရမယ့် နေ့ လေဆိပ်မဆင်းခင် နာရီပိုင်းအလိုအထိအဲရင်က သေချာအောင် လယ်ဗယ်လေကြောင်းလိုင်းရဲ့ ကုမ္ပဏီ ဝက်ဆိုဒ်အပေါ်မှာ သူ့ခရီးစဉ်အကြောင်း စစ်ဆေးခဲ့ပေမယ့် တကယ်တမ်းအပြည်ပြည်ဆိုင်ရာနယူးဝက်ခ်လေဘာတီလေဆိပ် (Newark Liberty International Airport) ကို ရောက်တဲ့အချိန်မှာတော့ သူ မ လေယာဉ်ရဲ့ဂိတ်ကိုတောင်ရှာမတွေ့ခဲ့ပါဘူး။

ဗြိတိန်အဲဝေးကအေးဂျင့်ကို ဆက်သွယ်မေးမြန်းစုံစမ်းတော့မှ သူ့ခရီးစဉ်ဖြစ်တဲ့ နယူးဝက်ခ် (Newark) ကနေ ပဲရစ်(Paris) ခရီးစဉ်ဟာ စက်တင်ဘာလ ၁၈ရက်နေ့ကို ရွှေ့ဆိုင်းပြောင်းလဲသွားခဲ့တယ်လို့သိရှိရတာပါ။ ဒီလိုခရီးစဉ်ရွှေ့ဆိုင်းသွားတဲ့အကြောင်းကို ကြိုတင်အသိမပေးခဲ့သလို ကုမ္ပဏီဝက်ဆိုဒ်ပေါ်မှာလည်း မဖော်ပြထားခဲ့ပါဘူး။

“ကျွန်မနိုင်ငံပေါင်း ၄၀ ကျော်ကို ခရီးသွားခဲ့ဖူးပါတယ်။အဲဒီအထဲမှာအူဇဘက်ကာစတန်(Uzbekistan) ကို သွားဖိုအတွက်လက်ရေးနဲ့ရေးထားတဲ့ လေယာဉ်လက်မှတ်နဲ့ တောင် သွားဖူးပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးပါဘူး။ ကျွန်မသူငယ်ချင်းဆီကိုသွားဖို့အတွက် နောက်ဆုံးအချိန်ကျမှ တခြားလေကြောင်းလိုင်းဆီ ကနေ ကမန်းကတန်း လက်မှတ်ဝယ်လိုက်ရတဲ့အတွက် ဒေါ်လာ ၃၁၉.၉၈ တောင် ပေးလိုက်ရပါတယ်” လို့အဲရင်က ပြောပါတယ်။

လယ်ဗယ်လေကြောင်းလိုင်းရဲ့တခြား ခရီးသည်တွေကလည်း ဒီလေကြောင်းလိုင်းဟာ ခရီးစဉ်ဖျက်သိမ်းကြောင်းကို ဘယ်တော့မှအီးမေးလ်မပို့သလို တစ်ခါတလေ လေဆိပ် ရောက်မှ ခရီးစဉ်ဖျက်သိမ်းကြောင်း စာရွက်လေးလာပေးတာမျိုးပဲ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လယ်ဗယ်လေကြောင်းလိုင်းကတော့ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၃-၉-၂၀၁၈ မှ ၂၉-၉-၂၀၁၈) ရက်နေ့အထိ




တယ်လီနောလုပ်ငန်းစုနဲ့ နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ ပူးပေါင်းစီစဉ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ တယ်လီနောလူငယ်ဖိုရမ် (TYF) ကို နော်ဝေနိုင်ငံ၊အော်စလိုမြို့မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။







မေးစေ့မှာ ရုတ်တရက်ဝက်ခြံတွေ ထွက်လာပြီလား။ ဒါမှမဟုတ်ရင် ပါးပြင်တွေ၊ တီ - ဇုန်အဆီပြန်တတ်တဲ့နေရာတွေမှာ ဝက်ခြံတွေထွက်နေပြီလား။ တခြားနေရာတွေထက် မျက်နှာပေါ်မှာရှိတဲ့




ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ မွေးဖွားလာခဲ့တဲ့ ဦးစောစောမောင်မောင်ထွေးကအခုဆိုအသက် ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူက ၁၉၄၈-၄၉ ခုနှစ် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတဲ့အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။




ကယ်လီဖိုးနီးယားဒါရိုက်တာတစ်ဦး ရိုက်ကူးမယ့် Invincible ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ပွဲမှာ မြန်မာနိုင်ငံက မော်ဒယ်လ် သရုပ်ဆောင် မေမြတ်နိုး ရွေးချယ်ခံခဲ့ရပါတယ်။ ဝင်ရောက်အရွေးခံတဲ့ ထိုင်းမင်းသမီးတွေအားလုံးကို ဖြတ်ကျော်ပြီး







ဖလောရမ့်စ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်၊ ဝယ်လ်မင်တန် ဆိပ်ကမ်းမြို့က မိုက်ကယ်ဂျော်ဒန်ရဲ့ မွေးဖွားရာ ဇာတိမြို့ ဖြစ်ပါတယ်။ ဝယ်လ်မင်တန်မြို့မှာအထက်တန်း ကျောင်းသားဘဝတည်းက ဘတ်စကတ်ဘော ကစားခဲ့တဲ့ မိုက်ကယ်က




၁၉၉၀ ခုနှစ်များဆီကအငွေ့အသက်တွေထည့်သွင်းထားတဲ့ PlayStation Classicအမည်နဲ့ ဂိမ်းစက်ကို Sony က တစ်ကျော့ပြန်အသက်သွင်း လိုက်ပြီ ဖြစ်ပါတယ်။ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်ကြားမှာ မွေးဖွားသူတွေအတွက်ကတော့




မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ ဒုံးကျည်စမ်းသပ်တဲ့အဓိကနေရာတစ်ခုနဲ့ ဒုံးကျည်လုပ်တဲ့အဆောက်အဦကို ပိတ်သိမ်းဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နဲ့ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်တို့ဟာ





အမေရိကန်ရဲ့အခွန်တိုးကောက်မှုကို လက်တုံ့ပြန်မယ်လို့ တရုတ်ပြောအမေရိကန်ရဲ့အခွန်တိုးကောက်မှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက လက်တုံပြန်သွားမှာဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။အမေရိကန်နိုင်ငံဟာ နိုင်ငံထဲကိုတင်ပို့နေတဲ့




နတ်သမီးတစ်ပါးက ကျိန်စာတိုက်လို့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးအဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ မင်းသားလေးဟာ တစ်စုံတစ်ယောက်ရဲ့အချစ်စစ်အချစ်မှန်ကိုရမှ လူအဖြစ်ပြန်ပြောင်းလို့ရမယ်ဆိုတဲ့




မြေလက်အမျိုးအစားကို စတုရန်းလက်ဝါးပြင်အမျိုးအစားနဲ့ တိုပြီး တုတ်ခိုင်တဲ့ လက်ချောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ လက်တွေ့ကျတဲ့လူတွေရဲ့ လက်တွေမှာအတွေ့များပြီး ဒီလက်ပိုင်ရှင်တွေဟာ




ဆက်သွယ်စရာနည်းလမ်းအမျိုးမျိုးနဲ့ ဆန်းသစ်တဲ့နည်းပညာတွေအပြည့်ရှိနေတဲ့ ဟောဒီကမ္ဘာမှာ သင်က ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်နေတဲ့သူပါလဲ..။အချိန်ပြည့်အွန်လိုင်းမှာရှိနေတတ်တဲ့ ဒေတာအများအပြား သုံးစွဲတတ်သူတစ်ယောက်လား ... ဒါမှမဟုတ်




ပြီးခဲ့တဲ့လက လူမှုကွန်ယက် (Social Media) ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပိတ်ပစ်ခြင်းခံခဲ့ရတဲ့ မြန်မာတပ်မတော် ထိပ်တန်းအကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အသုံးပြုနေတဲ့ ရုရှားအခြေစိုက် လူမှုကွန်ယက်




အသက် ၃၃ နှစ်အရွယ် ကင်ညာနိုင်ငံသားအပြေးသမား Eliud Kipchoge ဟာ ယမန်နေ့က ကျင်းပခဲ့တဲ့ ဘာလင်မာရသွန်မှာ ၂ နာရီ ၁ မိနစ် ၃၉ စက္ကန့် နဲ့ ပန်းဝင်ဗိုလ်စွဲခဲ့ပြီး




အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ မြောက်ကာရိုးလိုင်းနားက နေရာ ၈ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေအဖြစ်




ဆရာမကြည်အေးရဲ့ ‘‘နွမ်းလျအိမ်ပြန်’’ စာအုပ်လေးကို ဝယ်ထားတာ သေချာပါတယ်။ မှတ်မှတ်ရရ သတင်းစာမှာ ဆရာမကြီးကွယ်လွန်ကြောင်းကို ဖတ်လိုက်ရတဲ့နေ့က ဝယ်ထားတာပါ။အခု စာအုပ်စင်မှာ ပြန်ရှာတော့ မတွေ့တော့ ပြန်ဘူး။ စာအုပ်ကပဲ ပါးလို့ ရှာမတွေ့တာလား




ဝိုင်ကြိုက်တဲ့ ကိုကို၊ မမတွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။ တစ်ပတ်ကို ဝိုင် (၁၀) ခွက်နဲ့အထက်သောက်သုံးခြင်းဟာ သင်မျှော်မှန်းထားတဲ့အသက်ထက်




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၆-၉-၂၀၁၈ မှ ၂၂-၉-၂၀၁၈) ရက်နေ့အထိ







တွံတေးမြို့နယ်မှာ နေထိုင်တဲ့ မွေးရာပါ မသန်စွမ်းသူတစ်ဦးဖြစ်သူ မခတ္တာ (အမည်လွှဲ) ကလည်း လွန်ခဲ့တဲ့လအနည်းငယ်ကအဓမ္မပြုကျင့်ခြင်း ခံခဲ့ရတယ်လို့ မိခင်ဖြစ်သူ ဒေါ်စန်းဝေက ပြောပြပါတယ်။အသက် (၁၆) နှစ်ရှိပြီဖြစ်တဲ့ မခတ္တာကအစ်ကိုဝမ်းကွဲ တော်စပ်သူရဲ့အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရတာပါ။




အသက် ၂၀အရွယ်၊ တက္ကသိုလ်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ ကော့တနီဝစ်ဟွန်း (Courtney Whithorn) ဟာ ကျောင်းတွင်းအနိုင်ကျင့်ဖိနှိပ်မှုကို ကာလရှည်ခံစားလာရတဲ့ စိတ်ဖိစီးမှုဒဏ်ပိပြီး လက်သည်းကိုအမြဲတမ်းကိုက်ဖြစ်ခဲ့ရာကနေ ရှားပါးကင်ဆာပိုးဝင်ခဲ့တဲ့အကျိုးဆက်ကြောင့်







အိန္ဒိယနိုင်ငံကအသက် (၃) နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ မြားအချက်ပေါင်းထောင်ချီကို သုံးနာရီခွဲကြာပစ်ခတ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၃) နှစ်အရွယ်သာရှိသေးတဲ့ ပီဆန်ဂျီနာဟာ ပေ (၂၆) ပေအကွာအဝေးက ပစ်မှတ်ကို




လူတစ်ယောက်ဟာ သူ့ရဲ့အကျင့်စရိုက်တစ်ခုကို ပြုပြင်ဖို့ခက်ပါတယ်၊ ဘဝတစ်ခုလုံးရဲ့နေထိုင်မှုစရိုက်ပုံစံဆိုရင် ပိုပြီးတော့တောင် ခက်ခဲပါတယ်။အကျင့်စရိုက်တစ်ခုကို ပြုပြင်လိုက်တယ်ဆိုတာ ခက်ခဲပေမဲ့




ဩစတြေးလျနိုင်ငံ၊အနောက်ပိုင်းဩစတြေးလျပြည်နယ်မြို့တော်၊ ပါ့သ် (Perth) မြို့ရဲ့အရှေ့ဘက် ၆၃၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ကမ်ဘဲလ်ဒါ (Kambalda) ဆိုတဲ့ မြို့ကလေးမှာ ဘီတာဟန့် မိုင်းတွင်းက လုပ်သားတွေဟာ ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ ရွှေပါဝင်တဲ့ကျောက်တုံးတွေကို ထူးထူးခြားခြား တူးဖော်ရရှိခဲ့တယ်လို့ သိရပါတယ်။


ဒီမြို့ကလေးဟာ နီကယ်လ်သတ္တုတူးဖော်မှုလုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေနေထိုင်ရာ မြို့ကလေးဖြစ်ပြီး




အသက်လေးနှစ်ကနေ ခြောက်နှစ်ကြားကလေးတွေမှာအိမ်ထဲမှာ ပတ်ပြေးပြီး ဆော့တာပဲ ဖြစ်ဖြစ်အိမ်မွေးခွေးနဲ့ လမ်းလျှောက်ထွက်တာပဲ ဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုကတော့ လိုအပ်ပါတယ်။အထူးသဖြင့်အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ ကာယလေ့ကျင့်ခန်းတွေက ကလေးတွေရဲ့ ကြွက်သားနဲ့အရိုးကို သန်မာစေပြီး








ကလေးငယ်တွေကို မွေးကင်းစမှ ၆ လအတွင်းအခြားအစားအစာ၊ ရေ သို့မဟုတ် နို့မှုန့်တိုက်ကျွေးခြင်းတွေမလိုအပ်ဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းနဲ့ ကျန်းမာသန်စွမ်းပျော်ရွှင်ကာ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးငယ်တွေဖြစ်လာအောင် ပျိုးထောင်နိုင်တာကို သိပ္ပံနည်းကျ သက်သေထူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ မိခင်နို့တစ်မျိုးတည်းကသာ ကလေးငယ်တွေရဲ့ဘဝအစပထမ ၆လမှာ




လက္ခဏာပညာရပ်မှာအသက်လမ်းကြောင်းနဲ့ပတ်သက်ပြီး ရှေးဆရာကြီးများမှသည် ယနေ့တိုင် လေ့လာ သုတေသနပြုလျက်ရှိပါတယ်။ လက္ခဏာပညာရပ်ဆိုတာ ကျယ်ပြန့်တဲ့ပညာရပ်ဖြစ်တာကြောင့်




ဗြိတိန်နိုင်ငံက ထိပ်တန်းအမျိုးသမီးသိပ္ပံပညာရှင်တစ်ဦးဟာ သူဆုရရှိခဲ့တဲ့ သိပ္ပံပညာရပ်ဆိုင်ရာဆုကြေး ပေါင် ၂ ဒသမ ၃ သန်းကို လူမှုအကျိုးပြုလုပ်ငန်းတွေဆီ လှူဒါန်းလိုက်ကြောင်းသိရပါတယ်။အဆိုပါ ငွေကြေးတွေကို ရူပဗေဒပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ချို့တဲ့ကျောင်းသားတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက်အသုံးပြုဖို့




ဆရာဝန်ဝန်တော်တော်များများကတော့ ပဋိဇီဝဆေးတွေကို ချောင်းဆိုးပျောက်ကင်းအောင်သောက်ဆိုပြီး ညွှန်းခဲကြပါတယ်။ ချောင်းဆိုးတယ်ဆိုတာကလည်း နှစ်ပတ်၊ သုံးပတ်လောက် ဆက်တိုက်ဆိုးတတ်တော့တာပါ။ မလိုအပ်ဘဲ ပဋိဇီဝဆေးတွေအလွန်အကျွံသုံးမယ်ဆိုရင်




တရုတ်နိုင်ငံအရှေ့ပိုင်း Anhui စီရင်စု Ma’anshan မြို့ကအသက် ၉၁ နှစ်အရွယ် Ye Lianping ရဲ့ ကျောင်းဆရာလုပ်သက်က နှစ် ၄၀ နီးပါးရှိနေပါပြီ။ Ye ဟာ တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှာအလုပ်လုပ်ချိန်ကစလို့




ဒီနေ့ခေတ်မှာတော့ မိတ်ကပ်ဆိုတာကအမျိုးသမီးတွေကြားထဲ မပါမဖြစ်၊ မရှိမဖြစ်လိုမျိုးတောင် ဖြစ်လို့နေပါပြီ။ မပြင်တတ်ဘူး၊ မလိမ်းတတ်ဘူးဆိုတဲ့သူတွေတောင် BB cushion ဒါမှမဟုတ်လည်း BB cream လောက်တော့ လိမ်းနေကြတာပါပဲ။ ပြင်လိုက်ရင်လှသွားတယ်ဆိုတာကိုလည်း




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၉-၉-၂၀၁၈ မှ ၁၅-၉-၂၀၁၈) ရက်နေ့အထိ




အဆိုပါ ဆေးဝါးအသစ်ဟာ လူတွေကို နှစ် ၅၀ လောက်အထိ ပြန်လည် ငယ်ရွယ်နုပျို လာစေနိုင်ပြီးအသက် ၁၅၀အရွယ်အထိအသက်ရှည်စေနိုင်မယ်လို့ သိရပါတယ်။ဆေးကို တီထွင်သူ ဟားဗက်တက္ကသိုလ် ပါမောက္ခ ဒေးဗစ်ဆင်ကလဲယား ( David Sinclair) နဲ့ သုတေတနအဖွဲ့က




ကိုယ်ဝန်ဆောင်ချိန်ဆိုတာအိမ်ထောင်ရှင်အမျိုးသမီးတိုင်းအတွက် ဝမ်းနည်းဝမ်းသာ ခံစားမှုပေါင်းစုံကို ရရှိနိုင်တဲ့အချိန်ကာလတစ်ခုပါပဲ။ ကိုယ့်ရဲ့ ရင်သွေးလေးက ဝမ်းဗိုက်ထဲမှာရှိနေတယ်ဆိုတဲ့အသိလေးကြောင့်




ပြီးခဲ့တဲ့အင်္ဂါနေ့၊ လန်ဒန်မြို့က ရုံးဆင်းချိန်၊အများပြည်သူသုံး ရထားတစ်စင်းပေါ်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါ။ ကိတ်ဟစ်ချင် ( Kate Hitchens ) ဟာအလုပ်လုပ်နေတဲ့ ကလေးမိခင်တစ်ယောက်ဖြစ်ပါတယ်။အင်္ဂလန်တောင်ပိုင်း ဝစ်ခ်ဖို့ (Wickford) မြို့ကနေ




YBS ပြေးဆွဲချိန်နဲ့ ရန်ကုန်မြို့ပြင်ပိုင်း ခရီးသွားတွေရဲ့အခက်အခဲ ည ၉ နာရီနောက်ပိုင်းမှာ YBS ကားတွေအထွက်ကြဲသွားတဲ့အတွက် ရန်ကုန်မြို့ပြင်ပိုင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့အခက်အခဲကြုံတွေ့နေရပါတယ်။






















"သွေးဆုံးကိုင်တယ်" ဆိုတာ သူသူကိုယ်ကိုယ် ပတ်ဝန်းကျင်မှာ ကြားဖူးနေကျမို့ ရင်းနှီးနေပြီးသားစကားလုံးတစ်ခုပါ။ မိန်းမသားများ ဓမ္မတာစက်ဝန်းရပ်နားချိန်...တစ်နည်း








အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂-၉-၂၀၁၈ မှ ၈-၉-၂၀၁၈ ရက်နေ့အထိ)




ထိုင်းမင်းသမီးလေးတွေရဲ့အသားအရေရော၊ ဆံကေသာရောကအရမ်းကိုလှတာနော်။ ဝင်းမွတ်နေလိုက်တယ်ဆိုတာမှအပြစ်ပြောစရာ မရှိလောက်အောင်ပါပဲ။ ကိုယ်တွေနိုင်ငံနဲ့ယှဉ်ရင်




ဒီတစ်ပတ်ပိတ်ရက်မှာ ကင်းမွန်ချစ်သူတွေအတွက် ထိုင်းစတိုင် ကင်းမွန်သုပ်နည်းလေး ပြောပြချင်ပါတယ်။ ချို ချဉ် စပ်အရသာအားလုံးကို




သင့်ကလေးရဲ့သွားတွေ ထွက်စပြုနေပြီဆိုရင် စပြီးဂရုစိုက်ရမဲ့အချိန်ရောက်ပါပြီ။ သွားလေးတွေပေါက်လာတာကအချိန်ခဏလေးပဲဆိုပေမဲ့




လွန်ခဲ့တဲ့တစ်ပတ်က တွစ်တာပေါ်မှာအကောင့်နာမည် (@NaomiH_official) ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာအမေရိကန်အခြေစိုက် နာဆာအဖွဲ့အစည်းမှာ သူအလုပ်ရကြောင်းရေးသားခဲ့ရာမှာ F- စကားလုံးကိုသုံးပြီး







John Wick စီးရီးက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ John Wick 3: Parabellum မှာ ကီနူးရိ(ဗ်စ်) ရဲ့နယူးယောက်မြို့တွင်း မြင်းစီးပြီး ရန်သူတွေကို တိုက်ခိုက်နေတဲ့ ပုံရိပ်တွေက







နှလုံးလမ်းကြောင်းဆိုတာ ကြင်နာသနားခြင်း၊ (၅၂၈) ချစ်မေတ္တာတွေကိုဖော်ပြနေသလို လူတစ်ယောက်အတွက် သစ္စာရှိခြင်း မရှိခြင်း၊ ချစ်မှုရေးရာတွေမှာ စိတ်ကစားမှုရှိခြင်း မရှိခြင်း၊အချစ်နဲ့ပတ်သက်ပြီး တစ်ကိုယ်ကောင်းဆန်သူဟုတ် မဟုတ်၊အိမ်ထောင်ဘက်အပေါ်ထားတဲ့ သဘောထား၊ သတ္တဝါတွေအပေါ်ထားတဲ့ ကြင်နာခြင်းတွေကို ဖော်ပြနေတာက နှလုံးလမ်းကြောင်းပါ။




အမေရိကန်နိုင်ငံမှာ ဖခင်ဖြစ်သူရဲ့အရိုးပြာတွေကိုအင်ဂျင်တစ်လုံးတပ်လေယာဉ်ပေါ်ကနေ ကြဲဖြန့်ပေးခဲ့တဲ့ သားဖြစ်သူဟာ လေယာဉ်ပျက်ကျပြီး










လက္ခဏာပညာဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီအတွက် သူတို့ရဲ့ဘဝကံတရားတွေကို ဖော်ပြနေတဲ့လမ်းပြ မြေပုံတစ်ခုဖြစ်ပါတယ်။ ရှေးနှစ်ထောင်ချီကစပြီး မယာခေတ်၊ ရောမခေတ်များမှာလည်း




စပိုက်စ် ဂဲလ်စ် (Spice Girls)အဖွဲ့အနေနဲ့ ပြန်လည်ပေါင်းစည်းဖို့အတည်ပြု ကြေညာခဲ့ပေမဲ့ ဗစ်တိုးရီးယားဘက်ခမ်း တစ်ယောက်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၉ မှာပြုလုပ်မယ့်




တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့စာမျက်နှာအပါအဝင်အခြားတပ်မတော်သတင်းပြန်ကြားရေးစာမျက်နှာတွေကို ဖယ်ရှားလိုက်ကြောင်း




‘‘ဗမာစစ်စစ်ကို တွေ့ချင်ရင်အညာကျေးလက်တောရွာတွေကို သွားကြည့်’’ဆိုတဲ့ စကားရှိပါတယ်။ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်လို့ ဆိုလိုက်ရင်




အချစ်စစ်အချစ်မှန်လို့ပဲ ပြောရမှာပေါ့နော်။အချစ်အတွက်ဆိုအသက်ပါပေးရဲတတ်ကြတယ်လေ။ ဒါကိုလည်းအရမ်းချစ်ဖူးသူတွေပဲ သိပါလိမ့်မယ်။အိမ်ထောင်သက် (၃၀) နှစ်ရှိပြီဖြစ်တဲ့ ဝါရှင်တန်ကစုံတွဲတစ်တွဲအတွက်တော့




အမျိုးသားခွန်အားတိုးဆေးတစ်မျိုး ဖြစ်တဲ့ ဗီယာဂရာ (Viagra) ဟာအမြင်အာရုံ ကွယ်လုနီးပါး ဖြစ်နေတဲ့ လူနာတွေကို ပြန်လည်ကောင်းမွန်အောင် ကုသပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။







ပိရမစ်အကြီးစားတစ်ခုအရွယ်ရှိတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားအပိုင်းအစတစ်ခုဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ကမ္ဘာနဲ့အတော်အတန်ဝေးတဲ့လမ်းကြောင်းက ဖြတ်သန်းသွားမှာဖြစ်လို့





ဒေါက်မြင့်ဖိနပ်ဆိုတာ ပျိုမေလေးတွေရဲ့အနှစ်သက်ဆုံးအသုံးအဆောင်ပစ္စည်းများထဲက တစ်ခုပဲဖြစ်ပါတယ်။ မိန်းကလေး ၁၀ယောက်မှာ ၇ယောက်လောက်က ဒေါက်မြင့်ဖိနပ်စီးရတာကို




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက်




အိန္ဒိယနိုင်ငံကအသက် ၂၅ နှစ်အရွယ် လူရွယ်တစ်ဦးဟာ ချစ်သူစိတ်ဆိုးပြေစေဖို့ လမ်းတစ်လျှောက်မှာ ပိုစတာပေါင်း ၃၀၀ ထောင်ပြီး




အခုချိန်ထိ လေယာဉ်ပျံတွေနဲ့ ရေငုပ်သင်္ဘောတွေဟာအချင်းချင်း တိုက်ရိုက်ဆက်သွယ်မှုတွေ မလုပ်နိုင်ကြသေးပါဘူး။ ဘာကြောင့်လဲလို့ မေးလာရင်တော့




ကိုရီးယား လမ်းဘေးမုန့်ဆိုင်တွေမှာ တွေ့ရများတဲ့ သွားရည်စာတစ်မျိုးကို ပြောပါဆိုရင် ကြက်အူချောင်း ပေါင်မုန့်ကြွပ်ကပ်ကြော် (corn dog) လို့ပဲ ဖြေရမှာပါ။ ကိုရီးယားမှာ လူကြိုက်များတဲ့







ရိုးရာလေး ပရိသတ်ကြီး မင်္ဂလာပါ။ ဒီတစ်ပတ် ပိတ်ရက်မှာအပျင်းပြေ ဘယ်ဇာတ်ကားလေးတွေ ကြည့်ဖို့ စဉ်းစားပြီးကြပြီလဲ...




အာဂျင်တီးနားကအရာရှိရဲမေတစ်ဦးကတော့ နို့ဆာလို့ငိုနေတဲ့ ကလေးငယ်ရဲ့အသံကိုကြားပြီး ချစ်မေတ္တာကို ဖော်ကျူးပြသတဲ့ လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ရဲမေ ဆီလတ်စတေးအယာလာ (Celeste Ayala) က




တရုတ်နိုင်ငံသားတစ်ဦးဟာ ကားတာယာကွင်းအတွင်းက လေကျွတ်တွေကို နှာခေါင်းပေါက် တစ်ဘက်တည်းနဲ့ လေမှုတ်သွင်းပြီး













ကမ္ဘာကြီးမှာ ငွေပေးပြီး ပြောင်းလဲပစ်လိုက်လို့မရတဲ့ တချို့အရာတွေရှိပါတယ်။ Callie Roger (ကယ်လီရိုဂါ) ရဲ့ခြောက်နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားလေး Blake (ဘလိတ်ခ်) ဟာ ဦးနှောက်ပိုင်းနဲ့အာရုံကြောချို့ယွင်းနေတဲ့ရောဂါကို










တေးရေး၊ တေးဆို ဆောင်းဦးလှိုင် ဆိုတာ ဂီတသံစဉ်ကောင်းတွေကို ထုဆစ်ပေးနေတဲ့ လက်တစ်စုံ ပိုင်ရှင်ပါ။ သူ့ရဲ့ ဂီတတွေ ရှင်သန်နိုင်ဖို့ မည်သည့်စပွန်ဆာ၊ မည်သည့်ငွေကြေးမှ မလိုဘဲ ပရိသတ် ပြည်သူတွေနဲ့ မိတ်ဆွေကောင်းတွေရဲ့အားပေးရပ်တည်မှုသာ လိုတယ်လို့ ဆိုထားတဲ့







မင်္ဂလာပါ။အပတ်စဉ် တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ခပ်ပေါ့ပေါ့ပါးပါး စာအုပ်လေး နှစ်အုပ်လောက် ဖတ်ကြည့်ရအောင်နော့်..







ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲ ဖြစ်တဲ့ နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယင်ကာချိုပရာတို့ စေ့စပ်ပွဲကို ချိုပရာရဲ့ မွေးရပ်မြေအိန္ဒိယမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ စေ့စပ်ပွဲပါတီကို ချိုပရာရဲ့ မိဘတွေဘက်က ပြင်ဆင်ပေးတာ ဖြစ်ပြီး




Some text some message..