
လင်းယုန်ငှက်တွေဟာအင်မတန် ဂုဏ်ကြီးတဲ့ သက်ရှိတွေ ဖြစ်တယ်။ သူတို့ရဲ့အသွင်အပြင် ထည်ဝါပုံ တစ်ခုကြောင့်တင်မဟုတ်ဘဲ သူတို့ရဲ့အံအားသင့်ဖွယ် ဉာဏ်ရည်၊အမဲလိုက် ကျွမ်းကျင်မှုတို့ကြောင့် ထင်ရှားတဲ့ သတ္တဝါအမျိုးအစားဖြစ်တယ်။ ဒါကြောင့်လည်း နိုင်ငံတော်တော်များများရဲ့အလံတွေ၊ ငွေအကြွေစေ့တွေ၊အနုပညာလက်ရာတွေ၊အဆောင်အယောင်တွေမှာ လင်းယုန်ငှက်ကို ထည့်သွင်ဖော်ပြကြတာမဆန်းပါဘူး။
ဒီ့အပြင် လင်းယုန်ငှက်တွေက တော်တော်လေး ခရီးသွားနိုင်ကြတယ်။ ဘယ်လောက်တောင် သွားနိုင်လဲဆိုတာကိုအမျိုးသားတစ်ယောက်ရဲ့ မမျှော်လင့်ထားတဲ့ တွေ့ရှိမှုကနေအားလုံးပဲ သိခွင့်ရခဲ့ကြတယ်။
ဆော်ဒီအာရေးဗျနိုင်ငံ ဂျီဇန်ဒေသက Fahd Qash ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ လမ်းလျှောက်ရင်း လင်းယုန်အသေတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။အဲ့ဒီ လင်းယုန်ငှက်ရဲ့ လည်ပင်းမှာ ခြေရာခံကိရိယာ တပ်ဆင်ထားတာကိုလည်း တွေ့ခဲ့ပြီး စာတိုလေးကပ်ထားကိုပါ တွေ့ခဲ့တယ်။ စာတိုလေးကတော့ တပ်ဆင်ပေးလိုက်တဲ့ သူရဲ့အီးမေးလ်လိပ်စာပဲ ဖြစ်တယ်။

Faifa
နှစ် (၂၀) ကျော်ကြာအောင် လင်းယုန်ရောက်ခဲ့သမျှ နေရာတွေအားလုံးကို ခြေရာခံကိရိယာထဲမှာ မှတ်တမ်းယူထားတာ ရှိနေခဲ့တယ်။ ဒီလိုမျိုး လင်းယုန်ငှက်တွေ တစ်နှစ်လုံး ဘယ်တွေကို ရွေ့ပြောင်းသလဲ၊ ကျက်စားကြသလဲဆိုတာကို စူးစမ်းလိုတဲ့အတွက် သိပ္ပံပညာရှင်တွေက ငှက်အကောင် (၂၀) ကို ဂျီပီအက်စ် တွေတပ်ဆင်ပေးပြီး စူးစမ်းလေ့ရှိတယ်လို သိရတယ်။ နိုင်ငံပေါင်းများစွာကို ဖြတ်သန်းသွားကြပေမယ့် ပင်လယ်တစ်ဝိုက်ကို ရှောင်ကွင်းသွားကြတာကိုလည်း ထူးထူးခြားခြားတွေ့ရတယ်။

Faifa
အခု ရတဲ့ ခြေရာခံကိရိယာရဲ့ မှတ်တမ်းမှာတော့ လင်းယုန်တွေဟာအရှေ့အလယ်ပိုင်းရှိ နိုင်ငံတော်တော်များများကို ဖြတ်သန်းသွားခဲ့ကြတယ်ဆိုတာ တွေ့ခဲရတယ်။ ဒါပေမယ့် ကက်စပီယန်ပင်လယ် နဲ့ ပင်လယ်နီကိုတော့ ဘာကြောင့် ရှောင်သွားကြလဲ သေချာမသိသေးဘူးလို့ ဆိုပါတယ်။

Faifa
British Birds ဆိုတဲ့ လေ့လာရေးအဖွဲ့က လင်ယုန် (၁၆) ကောင်လောက်နဲ့အခုလိုမျိုး လေ့လာရေးပြုလုပ်ခဲ့တာရှိပါတယ်။ လင်းယုန်ငှက်တွေဟာ တစ်နေ့လုံး ပျမ်မျှ (၃၅၅) ကီလိုမီတာ လောက်ခရီးသွားကြတာကို တွေ့ရှိခဲ့ကြတယ်။ တစ်နှစ်လုံး (၃၁.၅) ရာခိုင်နှုန်း ဆောင်းခိုတဲ့ ဧရိယာမှာ လှည့်လည်ကျက်စားတယ်၊ (၄၁.၉) ရာခိုင်နှုန်း က သားပေါက်တဲ့နေရာမှာရှိတယ်။ ကျန်တဲ့ (၂၆.၆) ရာခိုင်နှုန်းက နေရာပြောင်းရွေ့တာမှာ ကုန်ဆုံးတယ်ဆိုပြီး နှစ်တစ်နှစ်ကို ရှင်သန်ပုံ စစ်တမ်းတစ်ခု ပြုစုနိုင်ခဲ့ကြတယ်။
ဒီအချက်တွေနဲ့ မြေပုံကို ကြည့်ပြီး လင်းယုန်ငှက်တွေဟာ သူတို့ သက်တမ်းထက်တောင် ပိုပြီး ခရီးသွားနိုင်တဲ့ သက်ရှိတွေဆိုပြီး ကောက်ချက်ချခဲ့ကြတယ်။
Ref: Bored Panda
Matthew (ShweMOM)