
လူတွေဟာ မျက်စိပသာဒဖြစ်စေဖို့၊ လေကောင်းလေသန့်ရဖို့အတွက်အိမ်ထဲမှာအပင်လေးတွေ စိုက်ကြပါတယ်။အစိုက်များတဲ့အပင်တွေကတော့ ကတ်တလီယာ၊ ဗန်ဒါစတဲ့ သစ်ခွအမျိုးမျိုး၊ ဂမုန်းရွက်လှ၊ နဂါးဂမုန်း၊ မြကွက်တစ်ထောင်စတဲ့ ဂမုန်းပင်အမျိုးမျိုးနဲ့ ဝါးပင်တွေအပြင် ကျောက်စိမ်းဧကရာဇ်၊ လပ်ကီးအုန်းပင် စတာတွေကို လာဘ်အလို့ငှာအမြတ်တနိုး စိုက်ပျိုးကြပါတယ်။အခုဖော်ပြပေးမှာကတော့အပင်ချစ်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့အိမ်တွင်းအလှစိုက်အပင်အချို့ပဲ ဖြစ်ပါတယ်။
Black Succulents

powerfulmind
သူကတော့အနက်ရောင် ချစ်သူတွေ ကြိုက်နှစ်သက်မယ့် Succulent ပင်ဖြစ်ပါတယ်။ Succulent ပင်ဆိုတော့ ရေဝပ်တာ မကြိုက်လို့ ရေနည်းနည်းပဲ လောင်းပေးရပါတယ်။
Hoya Kerii

powerfulmind
အပင်ရဲ့ ပုံစံကအသဲပုံသဏ္ဍာန်ရှိလို့ သူ့ကို ချစ်သူပင်လို့လည်း ခေါ်ပါတယ်။ စိုက်ပျိုးရ လွယ်သလို ဈေးလဲသက်သာတဲ့အပင်တစ်မျိုးပါ။
Trachyandra

powerfulmind
အာဖရိကအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကနေ လာတဲ့အပင်ပါ။ ကြည့်ရတာကတော့အပင်က စပါကတ်တီခေါက်ဆွဲတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။
Rose Succulent

powerfulmind
သူလည်း ရေမကြိုက်တဲ့ cactusအနွယ်ဝင် succulentအပင်ပါပဲ။အပင်ဟာ နှင်းဆီပွင့်လေးတွေနဲ့အလားသဏ္ဍာန်တူပါတယ်။ နှင်းဆီနဲ့ မတူတဲ့အချက်က သူတို့က ပန်းပွင့်ရင်အကြာကြီး ပွင့်တတ်တဲ့အပြင် ထိန်းသိမ်းရတာလည်း လွယ်ကူပါတယ်။
Crassula Umbella

powerfulmind
အပင်ဟာ ဝိုင်ခွက်သဏ္ဍာန်ရှိပြီးအပွင့်ပွင့်တဲ့အခါ (၆) လက်မအထိ ရှိနိုင်ပါတယ်။အပင်ရဲ့ ထူးခြားချက်က ထီးလေးတွေကို ဇောက်ထိုးလှန်ထားသလိုပဲ တွေ့မြင်ရတာ ဖြစ်ပါတယ်။
Marimo Moss Balls

powerfulmind
ဒီရေညှိလုံးလေးတွေကို ကြည့်လိုက်ရင် ဈေးပေါတဲ့အပင်တုလေးတွေလိုပါပဲ။ တောထဲမှာတော့ မြစ်ဘေးတစ်လျှောက် လှိမ့်ကာ သွားရင်း သူ့သဘာဝနဲ့သူအလုံးလေးတွေ ဖြစ်လာတဲ့အပင်ပါ။ ဒီအပင်လေးတွေကို ကံကောင်းစေတဲ့အပင်လေးတွေအဖြစ် မှတ်ယူကြပါတယ်။
Living Stones

powerfulmind
ကျောက်တုံးလေးတွေမခြား ထင်ရတဲ့အပင်လေးတွေဟာ succulent မျိုးအပင်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့က တောင်အာဖရိက သဲကန္တာရထဲက လာတာပါ။အပူကြိုက်၊ သဲကြိုက်တဲ့အပင်လေးတွေဖြစ်ပြီး ရေနည်းနည်းနဲ့အသက်ရှင်နိုင်ပါတယ်။
Fishbone Cactus

powerfulmind
အပင်လေးကတော့ နာမည်အတိုင်းပဲ ငါးရိုးသဏ္ဍာန်ရှိပါတယ်။ သူ့ကို Ric Rac သို့မဟုတ် Zigzag cactus လို့လည်း သိကြပါတယ်။ သူကအပျင်းကြီးတဲ့အပင်ချစ်သူတွေအတွက်တော့အကောင်းဆုံးပါ။ ဒီအတိုင်း ပစ်ထားလည်း ရှင်သန်နိုင်တဲ့အပင်ဖြစ်ပြီး ပန်းပွင့်တဲ့အခါအရမ်းလှတဲ့ ပန်းရောင်အပွင့်လေးတွေ ပွင့်ပါတယ်။
လင်းလင်း (ShweMom)
Ref: powerfulmind