ရှိမှန်းတောင် သတိမထားမိခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံငယ်လေး (၅) နိုင်ငံ
shwemom.com
|
2019-03-25

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ဘယ်နိုင်ငံရှိလဲ သင်သိပါသလား။ တိတိကျကျပြောရရင်တော့ ၁၉၅ နိုင်ငံရှိပါတယ်။ ၁၉၃ နိုင်ငံဟာ United Nations ထဲမှာ ပါဝင်ပြီး ကျန်တဲ့ ၂ နိုင်ငံကတော့ Holy See နဲ့ ပါလက်စတိုင်းဒေသအတွင်း တည်ရှိလို့နေပြီး သီးသန့်ပုံစံအဖြစ် တည်ရှိနေပါတယ်။ သို့ပေမယ့် ဒီ ၁၉၅ နိုင်ငံအတွင်း ထိုင်ဝမ်ကျွန်း၊ New Zealand ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ The Cooks ကျွန်းနဲ့ Niiue ဒေသတို့တော့ မပါဝင်ပါဘူး။ ၁၉၅ နိုင်ငံအတွင်းအာဖရိကတိုက်မှာပဲ ၅၄ နိုင်ငံ၊အာရှမှာ ၄၈ နိုင်ငံ၊ Europe မှာ ၄၄ နိုင်ငံ၊ လက်တင်အမေရိကနဲ့ Caribbean တို့မှာ ၃၃ နိုင်ငံ၊ ပင်လယ်ကျွန်းပေါ်နိုင်ငံပေါင်းက ၁၄ နိုင်ငံနဲ့ မြောက်အမေရိကမှာ ၂ နိုင်ငံတို့ရှိပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံထဲကမှ လူသိပ်မသိသေးတဲ့ နိုင်ငံငယ်လေး ၅ နိုင်ငံအကြောင်းကို ဖော်ပြပေးသွားမှာပါ။

(၁) São Tomé and Príncipe


ကျွန်းလေး ၂ ကျွန်းတည်းနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးကတော့အာဖရိကအနောက်ဖက်ကမ်းရိုးတန်းမှာ တည်ရှိနေပါတယ်။ စတုရန်းမိုင် ၃၇၂ မိုင်သာ ရှိပေမယ့် ခရီးသွားနည်းပြီး ပြင်ပနိုင်ငံတွေအနေနဲ့ သိပ်သတိမထားမိတာကြောင့် ကျွန်းရဲ့မြေနေရာသဘာဝအလှအပများ မပျက်စီးဘဲ ရှိနေဆဲပါပဲ။ ကျွန်းပေါ်က Peco Gao Grande ဆိုတဲ့ မီးတောင်ကြီးဟာ ကောင်းကင်ထက်ဆီကို ပေ ၁,၀၀၀ နီးနီးထိုးထွက်ကာ ဟီးဟီးကြီး တည်ရှိနေပါတယ်။ ကျွန်းတွေဟာ သေးတဲ့အတွက်ကြောင့် လက်ရှိနေထိုင်သူလူဦးရေအနေနဲ့ ၂ သိန်းခန့်သာ ရှိပြီး Príncipe ကျွန်းဘက်မှာတော့ ၁ သောင်းသောလူများသာ နေထိုင်ကြပါတယ်။


DrimaFilm/Shutterstock

(၂) San Marino


စတုရန်းမိုင်ပေါင်း ၂၃ မိုင်သာ ရှိတဲ့ ဒီနိုင်ငံလေးမှာတော့ လူပေါင်း ၃၄,၀၀၀ သာ aနထိုင်ကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် နံပါတ် ၅ နေရာမှာ တည်ရှိနေတာပါ။ နိုင်ငံရဲ့ Titano တောင်နဲ့ ခံတပ်ကြီး ၃ ခုကိုတော့ UNESCO မှအသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။အီတလီနိုင်ငံရဲ့ Florence မြို့ကနေ နေ့ချင်းပြန်သွားလည်နိုင်ပြီး Adriatic ပင်လယ်ရဲ့အနီးမှာ ရှိနေပါတယ်။


Vladimir Sazonov/shutterstock

(၃) Vatican City


Vatican City လို့ နာမည်ရပေမယ့် မြို့မဟုတ်ဘဲ နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ပါတယ်။ New York မြို့အကျယ်အဝန်းရဲ့ ၈ ဆလောက်သာ ကျယ်ဝန်းပြီး လူနေအိမ်ပေါင်း ၁ ထောင်လောက်သာ တည်ရှိပါတယ်။ ဘာသာရေးဆိုင်ရာနိုင်ငံလေးတစ်နိုင်ငံဖြစ်ပြီး ပုပ်ရဟန်းမင်းနေထိုင်ရာနေရာလည်းဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးနဲ့အခမ်းနားဆုံး ဘုရားကျောင်းတွေထဲ တစ်ကျောင်းအပါအဝင်ဖြစ်တဲ့ St. Peter’s Basilica ဘုရားကျောင်းကြီးရှိပါတယ်။အီတလီကနေတစ်ဆင့်ခံပြီး သွားလည်နိုင်ပါတယ်။


Adrian Flory/Shutterstock

(၄) Tonga


Tonga ကတော့ ပစိဖိတ်တောင်ပိုင်းမှာ တည်ရှိနေတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ စတုရန်းမိုင် ၂၇၇ မိုင်သာ ရှိပြီး Fijiအနီးက ကျွန်းသေးလေးတွေ စုပေါင်းထားတဲ့နိုင်ငံပါ။ လူဦးရေ ၁၀၆,၀၀၀ သာ ရှိပြီး ခရီးသွားတွေကို ဖော်ရွေစွာကြိုဆိုလျက်ရှိတဲ့ နိုင်ငံလေးဖြစ်ပါတယ်။







(၅) Slovenia


ဥရောပအလယ်ပိုင်းမှာ ရှိနေတဲ့ နိုင်ငံငယ်လေးကတော့ ၁၉၉၁ ခုနှစ်မှ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။အပေါ်မှာ ဖော်ပြသွားခဲ့တဲ့ နိုင်ငံတွေထဲအကြီးဆုံးနိုင်ငံဖြစ်ပေမယ့် ကမ္ဘာ့အသေးဆုံးနိုင်ငံစာရင်းမှာတော့ နံပါတ် ၄၅ နေရာမှာ ရှိနေပါတယ်။ ဒီနိုင်ငံရဲ့နာမည်ကိုတောင် လူအယောက် ၁၀၀ မှာ ၉၀ လောက်ဟာ လုံးဝမကြားဖူးကြပါဘူး။ နှင်းတောင်ဖွေးဖွေးတွေ၊ ကြည်ပြာလဲ့နေတဲ့ မြစ်တွေနဲ့ ခမ်းနားလှတဲ့ ရဲတိုက်အဆောက်အဦးတွေကြောင့် ပုံပြင်ထဲက မင်းသားလေးရဲ့ တိုင်းပြည်လို့တောင် ခံစားစေရမှာပါ။


Georgios Tsichlis/Shutterstock


Source: Readers Digest


Penny




Some text some message..