IELTS စာမေးပွဲ နှစ်စဉ်အကြိမ်ရေ (၃.၅)သန်းတိုင် တိုးတက်လာပြီ
edge.com.mm
|
2019-03-25

နိုင်ငံတကာအသွင်ဆောင်လာသောအဆင့်မြင့်ပညာရေးနှင့် နိုင်ငံတကာ လုပ်သားအင်အားစုများ ပိုမို ပြောင်းရွှေ့လာမှုများမှက နိုင်ငံတကာအခြေချ ပြောင်းရွှေ့နေထိုင်မှုနှင့်အဆင့်မြင့် ပညာရေးအတွက် ကမ္ဘာ့ ထိပ်တန်း ဖြစ်သည့် IELTS စာမေးပွဲလိုအပ်ချက်ကို ဆက်လက်တွန်းအားပေးလျှက်ရှိပါသည်။ (၂၀၁၈) ခုနှစ်တွင် IELTS စာမေးပွဲအကြိမ်ရေ(၃.၅)သန်း တိုင်အောင် စံချိန်တင် တိုးတက်ခဲ့ပါသည်။

နိုင်ငံတကာအဆင့်မြင့်ပညာရေးတွင် IELTS က ဦးဆောင်ကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။

အင်္ဂလိပ်ဘာသ စကားသုံးသည့် ဩစတြေးလျနှင့် ယူကေ ရှိတက္ကသိုလ်အားလုံး၊ ယူအက်စ်အေ မှကျောင်းပေါင်း (၃၄၀၀)နှင့်အခြားနိုင်ငံများမှ ရာချီသည့်ကျောင်း၊အဖွဲ့အစည်းများမှ IELTSကို တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့် စာမေးပွဲအဖြစ်အသိအမှတ်ပြုထားကြသည်။ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ယူကေ နိုင်ငံများ၌ဗီဇာနှင့် နိုင်ငံသားအဖြစ် လျှောက်ထားရေးတွင်အသုံးအများဆုံး စာမေးပွဲ လည်းဖြစ်ပါသည်။

(၁၉၈၉) ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး IELTS ကိုအဆင့်မြင့်ပညာရေး၊အစိုးရဌာန၊ ကျန်းမာရေးဌာနများ၊အလုပ်ရှင်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးစေနိုင်ရန် လုံခြုံစိတ်ချ၊အားထားရသည့် စစ်ဆေးရေး စနစ်တစ်ရပ် ပေါင်းစပ်ဖော်ဆောင်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သုတေသန လုပ်ဆောင်ပေးထားသည့် စာမေးပွဲများဖြင့် ကမ္ဘာတစ်ဝှမ်း ဂုဏ်သတင်းပျံ့လှိုင်ခဲ့ပြီ ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာစကားကို သိရှိနားလည်ရုံ မဟုတ်ပဲ တစ်ကယ့်လောက ဖြစ်ရပ်အခြေအနေ မျိုးစုံတွင်လည်းကောင်း၊အင်္ဂလိပ်ဘာသာစကား သုံးစွဲသည့် နိုင်ငံများတွင်အဆင့်မြင့်ပညာရေး၊ လုပ်ငန်းခွင်နှင့်နေ့စဉ်ဘဝတို့တွင်အောင်မြင်ရန် လိုအပ်သည့် ဘာသာစကားကို ထိထိရောက်ရောက်အသုံးပြုနိုင်သည့် ကျွမ်းကျင်မှုကို လည်းကောင်း IELTS စာမေးပွဲဖြင့် သက်သေ ထူနိုင်ပါသည်။

အလားတူစွာပင် ကမ္ဘာနှင့်အဝှမ်း နိုင်ငံ/နယ်ပယ် (၁၄၀) ကျော်ရှိ စာမေးပွဲဌာန(၁၂၀၀)တို့တွင် IELTS စာမေးပွဲများ ဖြေဆိုနိုင်ခြင်းသည်လည်းအရေးပါသည့်အချက်တစ်ချက်ဖြစ်ပါသည်။

ယမန်နှစ်က ကမ္ဘာအနှံ့ ကွန်ပျူတာအခြေပြု IELTS ကို စတင်မိတ်ဆက် ကျင်းပပေးခဲ့ခြင်းကလည်း စာမေးပွဲဖြေဆိုနိုင်မှုအရေအတွက် တိုးတက်စေခဲ့ပါသည်။

ဗြိတိသျှကောင်စီ IELTS ဌာနမှူး James Shipton မှ "မနှစ်က IELTS စာမေးပွဲအကြိမ်ပေါင်း (၃.၅)သန်း ဖြေဆိုခဲ့တယ် ဆိုတာဟာ ကမ္ဘာတစ်ဝှမ်းက မိမိတို့ရဲ့ မိတ်ဖက်၊ စာမေးပွဲဖြေဆိုသူများမှ IELTSအပေါ်တန်ဖိုးထားမှု၊ ယုံကြည်မှုတို့ကို သက်သေထူလိုက်ခြင်းဖြစ်ပါတယ်။

လူအများရဲ့ မျှော်မှန်းချက် ပြည့်ဝစေရေးကို IELTS မှအခွင့်အလမ်းတွေ ဖန်တီးပေးလျှက်ရှိပြီး ဒီလို ဖြေဆိုမှုကြိမ်နှုန်းများရဲ့ နောက်ကွယ်မှာ မိမိတို့ တက်ရောက်လိုတဲ့ တက္ကသိုလ်ကို ဝင်ရောက်နိုင်သူ၊ တစ်သက်တာ လုပ်ဆောင် မယ့် လုပ်ငန်းတွေကိုအရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်လုပ်နိုင်သူ၊ နိုင်ငံသစ်တစ်ခုဆီ ပြောင်းရွှေ့နေထိုင်ဖို့အိပ်မက်ကိုအကောင်အထည်ဖော်သူ တစ်ဦးချင်းရဲ့ ဇာတ်လမ်းတွေ ရှိနေပါတယ်"ဟု ပြောကြားပါ သည်။

IELTS ကို ဗြိတိသျှကောင်စီ၊ IDP: IELTS သြစတြေးလျနှင့် ကမ်းဘရစ်အင်္ဂလိပ်စာစစ်အဖွဲ့ (Cambridge Assessment English) တို့မှပူးတွဲပိုင်ဆိုင် လုပ်ဆောင်လျှက်ရှိပါသည်။


International English Language Testing System (IELTS)

IELTSသည် နိုင်ငံတကာအင်္ဂလိပ်ဘာသာစစ်ဆေးရေးစနစ် ဖြစ်ပြီးအဆင့်မြင့်ပညာရေးနှင့် ကမ္ဘာတစ်ဝှန်း ပြောင်းရွှေ့နေထိုင်မှုအတွက် လူကြိုက်အများဆုံး၊ ယမန်နှစ်ကအကြိမ်(၃.၅)သန်းတိုင် ကျင်းပခဲ့သည့်အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု စစ်ဆေးရေးစာမေးပွဲဖြစ်ပါသည်။

အဖွဲ့အစည်းပေါင်း (၁၀၀၀၀)ကျော်မှ IELTSအား ပညာရေး၊ ပြောင်းရွှေ့နေထိုင်ရေး၊ လုပ်ငန်းခွင် ကျွမ်းကျင်မှု သတ်မှတ်ရေးတို့တွင် လက်တွေ့ဘ၀အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ရေး ကျွမ်းကျင်မှုကို ဖော်ညွှန်းနိုင် သည့် လုံခြုံ၊ စိတ်ချ၊အားထားရသည့် စာမေးပွဲတစ်ရပ်အဖြစ် ယုံကြည် လက်ခံထားကြပါသည်။

IELTS ကို ဗြိတိသျှကောင်စီ၊ IDP: IELTS Australia နဲ့ Cambridge Assessment English တို့မှပူးတွဲပိုင်ဆိုင် လုပ်ဆောင်လျှက်ရှိပါသည်။

ဗြိတိသျှကောင်စီသည် ယဉ်ကျေးမှု ဆက်သွယ်ရေး၊ ပညာရေးအခွင့်အလမ်းများအတွက် UK မှ နိုင်ငံတကာအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး နိုင်ငံပေါင်း(၁၀၀)ကျော် ဌာနပေါင်း(၈၀၀)ကျော်တွင် စာမေးပွဲ ကျင်းပပေးလျှက်ရှိပါသည်။


စာမေးပွဲအကြောင်း

ဖြေဆိုသူများ၏အကြားစွမ်းရည်၊အဖတ်စွမ်းရည်၊အရေးစွမ်းရည်၊အပြောစွမ်းရည် ကျွမ်းကျင်မှုကို တိုင်းတာစစ်ဆေးပါသည်။ စာမေးပွဲအားလုံးကို ၁ (စကားအသုံးမပြုနိုင်သူ)မှ ၉ (ကျွမ်းကျင်စွာအသုံးပြုနိုင်သူ) ဟူ၍အဆင့်ဆင့် သတ်မှတ်သည့် စနစ်ဖြင့်အမှတ်ပေးပါသည်။

IELTS မှ ပညာရေးနှင့် ပညာရေးမဟုတ်သည့် ရည်ရွယ်ချက်နှစ်ရပ်ဖြင့် စာမေးပွဲနှစ်မျိုး ရွေးချယ်ခွင့် ပေးထားပါသည်။ Academic IELTS မှအဆင့်မြင့် ပညာသင်ကြားရေးဝန်းကျင်အတွက် လိုအပ်သည့်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို တိုင်းတာပေးပြီး ဘာသာရပ်မတူသည့် ဖြေဆိုသူအားလုံး လက်လှမ်းမီနိုင်သည့် မေးခွန်းများ စာများကို ပေးထားပါသည်။

General Trainingအတွက် IELTS မှ နေ့စဉ်အနေအထားအတွက်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို လက်တွေ့ကျကျ တိုင်းတာစစ်ဆေးပေးပါသည်။ မေးခွန်းနှင့်စာသားကအလုပ်ခွင်နှင့် လူမှုရေးအနေအထား နှစ်ရပ်လုံး ကို ထင်ဟပ်ပြီး သြစတြေလျ၊ ကနေဒါ၊ နယူးဇီလန်၊ ယူကေ နှင့်အိုင်ယာလန်နိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ရန် ရည်သန်သူများအတွက် သင့်တော်ပါသည်။

IELTS စာမေးပွဲအားအသိအမှတ်ပြုသူ၊ IELTS ရလဒ်များတောင်းဆိုသူတွင်အောက်ပါအဖွဲ့အစည်းများအပါအဝင်အစိုးရနှင့် လုပ်ငန်းအဖွဲ့အစည်းများစွာပါဝင်ပါသည်။

- ကနေဒါလူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နှင့် နိုင်ငံသားဖြစ်မှု (IRCC)

- ပြည်ထဲရေးဌာန(သြစတြေးလျ)

- UK ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး

- နိုင်ငံခြားသားသူနာပြုကျောင်းဆင်းကော်မရှင်နှင့် နိုင်ငံတော်သူနာပြုဘုတ်အဖွဲ့ (USA)

- နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့


ဗြိတိသျှကောင်စီအကြောင်း

ဗြိတိသျှကောင်စီသည် ယဉ်ကျေးမှုဆက်ဆံရေးများနှင့် ပညာရေးအခွင့်အလမ်းများအတွက် ယူကေ၏ နိုင်ငံတကာအဖွဲ့အစည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယူကေနှင့်အခြားသော နိုင်ငံများ၏ ပြည်သူများအကြား ရင်းနှီး ပွင့်လင်းသော ပညာဗဟုသုတနှင့် နားလည်မှုကို ဖန်တီးဖော်ဆောင်ပါသည်။

ဤသို့ဖော်ဆောင်ရန် ယူကေနှင့် ကျွန်ုပ်တို့အခြေစိုက်လုပ်ကိုင်သော နိုင်ငံများအတွက်အပြုသဘောဆောင်သော ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခြင်း -အခွင့်အလမ်းများ ဖန်တီးပေး၍ လူ့ဘဝများကို ပြောင်းလဲစေခြင်း၊ ပူးပေါင်း ချိတ်ဆက်မှုများကို တည်ဆောက်ခြင်း၊ ယုံကြည်မှုများ တည်ဆောက်ခြင်း - စသည်တို့ကို ပြုလုပ်ပါသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင်အနုပညာနှင့် ယဉ်ကျေးမှု၊အင်္ဂလိပ်ဘာသာ၊ ပညာရေးနှင့် လူမှုရေးရာများ စသည့်နယ်ပယ်များ၌ လုပ်ကိုင်လျှက်ရှိပါသည်။

ယခင်နှစ်အတွင်း ပြည်သူပေါင်း ၇၅ သန်းကျော်နှင့် တိုက်ရိုက်ထိတွေ့လုပ်ကိုင်ခဲ့ပြီးအွန်လိုင်း၊ ရုပ်သံထုတ်လွှင့်ခြင်းနှင့် ပုံနှိပ်ခြင်းများမှ တဆင့် ပြည်သူပေါင်း ၇၅၈ သန်း နှင့် ထိတွေ့ခဲ့ပါသည်။

၁၉၃၄ ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့ပြီး ကျွနု်ပ်တို့သည် ယူကေ၏အများပိုင်အဖွဲ့အစည်း တစ်ခုနှင့် Royal Charter တို့၏အုပ်ချူပ်မှုအောက်ရှိ ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။





Some text some message..